ထို့နောက် တရားမဲ့သူသည် ပေါ်လာလိမ့်မည်။ သို့သော် သခင်ယေရှုကြွလာတော်မူသောအခါ ထိုတရားမဲ့သူကို နှုတ်တော်ထွက်လေဖြင့် ဖျက်ဆီး၍ ဘုန်းရောင်ခြည်ဖြင့် ပယ်ရှားတော်မူလိမ့်မည်။
ဗျာဒိတ် 19:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်ကို ဆန့်ကျင်သောလူမျိုးတို့ကို နှိမ်နင်းရန် ထက်သောသန်လျက်သည် သူ၏ခံတွင်းမှ ထွက်၏။ သူသည် ထိုသူတို့ကို သံလှံတံဖြင့် အုပ်စိုးတော်မူလိမ့်မည်။ သူသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ ကြီးမားသောအမျက်တော်ဟူသော စပျစ်သီးနယ်ရာကျင်းကို နင်းတော်မူလိမ့်မည်။ Common Language Bible လူမျိုးတကာတို့ကိုနှိမ်နင်းရန်အတွက်ကိုယ် တော်၏ခံတွင်းမှထက်သောသန်လျက်ထွက်၏။ ကိုယ်တော်သည်ထိုသူတို့ကိုသံလှံတံဖြင့် အုပ်စိုးတော်မူလိမ့်မည်။ အနန္တတန်ခိုးရှင်ဘုရား သခင်၏အမျက်တော်တည်းဟူသောစပျစ် သီးနယ်ရာကျင်းတွင်စပျစ်ရည်များကို နင်းတော်မူလိမ့်မည်။- Garrad Bible လူ အ မျိုး မျိုး တို့ ကို ဒဏ် ခတ် ရန် ခံ တွင်း တော် မှ ထက် သော သံ လျက် ထွက် သည့် အ လျောက် သံ လှံ တံ နှင့် အုပ် စိုး၍ အ န န္တ တန် ခိုး ရှင် ဘု ရား သ ခင့် အ မျက် တော် စ ပျစ် ရည် အ ရှိန် ကျင်း ကို ဖိ နင်း တော် မူ၏။ Judson Bible လူမျိုးတို့ကို ဒဏ်ခတ်စရာဖို့၊ ထက်သော သန်လျက်သည် ခံတွင်းတော်ထဲက ထွက်၏။ သူတို့ကို သံလှံတံနှင့် အုပ်စိုးတော်မူမည်။ အနန္တတန်ခိုးနှင့် ပြည့်စုံတော် မူသော ဘုရားသခင်၏ ဒေါသအမျက်တော်၏ စပျစ်သီးနယ်ရာ တန်ဆာကို ဖိနင်းတော်မူမည်။- မြန်မာ့စံမီသမ္မာကျမ်း လူမျိုးတကာတို့ကိုဒဏ်ခတ်ရန် ထက်သောသန်လျက်သည် သူ၏ခံတွင်းထဲမှထွက်နေ၏။ သူသည် ထိုသူတို့ကို သံလှံတံဖြင့်အုပ်ထိန်းလိမ့်မည်။ သူသည် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏အမျက်တော်ဆိုင်ရာ ပြင်းစွာသောဒေါသစပျစ်ဝိုင်၏စပျစ်သီးနယ်ရာကျင်းကို နင်းနယ်လိမ့်မည်။ |
ထို့နောက် တရားမဲ့သူသည် ပေါ်လာလိမ့်မည်။ သို့သော် သခင်ယေရှုကြွလာတော်မူသောအခါ ထိုတရားမဲ့သူကို နှုတ်တော်ထွက်လေဖြင့် ဖျက်ဆီး၍ ဘုန်းရောင်ခြည်ဖြင့် ပယ်ရှားတော်မူလိမ့်မည်။
သူ၏ လက်ယာလက်ဖြင့် ကြယ်ခုနစ်လုံးကို ကိုင်ဆောင်၍ သူ၏ ခံတွင်းထဲမှ ထက်သောသန်လျက်ထွက်လာ၏။ သူ၏မျက်နှာသည် အရှိန်ပြင်းစွာ ထွန်းတောက်သောနေကဲ့သို့ဖြစ်၏။
ထိုအမျိုးသမီးသည် လူမျိုးအပေါင်းတို့ကို သံလှံတံဖြင့် အုပ်စိုးမည့် သားယောက်ျားကို မွေးဖွား၏။ ထိုသားငယ်သည် ဘုရားသခင်ထံသို့လည်းကောင်း၊ ကိုယ်တော်၏ ရာဇပလ္လင်တော်ပေါ်သို့လည်းကောင်း ချီယူသွားခြင်းခံရ၏။
ဘုရားသခင်၏အမျက်တော်ဖလား ထဲ၌ ပြည့်လျှံစွာ လောင်းထည့်ထားသည့် အမျက်တော်စပျစ်ဝိုင်ကို သောက်ရမည်။ ထိုသူတို့သည် သန့်ရှင်းသောကောင်းကင်တမန်များနှင့် သိုးသငယ်တော်ရှေ့တွင် ကန့်နှင့်ရောသောမီးထဲ၌ ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။
ကြွင်းကျန်သောသူတို့သည် မြင်းစီးတော်မူသောသူ၏ ခံတွင်းမှ ထွက်သောသန်လျက်နှင့် သတ်ဖြတ်ခံရပြီး ငှက်အပေါင်းတို့သည် ထိုသူတို့၏အသားကို ဝလင်စွာ စားကြ၏။
ပေရဂံမြို့၌ရှိသော အသင်းတော်၏ကောင်းကင်တမန်ထံသို့ စာရေးလော့။ ထက်သောသန်လျက်ကို ကိုင်ဆောင်ထားသူက ဤသို့မိန့်တော်မူ၏။
သို့ဖြစ်၍ နောင်တရကြလော့။ နောင်တမရပါက ငါသည် သင်တို့ထံသို့ မကြာမီလာ၍ ငါ၏ခံတွင်းမှ သန်လျက်ဖြင့် သူတို့ကို တိုက်ခိုက်မည်။