သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုသာလျှင် ကြောက်ရွံ့ရမည်။ သို့ပြုလျှင် ကိုယ်တော်သည် ရန်သူအပေါင်းတို့၏လက်မှ သင်တို့ကို ကယ်နုတ်တော်မူလိမ့်မည်”ဟု မိန့်တော်မူခဲ့၏။
၄ ရာ 17:38 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့နှင့် ငါဖွဲ့ခဲ့သောပဋိညာဉ်ကို မမေ့လျော့ရ။ အခြားသောဘုရားများကို မကြောက်ရွံ့ရ။ Common Language Bible သင်တို့နှင့်ငါပြုသည့်ပဋိညာဉ်တော်ကို မမေ့မလျော့ရ။- Garrad Bible အ ခြား ဘု ရား များ ကို မ ခန့် ညား ဘဲ သင် တို့ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား ကို သာ ခန့် ညား လျက် ဖွဲ့ တော် မူ ခဲ့ သော ပ ဋိ ညာဉ် ကို မ မေ့ မ လျော့ ရ။ ရန် သူ အ ပေါင်း တို့ လက် တွင်း မှ ကယ် ဆယ် တော် မူ မည် ဟူ၍ တည်း။ Judson Bible သင်တို့နှင့်ငါဖွဲ့သော ပဋိညာဉ်ကိုမမေ့လျော့ရ။ အခြားတစ်ပါးသော ဘုရားတို့ကို မရိုသေရ။ |
သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုသာလျှင် ကြောက်ရွံ့ရမည်။ သို့ပြုလျှင် ကိုယ်တော်သည် ရန်သူအပေါင်းတို့၏လက်မှ သင်တို့ကို ကယ်နုတ်တော်မူလိမ့်မည်”ဟု မိန့်တော်မူခဲ့၏။
သင်တို့နှင့် သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖွဲ့တော်မူသောပဋိညာဉ်ကို မမေ့လျော့ရန်၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားတားမြစ်ထားသော မည်သည့်ပုံသဏ္ဌာန်ကိုမျှ သင်တို့အဖို့ ရုပ်တုဆင်းတုအဖြစ်မလုပ်ရန် သတိပြုကြလော့။
ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ သင်တို့ကိုထုတ်ဆောင်တော်မူခဲ့သော ထာဝရဘုရားကို မမေ့လျော့မည့်အကြောင်း သင်တို့ကိုယ်သင်တို့ သတိပြုလော့။
သင်တို့ကိုလည်း ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ သင်တို့နေထိုင်သောပြည်ရှိ အာမောရိလူမျိုးတို့၏ဘုရားများကို မကြောက်ရဟု ငါမိန့်ဆိုခဲ့သော်လည်း သင်တို့သည် ငါ၏စကားကိုနားမထောင်ကြ’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုလေ၏။