ကမ္ဘာကုန်ဆုံးချိန်တွင်လည်း ထိုသို့ပင် ဖြစ်လိမ့်မည်။ ကောင်းကင်တမန်များသည် လာ၍ ဆိုးသွမ်းသူတို့ကို ဖြောင့်မတ်သူများထံမှ ခွဲထားကြမည်။
မဿဲ 25:32 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ လူမျိုးအပေါင်းတို့သည် သူ၏ရှေ့တော်၌ စုရုံးကြလိမ့်မည်။ ထို့နောက် သိုးထိန်းသည် သိုးနှင့် ဆိတ်တို့ကို သီးခြားခွဲထားသကဲ့သို့ လူသားသည် လူတို့ကို သီးခြားခွဲထားလိမ့်မည်။ Common Language Bible ထိုအခါလူမျိုးအပေါင်းတို့သည်ရှေ့တော်တွင် စုရုံးရကြလိမ့်မည်။ သိုးထိန်းသည်သိုးနှင့်ဆိတ် တို့ကိုတခြားစီခွဲထုတ်သကဲ့သို့လူသားသည် လည်းလူတို့အားနှစ်စုခွဲထုတ်တော်မူပြီးလျှင်၊- Garrad Bible ဘုန်း တော် ဆိုင် ရာ ပ လ္လင် ပေါ် တွင် စံ၍ လူ မျိုး ခပ် သိမ်း ကို ရှေ့ တော် တွင် စု ရုံး စေ ပြီး လျှင် သိုး နှင့် ဆိတ် များ ကို ထိန်း ကျောင်း သူ ခွဲ ခြား သည့် နည်း တူ ခွဲ ခြား လျက်၊ Judson Bible ရှေ့တော်၌ လူမျိုးအပေါင်းတို့ကို စုဝေးစေသဖြင့်၊ သိုးထိန်းသည် သိုးနှင့် ဆိတ်တို့ကို တခြားစီခွဲထားသကဲ့သို့၊ လူအပေါင်းတို့ကို အသီးအခြားခွဲ၍၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ လူမျိုးအပေါင်းတို့ကို ရှေ့တော်၌ စုဝေးစေကြလိမ့်မည်။ ထို့နောက် သိုးထိန်းသည် သိုးတို့ကို ဆိတ်တို့နှင့် သီးခြားခွဲထားသကဲ့သို့ ကိုယ်တော်သည် သူတို့ကို တစ်ဦးနှင့်တစ်ဦး သီးခြားခွဲထားကာ မြန်မာ ရှေ့တော်၌ လူမျိုးအပေါင်းတို့ကို စုဝေးစေသဖြင့်၊ သိုးထိန်းသည် သိုးနှင့် ဆိတ်တို့ကို တခြားစီခွဲထားသကဲ့သို့၊ လူအပေါင်းတို့ကို အသီးအခြားခွဲ၍၊- |
ကမ္ဘာကုန်ဆုံးချိန်တွင်လည်း ထိုသို့ပင် ဖြစ်လိမ့်မည်။ ကောင်းကင်တမန်များသည် လာ၍ ဆိုးသွမ်းသူတို့ကို ဖြောင့်မတ်သူများထံမှ ခွဲထားကြမည်။
ထို့ကြောင့် သင်တို့သွား၍ လူမျိုးအပေါင်းတို့ကို ငါ့တပည့် ဖြစ်စေကြလော့။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့၏အမည်နာမ၌ သူတို့ကို နှစ်ခြင်းမင်္ဂလာပေးကြလော့။
ထိုအရှင်သည် မိမိ၏ဆန်ကောဖြင့် ဂျုံစပါးထဲမှအဖျင်းကို လှေ့ရန် အသင့်ရှိတော်မူပြီ။ ထို့နောက် ကောက်နယ်တလင်းကို ရှင်းလင်း၍ ဂျုံစပါးကို ကျီတွင် စုသိမ်းကာ အဖျင်းကိုမူ မငြိမ်းနိုင်သောမီးနှင့် ရှို့တော်မူလိမ့်မည်” ဟု ဆိုလေ၏။
ငါသည် သိုးထိန်းကောင်းဖြစ်၏။ ခမည်းတော်သည် ငါ့ကို သိတော်မူ၍ ငါသည်လည်း ခမည်းတော်ကို သိ၏။ ထိုကဲ့သို့ပင် ငါ့သိုးတို့ကို ငါသိ၍ ငါ့သိုးတို့သည်လည်း ငါ့ကို သိကြ၏။ ငါသည် ထိုသိုးတို့အတွက် အသက်ကို စွန့်၏။
ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုလည်း ငါသိ၏။
လူမျိုးခြားတို့သည် ဘုရားသခင်၏ပညတ်တရားကို မသိဘဲ အပြစ်ကျူးလွန်ပါက ပညတ်တရားမပါဘဲ ဖျက်ဆီးခြင်းခံရလိမ့်မည်။ ပညတ်တရားကို သိသော ဂျူးလူမျိုးတို့သည် အပြစ်ကျူးလွန်ပါက ထိုပညတ်တရားအတိုင်း အပြစ်စီရင်ခြင်းခံရလိမ့်မည်။
ကျွန်ုပ်ဟောပြောသော သတင်းကောင်းအရ လူအပေါင်းတို့၏ လျှို့ဝှက်သောအကြံအစည်တို့ကို ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်စီရင်တော်မူသောနေ့၌ အထက်တွင် ဖော်ပြသည့်အတိုင်း ဖြစ်ပျက်လိမ့်မည်။
ထို့ကြောင့် သခင်ဘုရား ပြန်လည်ကြွလာတော်မမူမီ မည်သူ့ကိုမျှ ကြိုတင်၍ မစီရင်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အမှောင်၌ ဝှက်ထားသောအရာများကို ကိုယ်တော်သည် အလင်းသို့ ယူလာ၍ ကျွန်ုပ်တို့၏ အတွင်းစိတ် အကြံအစည်များကို ဖော်ထုတ်မည်ဖြစ်သောကြောင့်ဖြစ်၏။ ထို့နောက်တွင်မူ ဘုရားသခင်သည် လူအသီးသီးတို့ကို ချီးမွမ်းတော်မူလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့အားလုံးသည် ကိုယ်ခန္ဓာ၌ ရှိစဉ် ပြုကျင့်ခဲ့သည့် ကောင်းသောအမှုအတွက်ဖြစ်စေ၊ မကောင်းသောအမှုအတွက်ဖြစ်စေ ထိုက်သင့်ရာအကျိုးအပြစ် အသီးသီးကို ခံစားရန် ခရစ်တော်၏ တရားပလ္လင်ရှေ့မှောက်သို့ ရောက်ရှိလာကြရမည်ဖြစ်သောကြောင့်ဖြစ်၏။