မြွေဆိုးအမျိုးတို့… ဆိုးသွမ်းသောသင်တို့သည် ကောင်းမြတ်၍ မှန်ကန်သောစကားကို မည်သို့ ပြောဆိုနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးထဲ၌ ပြည့်နေသောအရာများကို နှုတ်ဖြင့် ထုတ်ဖော်ပြောဆိုတတ်သောကြောင့်ဖြစ်၏။
မဿဲ 12:35 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကောင်းသောသူသည် ကောင်းသောအရာများကို ကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်အတွင်းမှ ထုတ်ဖော်တတ်၏။ မကောင်းသောသူသည်လည်း မကောင်းသောအရာများကို မကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်အတွင်းမှ ထုတ်ဖော်တတ်၏။ Common Language Bible ကောင်းမြတ်သောသူသည်မိမိ၏ကောင်းမြတ်သော စိတ်နှလုံးဘဏ္ဍာတိုက်အတွင်းမှကောင်းမြတ်သော အရာကိုထုတ်ဖော်တတ်၏။ ဆိုးယုတ်သောသူသည် မိမိဆိုးယုတ်သောစိတ်နှလုံးဘဏ္ဍာတိုက်အတွင်း မှဆိုးယုတ်သောအရာများကိုထုတ်ဖော်တတ်၏။ Garrad Bible ကောင်း သော သူ သည် ကောင်း သော ကိုယ့် ဘ ဏ္ဍာ ထဲ မှ ကောင်း သော အ ရာ များ ကို ထုတ် တတ်၏။ မ ကောင်း သော သူ လည်း မ ကောင်း သော ကိုယ့် ဘ ဏ္ဍာ ထဲ မှ မ ကောင်း သော အ ရာ များ ကို ထုတ် တတ်၏။ Judson Bible ကောင်းသောသူသည် ကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်ထဲက ကောင်းသောအရာတို့ကို ထုတ်ဖော်တတ်၏။ မကောင်းသောသူသည် မကောင်းသောဘဏ္ဍာတိုက်ထဲက မကောင်းသောအရာတို့ကို ထုတ်ဖော်တတ်၏။- မြန်မာ့စံမီသမ္မာကျမ်း ကောင်းသောသူသည် ကောင်းသောအရာများကို ကောင်းသောဘဏ္ဍာတိုက်ထဲမှ ထုတ်ဖော်တတ်၏။ မကောင်းသောသူသည်လည်း မကောင်းသောအရာများကို မကောင်းသောဘဏ္ဍာတိုက်ထဲမှ ထုတ်ဖော်တတ်၏။ မြန်မာ ကောင်းသောသူသည် ကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်ထဲက ကောင်းသောအရာတို့ကို ထုတ်ဖော်တတ်၏။ မကောင်းသောသူသည် မကောင်းသောဘဏ္ဍာတိုက်ထဲက မကောင်းသောအရာတို့ကို ထုတ်ဖော်တတ်၏။- |
မြွေဆိုးအမျိုးတို့… ဆိုးသွမ်းသောသင်တို့သည် ကောင်းမြတ်၍ မှန်ကန်သောစကားကို မည်သို့ ပြောဆိုနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးထဲ၌ ပြည့်နေသောအရာများကို နှုတ်ဖြင့် ထုတ်ဖော်ပြောဆိုတတ်သောကြောင့်ဖြစ်၏။
ထိုအခါ ယေရှုက “ကောင်းကင်နိုင်ငံတော်တွင် တပည့်ဖြစ်လာသော ကျမ်းတတ်ဆရာသည် မိမိ၏ ဘဏ္ဍာတိုက်ထဲမှ ဥစ္စာသစ်နှင့် ဥစ္စာဟောင်းတို့ကို ထုတ်ယူလာသော အိမ်ရှင်နှင့်တူ၏” ဟု မိန့်တော်မူ၏။
ကောင်းသောအပင်သည် ကောင်းသောအသီးကို သီးတတ်၏။ မကောင်းသောအပင်သည် မကောင်းသောအသီးကို သီးတတ်၏။
ကောင်းသောသူသည် ကောင်းသောအရာများကို ကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်အတွင်းမှ ထုတ်ဖော်တတ်၏။ မကောင်းသောသူသည်လည်း မကောင်းသောအရာများကို မကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်အတွင်းမှ ထုတ်ဖော်တတ်၏။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးထဲတွင် ပြည့်နေသည့်အရာများကို နှုတ်မှပြောဆိုတတ်သောကြောင့်ဖြစ်၏။
သင်တို့၏ နှုတ်မှ ဆိုးညစ်သောစကား တစ်ခွန်းကိုမျှ မထွက်စေနှင့်။ နားထောင်သူတို့အတွက် အကျိုးရှိစေရန် အချိန်အခါကို ကြည့်၍ ကောင်းသောစကားကို အပြုသဘောနှင့် ပြောကြလော့။
ခရစ်တော်၏ တရားတော်ကို သင်တို့အထဲ၌ ပြည့်ပြည့်ဝဝတည်စေကြလော့။ တစ်ဦးကိုတစ်ဦး ဉာဏ်ပညာအမျိုးမျိုးဖြင့် သွန်သင်၍ သတိပေးဆုံးမကြလော့။ ကျေးဇူးတင်သောစိတ်နှင့် ဆာလံသီချင်းများ၊ ဓမ္မသီချင်းများ၊ ဝိညာဉ်ရေးရာသီချင်းများကို ဘုရားသခင်ထံ လှိုက်လှိုက်လှဲလှဲသီဆိုကြလော့။
လူတိုင်းကို မှန်ကန်သင့်လျော်စွာ တုံ့ပြန်ပြောဆိုနိုင်ရန် သင်တို့ပြောသောစကားသည် နားဝင်ချိုပြီး နှစ်လိုဖွယ်ဖြစ်ပါစေ။