အိမ်တော်အတွင်းပိုင်းတွင် ကျောက်သားများမပေါ်အောင် သစ်ကတိုးသားကိုအုပ်ထား၏။ ထိုသစ်ကတိုးသားပေါ်တွင် သစ်သီးပုံ၊ ပန်းပွင့်ပုံများ ထွင်းထုထား၏။
၃ ရာ 7:19 - မြန်မာ့စံမီသမ္မာကျမ်း တိုင်ထိပ်ရှိ တိုင်ထိပ်အုပ်ပေါ်၌ အမြင့်လေးတောင်ရှိသောနှင်းပန်းပုံပါရှိ၏။ ထိုတိုင်တို့သည် ဆင်ဝင်တစ်ဖက်တစ်ချက်တွင်ရှိ၏။ Common Language Bible တိုင်ထိပ်အုပ်များကို အမြင့်ခြောက်ပေရှိသည့် ကြာပွင့်ပုံသဏ္ဌာန်ပြုလုပ်၍၊- Garrad Bible မုတ် ဆောင် အ နီး တိုင် ထက် အ မြင့် လေး တောင် ရှိ သော တိုင် အုပ် ကို ကြာ ပန်း အိုး သဏ္ဌာန် လုပ် လျက် Judson Bible ကနားပြင်ထဲမှာ စိုက်ထားသော ထိုတိုင်ထိပ်တို့သည် ကြာပွင့်နှင့်ပုံတူ၍ အချင်းလေးတောင်ရှိ၏။ |
အိမ်တော်အတွင်းပိုင်းတွင် ကျောက်သားများမပေါ်အောင် သစ်ကတိုးသားကိုအုပ်ထား၏။ ထိုသစ်ကတိုးသားပေါ်တွင် သစ်သီးပုံ၊ ပန်းပွင့်ပုံများ ထွင်းထုထား၏။
တိုင်နှင့်တကွ သလဲသီးပုံအလုံးများကို သွန်းလုပ်ပြီး တိုင်ထိပ်အုပ်နှစ်ခုစလုံးရှိ ရာဇမတ်ကွက်တွင် သလဲသီးအတန်းနှစ်တန်းရစ်ပတ်ထားခြင်းဖြင့် အလှဆင်ထား၏။
တိုင်နှစ်တိုင်လုံး၏ထိပ်အုပ်တစ်ခုစီရှိ ရာဇမတ်ကွက်ဖော်ထားသည့်အလုံးနှင့်ဆက်သောနေရာပတ်ပတ်လည်တွင် သလဲသီးပုံအလုံးနှစ်ရာစီရှိ၏။
တိုင်ထိပ်တွင် နှင်းပန်းပုံဖော်ထား၏။ ဤသို့ဖြင့် ကြေးတိုင်သွန်းလုပ်ခြင်းအမှု ပြီးစီးလေ၏။