ထိုအခါ စစ်တပ်အကြီးအကဲများအပါအဝင် လူကြီးလူငယ်အားလုံးတို့သည် ခါလဒဲလူမျိုးတို့ကိုကြောက်သဖြင့် ထ၍ အီဂျစ်ပြည်သို့ ထွက်ပြေးသွားကြလေ၏။
ထိုအခါဗာဗုလုန်အမျိုးသားတို့ကိုကြောက် သောကြောင့် ဆင်းရဲချမ်းသာသူဣသရေလအမျိုး သားအပေါင်းတို့သည် တပ်မတော်အရာရှိများ နှင့်အတူအီဂျစ်ပြည်သို့ထွက်ပြေးကြ၏။
တပ် မှူး များ မှ စ သော ပြည် သူ ပြည် သား လူ ကြီး လူ ငယ် ရှိ သ မျှ သည် ခါ လ ဒဲ လူ မျိုး ကို ကြောက် ရွံ့ သော ကြောင့် အိ ဂျစ် ပြည် သို့ ပြေး ဝင် ကြ ၏။
ထိုအခါ တပ်မှူးများနှင့် ပြည်သူပြည်သား အကြီးအငယ်အပေါင်းတို့သည် ခါလဒဲလူတို့ကို ကြောက်သောကြောင့် ထ၍ အဲဂုတ္တုပြည်သို့သွားကြ၏။
နောက်ဆုံး၌ မြို့ရိုးကျိုးပေါက်သွားပြီး ခါလဒဲစစ်သည်တို့က မြို့ကိုဝိုင်းရံထားကြသော်လည်း ရှင်ဘုရင်နှင့်တကွ စစ်သူရဲအပေါင်းတို့သည် ညအချိန်တွင် ဘုရင့်ဥယျာဉ်တော်အနီး မြို့ရိုးနှစ်ခုကြားရှိတံခါးမှထွက်၍ အရာဗလွင်ပြင်သွားရာလမ်းအတိုင်း ထွက်ပြေးကြ၏။