ထို့ကြောင့် မြေရှင်သည် ယခင်ထက်ပို၍များသော အစေခံများကို စေလွှတ်လေ၏။ သို့သော်လည်း စပျစ်ခြံလုပ်သားများက သူတို့ကို ယခင်အတိုင်း ပြုမူကြ၏။
မဿဲ 22:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း နောက်တစ်ဖန် သူသည် အခြားအစေအပါးတို့ကို စေလွှတ်၍ ‘ဧည့်ခံပွဲကို ငါပြင်ဆင်ထားပြီ။ နွားများနှင့် ဆူဖြိုးသောနွားကလေးများကိုလည်း သတ်ထားပြီ။ အရာအားလုံး အဆင်သင့်ဖြစ်ပြီ။ မင်္ဂလာဧည့်ခံပွဲသို့ လာကြပါဟူ၍ ဖိတ်ခေါ်ခံထားရသောသူများအား ပြောကြလော့’ ဟု မှာလိုက်ပြန်၏။ Common Language Bible မင်းကြီးက `ငါ၏ညစာစားပွဲအသင့်ရှိပြီ။ နွား အစရှိသည့်ဆူဖြိုးသောတိရစ္ဆာန်များကိုလည်း သတ်ပြီးပြီ။ အားလုံးအဆင်သင့်ရှိပြီဖြစ်၍ မင်္ဂလာဆောင်ပွဲသို့ကြွရောက်ကြပါ' ဟုဖိတ် ကြားထားသူတို့အားပြောကြလော့ဟူ၍ အခြားမင်းစေတို့အားလွှတ်တော်မူ၏။- Garrad Bible အ ခြား သော မင်း စေ များ ကို လွှတ် ပြန်၍ ပွဲ တော် ပြင် ဆင် ပြီး နွား စ သော ဆူ ဖြိုး သည့် ဟင်း လျာ များ ကို စီ ရင် ပြီ။ အ ရာ ခပ် သိမ်း အ သင့် ရှိ ပြီ။ မင်္ဂ လာ ဆောင် ပွဲ သို့ လာ ရောက် ကြ ပါ ဟု ဖိတ် ထား သူ တို့ အား ကြား ပြော စေ ရန် မှာ လိုက် သော် လည်း။၊ Judson Bible တစ်ဖန် အခြားသောလုလင်တို့ကို စေလွှတ်၍ ငါ့ပွဲကို ငါပြင်ဆင်ပြီ။ နွားမှစသော ဆူဖြိုးသော တိရစ္ဆာန်များကို သတ်၍ပြီးပြီ။ အလုံးစုံတို့သည် အသင့်ရှိပြီ။ မင်္ဂလာဆောင်ပွဲသို့ လာကြပါဟု ဖိတ်ပြီးသောသူတို့အား ပြောကြဟု မှာလိုက်ပြန်၏။- မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် သူသည် အခြားသောအစေအပါးတို့အား ‘ငါ၏ဧည့်ခံပွဲကို ငါပြင်ဆင်ထားပြီ။ ငါ၏နွားလားနှင့် ဆူဖြိုးသောတိရစ္ဆာန်များကို သတ်ပြီးပြီ။ အားလုံးအဆင်သင့်ဖြစ်ပြီ။ မင်္ဂလာဆောင်ပွဲသို့ ကြွကြပါဟု ဖိတ်ခေါ်ထားသောသူတို့ကို ပြောကြလော့’ဟူ၍ မှာကြားလျက် စေလွှတ်လေ၏။ မြန်မာ တစ်ဖန် အခြားသောလုလင်တို့ကို စေလွှတ်၍ ငါ့ပွဲကို ငါပြင်ဆင်ပြီ။ နွားမှစသော ဆူဖြိုးသော တိရစ္ဆာန်များကို သတ်၍ပြီးပြီ။ အလုံးစုံတို့သည် အသင့်ရှိပြီ။ မင်္ဂလာဆောင်ပွဲသို့ လာကြပါဟု ဖိတ်ပြီးသောသူတို့အား ပြောကြဟု မှာလိုက်ပြန်၏။- |
ထို့ကြောင့် မြေရှင်သည် ယခင်ထက်ပို၍များသော အစေခံများကို စေလွှတ်လေ၏။ သို့သော်လည်း စပျစ်ခြံလုပ်သားများက သူတို့ကို ယခင်အတိုင်း ပြုမူကြ၏။
သို့သော်လည်း ဖိတ်ခေါ်ခံထားရသောသူများသည် လျစ်လျူရှု၍ တချို့သည် မိမိလယ်သို့လည်းကောင်း၊ တချို့သည် ကုန်သွယ်ရာသို့လည်းကောင်း ထွက်သွားကြ၏။
ထို့နောက် သူ၏ အစေအပါးတို့အား ‘မင်္ဂလာဧည့်ခံပွဲသည် အဆင်သင့်ဖြစ်ပြီ။ သို့သော် ဖိတ်ခေါ်ခံထားရသောသူများသည် မင်္ဂလာပွဲနှင့် မထိုက်တန်ကြပါ။
ပွဲစတင်ရန် အချိန်ရောက်သောအခါ ဖိတ်ခေါ်ခံထားရသောသူများထံ အစေအပါးတို့ကို စေလွှတ်၍ ‘လာကြလော့၊ ပွဲသည် အဆင်သင့်ဖြစ်ပါပြီ’ ဟု ပြောစေ၏။
သို့ရာတွင် သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုရရှိ၍ ဂျေရုဆလင်မြို့၊ ယုဒပြည်၊ ရှမာရိပြည်၊ ကမ္ဘာမြေအဆုံးတိုင်အောင် ငါ၏သက်သေခံများဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုအခါ ပေါလုနှင့် ဗာနဗတို့သည် ရဲရင့်စွာ ဟောပြောကြသည်မှာ “ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့ထံဦးစွာ ဟောပြောရ၏။ သို့သော် ထိုအရာကိုသင်တို့သည် ငြင်းပယ်၍ ထာဝရအသက်သည် သင်တို့နှင့်မထိုက်တန်ကြောင်း မှတ်ယူဆုံးဖြတ်သောကြောင့် ယခုကျွန်ုပ်တို့သည် လူမျိုးခြားများဆီသို့ ဦးတည်ကြ၏။
ကျွန်ုပ်တို့အားလုံးအတွက် မိမိသားတော်ရင်းကိုပင် မနှမြောဘဲ စွန့်တော်မူသော ဘုရားသခင်သည် ထိုသားတော်နှင့်တကွ ရှိသမျှအရာခပ်သိမ်းကိုလည်း ကျွန်ုပ်တို့အား မပေးဘဲ နေတော်မူမည်လော။