ထို့နောက် သူသည် ရှမေရထံမှ ရှမာရိတောင်ကို ငွေနှစ်တာလန်နှင့်ဝယ်ယူပြီး ထိုတောင်ပေါ်၌ မြို့တည်၏။ တောင်ပိုင်ရှင်အမည်ရှမေရကို အစွဲပြု၍ ထိုမြို့၏အမည်ကို ရှမာရိမြို့ဟု ခေါ်ဝေါ်၏။
၃ ရာ 22:37 - မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်အနိစ္စရောက်သွားသဖြင့် ရှမာရိမြို့သို့သယ်လာပြီး ရှင်ဘုရင်ကို ရှမာရိမြို့တွင် သင်္ဂြိုဟ်ကြ၏။ Common Language Bible ဤသို့ဖြင့်အာဟပ်မင်းသည်ကွယ်လွန်လေသည်။ သူ၏အလောင်းကိုရှမာရိမြို့သို့ယူဆောင် ပြီးလျှင်သင်္ဂြိုဟ်ကြ၏။- Garrad Bible ထို သို့ ကွယ် လွန် သော ဘု ရင် မင်း ၏ အ လောင်း ကို ရှ မာ ရိ မြို့ သို့ ဆောင် ယူ၍ စျာ ပ န ပြု ကြ ကုန် ၏။ Judson Bible ထိုသို့ ရှင်ဘုရင်သေ၍ ရှမာရိမြို့သို့ရောက်သဖြင့် သင်္ဂြိုဟ်ခြင်းကို ခံရ၏။ |
ထို့နောက် သူသည် ရှမေရထံမှ ရှမာရိတောင်ကို ငွေနှစ်တာလန်နှင့်ဝယ်ယူပြီး ထိုတောင်ပေါ်၌ မြို့တည်၏။ တောင်ပိုင်ရှင်အမည်ရှမေရကို အစွဲပြု၍ ထိုမြို့၏အမည်ကို ရှမာရိမြို့ဟု ခေါ်ဝေါ်၏။
ပရောဖက်ကလည်း ရှင်ဘုရင်အား “ ‘သတ်ပစ်ရမည့်သူကို သင်လွှတ်ပေးလိုက်သောကြောင့် သူ့အသက်အစား သင့်အသက်၊ သူ့အမှုထမ်းများအစား သင့်အမှုထမ်းများကို ပေးလျော်ရမည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆို၏။
နေဝင်ချိန်ရောက်သောအခါ “လူတိုင်း ကိုယ့်ပြည်၊ ကိုယ့်မြို့သို့ ပြန်ကြပါ”ဟူသောအော်ဟစ်သံမှာ တပ်တစ်တပ်လုံးပျံ့နှံ့သွား၏။
စစ်ရထားကို ပြည့်တန်ဆာတို့ရေချိုးလေ့ရှိသော ရှမာရိရေကန်တွင် ဆေးကြောရာ ထာဝရဘုရားမိန့်တော်မူသည့်စကားအတိုင်း ရှင်ဘုရင်၏သွေးတို့ကို ခွေးတို့ လျက်ကြလေ၏။
မကောင်းမှုသည် ဆိုးယုတ်သောသူတို့ကိုသေဆုံးစေလိမ့်မည်။ ဖြောင့်မတ်သောသူကိုမုန်းသောသူတို့သည်လည်း ပြစ်ဒဏ်စီရင်ခြင်းခံရလိမ့်မည်။
ငါသည် ပရောဖက်အတုအယောင်တို့၏နိမိတ်လက္ခဏာများကို ပယ်ဖျက်၏။ ဂမ္ဘီရပညာတတ်မြောက်သူတို့ကို ရူးသွပ်စေ၏။ ပညာရှိတို့ကို နောက်ပြန်လှန်စေ၍ သူတို့၏အသိပညာကို မိုက်မဲစေ၏။
သူတို့သည် မဟုတ်မမှန်သောနိမိတ်ကို မြင်ကြ၏။ ဂမ္ဘီရအတတ်ဖြင့် လိမ်ညာပြောဆိုတတ်ကြ၏။ ထာဝရဘုရားမစေလွှတ်ဘဲ ထာဝရဘုရား မိန့်မှာတော်မူသည်ဟု ဆိုလျက် ဆိုသည့်အတိုင်းလည်း ပြည့်စုံမည်ဟူ၍ မျှော်လင့်တတ်ကြ၏။