သူ၏ လက်ယာလက်ဖြင့် ကြယ်ခုနစ်လုံးကို ကိုင်ဆောင်၍ သူ၏ ခံတွင်းထဲမှ ထက်သောသန်လျက်ထွက်လာ၏။ သူ၏မျက်နှာသည် အရှိန်ပြင်းစွာ ထွန်းတောက်သောနေကဲ့သို့ဖြစ်၏။
ဗျာဒိတ် 19:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကြွင်းကျန်သောသူတို့သည် မြင်းစီးတော်မူသောသူ၏ ခံတွင်းမှ ထွက်သောသန်လျက်နှင့် သတ်ဖြတ်ခံရပြီး ငှက်အပေါင်းတို့သည် ထိုသူတို့၏အသားကို ဝလင်စွာ စားကြ၏။ Common Language Bible ကြွင်းကျန်သောသူတို့သည်ကားမြင်းဖြူကို စီးတော်မူသောအရှင်၏ခံတွင်းမှထွက်လာ သောသန်လျက်ဖြင့်ကွပ်မျက်ခြင်းကိုခံရ ကြ၏။ ငှက်အပေါင်းတို့သည်သူတို့၏အသား ကိုဝစွာစားကြ၏။ Garrad Bible ကြွင်း သူ တို့ ကို မြင်း စီး သော အ ရှင့် ခံ တွင်း တော် ထွက် သန် လျက် နှင့် ကွပ် မျက် သ ဖြင့် ချင်း တို့ အ သား နှင့် ငှက် အ ပေါင်း ပြည့် ဝ သည် ကို ငါ မြင် ရ ၏။ Judson Bible ကြွင်းသောသူတို့သည်၊ မြင်းစီးတော်မူသော သူ၏ ခံတွင်းတော်ထဲက ထွက်သော သန်လျက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ သူတို့၏ အသားကို ငှက်အပေါင်းတို့သည် ဝစွာစားရကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ကြွင်းကျန်သောသူတို့မူကား မြင်းစီးသောသူ၏ခံတွင်းမှထွက်သောသန်လျက်ဖြင့် သတ်ဖြတ်ခြင်းခံရပြီး ငှက်အပေါင်းတို့သည် သူတို့၏အသားကို ဝလင်စွာစားရကြ၏။ |
သူ၏ လက်ယာလက်ဖြင့် ကြယ်ခုနစ်လုံးကို ကိုင်ဆောင်၍ သူ၏ ခံတွင်းထဲမှ ထက်သောသန်လျက်ထွက်လာ၏။ သူ၏မျက်နှာသည် အရှိန်ပြင်းစွာ ထွန်းတောက်သောနေကဲ့သို့ဖြစ်၏။
သင်မြင်ရသော ဦးချိုဆယ်ချောင်းနှင့် အနီရောင်သားရဲသည် ထိုပြည့်တန်ဆာကို မုန်းကြလိမ့်မည်။ သူ၌ ရှိသမျှအရာကို ဖျက်ဆီး၍ အဝတ်ဗလာဖြစ်စေလိမ့်မည်။ သူ၏ အသားကိုလည်း စား၍ မီးရှို့ကြလိမ့်မည်။