ထို့ကြောင့် ရှင်ဘုရင်အား “အကျွန်ုပ်တိုင်းပြည်၌ ကြားသိနေရသော မင်းကြီး၏အောင်မြင်မှုသတင်း၊ ဉာဏ်ပညာသတင်းများသည် အမှန်ပင်ဖြစ်ပေ၏။
၃ ရာ 10:7 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်ကိုယ်တိုင် ဤနေရာသို့လာ၍ မျက်စိဖြင့်မမြင်ရမီအထိ ဤသတင်းကို မယုံကြည်ခဲ့ပါ။ အကျွန်ုပ်ကြားသိထားသောအရာသည် ထက်ဝက်မျှပင်မရှိပါ။ မင်းကြီး၏ဉာဏ်ပညာနှင့် စည်းစိမ်များသည် အကျွန်ုပ်ကြားသိရသည်ထက် သာလွန်နေပါသည်တကား။ Common Language Bible သို့ရာတွင်ကျွန်ုပ်သည်ကိုယ်တိုင်မျက်မြင်ဒိဌ မတွေ့မမြင်ရမိစဉ်အခါက ထိုသတင်းကို မယုံနိုင်ပါ။ ထိုစဉ်အခါကကျွန်ုပ်ကြားသိ ရသည့်အရာများသည် ယခုတွေ့မြင်ရသည့် အမှုအရာများ၏ထက်ဝက်မျှပင်မရှိပါ။ အဆွေတော်၏ဉာဏ်ပညာတော်နှင့်စည်းစိမ် ချမ်းသာသည်ကျွန်ုပ်ကြားသိခဲ့သည်ထက် များစွာပိုမိုကြီးကျယ်ပါပေသည်။- Garrad Bible သို့ ရာ တွင် ကိုယ် တိုင် ရောက်၍ မ မြင် မီ၊ ကျွန်ုပ် မ ယုံ သေး ပါ။ ယ ခု မှာ ယ ခင် ကြား သော သ တင်း သည် ထက် ဝက် မျှ မ မှီ ချေ။ အ ကြည် တော့် ဉာဏ် ပ ညာ နှင့် ဘုန်း စည်း စိမ် ကား၊ ကျွန်ုပ် ကြား ရ သော သ တင်း ထက် လွန် ကဲ ပေ ၏။ Judson Bible သို့သော်လည်း၊ ကိုယ်တိုင်ရောက်၍မမြင်မီ ထိုစကားကိုမယုံ။ ယခုမူကား၊ အရင်ကြားသောစကားသည် တစ်ဝက်ကိုမျှမမီ။ ကိုယ်တော်၏ပညာနှင့် ကိုယ်တော်၏စည်းစိမ်သည် အကျွန်ုပ်ကြားရသောသတင်းကို လွန်ကဲပါ၏။ |
ထို့ကြောင့် ရှင်ဘုရင်အား “အကျွန်ုပ်တိုင်းပြည်၌ ကြားသိနေရသော မင်းကြီး၏အောင်မြင်မှုသတင်း၊ ဉာဏ်ပညာသတင်းများသည် အမှန်ပင်ဖြစ်ပေ၏။
မင်းကြီးထံခစားရသောသူတို့သည် မင်္ဂလာရှိလှပါသည်တကား။ ရှေ့တော်တွင် အစဉ်အမှုထမ်းရပြီး မင်းကြီး၏ပညာစကားကို ကြားနာရသောသူတို့သည် မင်္ဂလာရှိလှပါသည်တကား။
အို ဘုရားသခင်၊ ကိုယ်တော်၏မေတ္တာကရုဏာတော်ကို ကိုယ်တော်၏ဗိမာန်တော်ထဲ၌ အကျွန်ုပ်တို့အောက်မေ့ဆင်ခြင်ကြပါ၏။
ကိုယ်တော်မှတစ်ပါး မျှော်လင့်စောင့်စားသောသူအား ကျေးဇူးပြုပေးတော်မူသောဘုရားဟူ၍ မရှိ။ ရှိသည်ဟု ရှေးကာလကတည်းက မည်သူမျှမကြားဖူး၊ မသိဖူး၊ မျက်စိဖြင့်လည်း မမြင်ဖူးပေ။
မည်မျှကောင်းမြတ်ပါသနည်း။ မည်မျှတင့်တယ်ပါသနည်း။ လူပျိုအပျိုတို့သည် ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ကြောင့် ကြီးပွားတိုးတက်ကြလိမ့်မည်။
သို့သော် ကိုယ်တော်အသက်ရှင်တော်မူကြောင်းနှင့် ကိုယ်တော်ကို မာရိတွေ့မြင်ခဲ့ကြောင်း သူတို့ကြားကြသောအခါ သူတို့သည်မယုံကြချေ။
သို့သော် ကျမ်းစာ၌ရေးထားသည်နှင့်အညီ “ဘုရားသခင်သည် မိမိကိုချစ်သောသူတို့အတွက် မျက်စိဖြင့် မမြင်ဖူးသောအရာ၊ နားဖြင့် မကြားဖူးသောအရာ၊ လူ၏စိတ်နှလုံး၌ မတွေးမိဖူးသောအရာတို့ကို ပြင်ဆင်ထားတော်မူ၏။”
ချစ်ရသောသူတို့၊ ယခု ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။ အနာဂတ်တွင် ငါတို့မည်သို့ဖြစ်ကြမည်ကို ထင်ရှားစွာမသိရသေးသော်လည်း ကိုယ်တော်ပေါ်ထွန်းတော်မူသောအခါ ကိုယ်တော်ကို ပကတိအဖြစ်တော်အတိုင်း မြင်ရကြမည်ဖြစ်၍ ငါတို့သည် ကိုယ်တော်နှင့်တူကြမည်ကို ငါတို့သိကြ၏။