“သင်တို့ရှေ့တွင်ရှိသော ရွာသို့သွားကြလော့။ ရွာထဲသို့ ဝင်လျှင်ဝင်ချင်း ကြိုးချည်ထားသောမြည်းမနှင့် မြည်းကလေးကို တွေ့မြင်ရလိမ့်မည်။ မြည်းတို့ကို ကြိုးဖြေ၍ ငါ့ထံသို့ခေါ်ဆောင်လာကြလော့။
မဿဲ 21:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မြည်းနှင့်မြည်းကလေးကို ခေါ်ဆောင်လာကြ၏။ ထို့နောက် သူတို့၏အဝတ်များကို မြည်းနှင့်မြည်းကလေးပေါ်၌ ခင်းပေးကြရာ ယေရှုသည်လည်း စီးတော်မူ၏။ Common Language Bible သူတို့သည်မြည်းမနှင့်မြည်းကလေးကိုဆောင် ယူခဲ့၍ မိမိတို့၏ဝတ်လုံများကိုလွှမ်းတင်ကြ ၏။ ကိုယ်တော်သည်မြည်းကိုစီးတော်မူ၏။- Garrad Bible မြည်း မ နှင့် တ ကွ မြည်း ငယ် ကို ဆွဲ ခဲ့၍ ကျော ပေါ် မှာ ခြုံ ထည် များ ကို တင် ကြ ပြီး နောက် ကိုယ် တော် စီး တော် မူ ရာ။ Judson Bible မြည်းမနှင့် မြည်းကလေးကို ဆောင်ခဲ့၍ မြည်းကျောပေါ်မှာ မိမိတို့အဝတ်ကို တင်ကြပြီးလျှင် ကိုယ်တော်သည် စီးတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် မြည်းမနှင့်မြည်းကလေးကို ခေါ်ဆောင်လာပြီးလျှင် ထိုမြည်းတို့အပေါ်၌ အဝတ်များကိုခင်းကြရာ ကိုယ်တော်သည် ၎င်းတို့အပေါ်ထိုင်တော်မူ၏။ မြန်မာ မြည်းမနှင့် မြည်းကလေးကို ဆောင်ခဲ့၍ မြည်းကျောပေါ်မှာ မိမိတို့အဝတ်ကို တင်ကြပြီးလျှင် ကိုယ်တော်သည် စီးတော်မူ၏။- |
“သင်တို့ရှေ့တွင်ရှိသော ရွာသို့သွားကြလော့။ ရွာထဲသို့ ဝင်လျှင်ဝင်ချင်း ကြိုးချည်ထားသောမြည်းမနှင့် မြည်းကလေးကို တွေ့မြင်ရလိမ့်မည်။ မြည်းတို့ကို ကြိုးဖြေ၍ ငါ့ထံသို့ခေါ်ဆောင်လာကြလော့။
တပည့်တော်နှစ်ပါးတို့သည်လည်း ယေရှုညွှန်ကြားတော်မူသည့်အတိုင်း သွား၍ လုပ်ဆောင်ကြပြီး
အလွန်များပြားလှသောလူအုပ်ကြီးက မိမိတို့၏ အဝတ်များကို လမ်းပေါ်တွင်ဖြန့်ခင်းကြ၏။ တချို့က သစ်ကိုင်းသစ်ခက်တို့ကို ခုတ်၍ လမ်းပေါ်တွင် ဖြန့်ခင်းကြ၏။