ထို့နောက် ယေဟုသည် ယောရံမင်းကြီး နားနေရာယေဇရေလမြို့သို့ စစ်ရထားစီး၍သွားလေ၏။ ယုဒဘုရင်အာခဇိမင်းကြီးလည်း ယောရံမင်းကြီးကို ကြည့်ရှုရန် ရောက်နေ၏။
ထိုနောက်သူသည်မိမိ၏စစ်ရထားပေါ်သို့ တက်၍ ယေဇရေလမြို့သို့ထွက်ခွာသွားလေ သည်။ ယောရံ၏ဒဏ်ရာများမပျောက်သေး သဖြင့် ယုဒဘုရင်အာခဇိသည်သူ့ထံသို့ လာရောက်လည်ပတ်လျက်ရှိ၏။
ယော ရံ မင်း စံ နေ ရာ ယေ ဇ ရေ လ မြို့ သို့ ယု ဒ ဘု ရင် အာ ခ ဇိ မင်း အ ကြည့် အ ရှု လာ ရောက် နေ ထိုင် စဉ်၊ ယေ ဘု သည် ရ ထား စီး၍ ချီ သွား လေ ၏။
ထိုသို့ ယောရံမင်းသည် ယေဇရေလမြို့၌ ရှိနေသောကြောင့်၊ ယေဟုသည် ရထားကိုစီး၍ ထိုမြို့သို့သွား၏။ ထိုအခါ ယုဒရှင်ဘုရင်အာခဇိသည်လည်း၊ ယောရံမင်းကို ကြည့်ရှုအံ့သောငှာ ရောက်လာပြီ။
ယေဇရေလမြို့မျှော်စင်ပေါ်တွင်ရပ်လျက် ကင်းစောင့်နေသောသူသည် ယေဟုနှင့်သူ့လူအုပ်ကြီး လာနေသည်ကို မြင်လျှင် “လူအုပ်ကြီး လာနေသည်ကို အကျွန်ုပ် မြင်ပါ၏”ဟု အော်ပြောလေ၏။ ယဟောရံမင်းကြီးကလည်း “မြင်းစီးသူရဲတစ်ဦးကို လွှတ်၍ သူတို့နှင့်သွားတွေ့ပြီး ‘ငြိမ်းချမ်းပါ၏လော’ဟူ၍ မေးစေပါ”ဟု အမိန့်ပေးလိုက်၏။
ယေဇရေလမြို့၊ ယောကဒံမြို့၊ ဇာနောမြို့၊