အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တမန်တော်ဝတ္ထု 15:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

အဘယ်ကြောင့်ဆိုသော် ရှေးကာလ​မှစ၍ မောရှေ​၏​ပညတ်တရား​ကို ဂျူးဝတ်ပြုဆောင်များ​တွင် ဥပုသ်နေ့​တိုင်း​ဖတ်ခြင်း၊ ထို​ပညတ်တရား​ကို ဟောပြောခြင်း ရှိ​သောကြောင့်​ဖြစ်၏” ဟု ပြောဆိုလေ၏။

အခန်းကိုကြည့်ပါ။

Common Language Bible

အ​ဘယ်​ကြောင့်​ဆို​သော်​ရှေး​ကာ​လ​မှ​စ​၍ မော​ရှေ​၏​ပ​ညတ်​တ​ရား​ကို​တ​ရား​ဇ​ရပ်​များ တွင်​ဥ​ပုသ်​နေ့​တိုင်း​ဖတ်​ခြင်း၊ သူ​၏​တ​ရား​ကို ဟော​ပြော​ခြင်း​ရှိ​သော​ကြောင့်​ဖြစ်​၏'' ဟု​ဆို လေ​သည်။

အခန်းကိုကြည့်ပါ။

Garrad Bible

အ သို့ ဆို သော် ရှေး ကာ လ က စ၍ မြို့ ရွာ ခပ် သိမ်း ရှိ ဓ မ္မာ ရုံ များ တွင် မော ရှေ၏ ပ ည တ္တိ ကျမ်း ကို ဥ ပုသ် နေ့ တိုင်း ဖတ် ရွတ် ဟော ပြော သူ များ ရှိ သည် ဟု ပြော ဆို၏။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ကြောင်း​မူ​ကား၊ မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​ကို တ​ရား​ဇ​ရပ်၌ ဥ​ပုသ်​နေ့​တိုင်း ဖတ်​ရွတ်​သ​ဖြင့်၊ မော​ရှေ၏​တ​ရား​ကို ရှေး​ကာ​လ​မှ​စ၍ ခပ်​သိမ်း​သော​မြို့​တို့၌ ဟော​ပြော​လေ့​ရှိ​သည်​ဟု ယာ​ကုပ်​ပြော​ဆို၏။

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကြောင်းမူကား ရှေး​အခါ​က​ပင် မြို့​တိုင်း​၌ မောရှေ​၏​ပညတ်​တရား​ကို ဟောပြော​သော​သူ​ရှိ​၍ ထို​ကျမ်း​ကို ဥပုသ်နေ့​တိုင်း ဝတ်ပြု​စည်းဝေး​ကျောင်း​များ​တွင် ဖတ်​လေ့​ရှိ​ကြ​၏”​ဟု ဆို​လေ​၏။

အခန်းကိုကြည့်ပါ။



တမန်တော်ဝတ္ထု 15:21
6 ပူးပေါင်းရင်းမြစ်များ  

သို့သော် အာဗြဟံ​က ‘သူတို့​အား​သတိပေး​ရန် မောရှေ​နှင့် ပရောဖက်တို့​၏​ကျမ်းများ​ရှိ၏။ ထို​ကျမ်းများ​၏​သွန်သင်ချက်တို့​ကို နာယူကြပါစေ’ ဟု ပြောလေ၏။


ထို့နောက် ယေရှု​သည် မိမိ​ကြီးပြင်းခဲ့သည့် နာဇရက်မြို့​သို့​ကြွတော်မူ၏။ ဥပုသ်နေ့​ရောက်လာ​သောအခါ ဓလေ့ထုံးစံ​ရှိသည့်​အတိုင်း ဂျူးဝတ်ပြုဆောင်​သို့ သွား​၍ ကျမ်းစာ​ဖတ်​ရန် ရပ်တော်မူ၏။


ပညတ်ကျမ်း​နှင့် ပရောဖက်ကျမ်းများ​ကို ဖတ်​ပြီးနောက် ဂျူးဝတ်ပြုဆောင်မှူးများ​က “ညီအစ်ကိုတို့… သင်တို့​ထံတွင် ပရိသတ်များ​အတွက် အားပေးတိုက်တွန်း​စကား​ရှိ​ပါက​ဝေမျှပေးပါ” ဟု လူ​လွှတ်​၍ ပြောစေ၏။


ယေရှု​သည် ထို​ကယ်တင်ရှင်​ဖြစ်ကြောင်း​ကို ဂျေရုဆလင်မြို့​တွင် နေထိုင်သော​သူများ​နှင့် ထို​သူတို့​၏​အုပ်ချုပ်သူများ​သည် မသိကြ။ ဥပုသ်နေ့​တိုင်း ရွတ်ဖတ်သော ပရောဖက်တို့​၏​စကားများ​ကိုလည်း မသိ​နားမလည်ကြ။ ထို့ကြောင့် သူတို့​သည် ထို​အရှင်​ကို ပြစ်ဒဏ်ပေးခြင်း​အားဖြင့် ပရောဖက်တို့​၏​စကားများ​အတိုင်း ဖြစ်လာစေကြ၏။