ရာခေလသည် သေဆုံး၍ ဗက်လင် ခေါ် ဧဖရတ်မြို့သို့သွားရာလမ်း၌ သူ့ကိုသင်္ဂြိုဟ်လေ၏။
၂ ရာ 23:15 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်မင်းကြီးက “ဗက်လင်မြို့တံခါးအနီးရှိ ရေတွင်းမှရေကို ငါ့အတွက် တစ်ယောက်ယောက်ခပ်ပေးလျှင် ကောင်းပေမည်”ဟု တောင့်တ၍ ဆိုမိလျှင် Common Language Bible ဒါဝိဒ်က``ဗက်လင်မြို့တံခါးအနီးရှိ ရေတွင်းမှရေကိုငါသောက်ချင်ပါဘိ'' ဟုတောင့်တပြောဆိုမိရာ၊- Garrad Bible ဗက် လင် မြို့ တံ ခါး အ နီး ရှိ တွင်း ရေ ကို ငါ သောက် ပါ ရ စေ ဟု ဒါ ဝိဒ် တောင့် တ ပြော ဆို မိ ရာ ထို ရဲ ဗိုလ် သုံး ယောက် တို့ သည် Judson Bible ဒါဝိဒ်ကလည်း၊ တစ်စုံတစ်ယောက်သောသူသည် ဗက်လင်မြို့တံခါးနားမှာရှိသော ရေတွင်းထဲကရေကို ခပ်၍ ငါ့အားပေးပါစေသောဟု တောင့်တသောစိတ်နှင့် ဆိုသော်၊ |
ရာခေလသည် သေဆုံး၍ ဗက်လင် ခေါ် ဧဖရတ်မြို့သို့သွားရာလမ်း၌ သူ့ကိုသင်္ဂြိုဟ်လေ၏။
ထိုသူရဲကောင်းသုံးဦးသည် ဖိလိတ္တိတပ်စခန်းကို ထိုးဖောက်ပြီး ဗက်လင်မြို့တံခါးအနီးရှိရေတွင်းမှ ရေကိုခပ်ယူကာ ဒါဝိဒ်မင်းကြီးထံ ယူဆောင်လာပေး၏။ သို့သော် ဒါဝိဒ်မင်းကြီးသည် ထိုရေကိုမသောက်ဘဲ ထာဝရဘုရားရှေ့တော်တွင် သွန်းလျက်
ဒါဝိဒ်မင်းကြီးက “ဗက်လင်မြို့တံခါးအနီးရှိ ရေတွင်းမှရေကို ငါ့အတွက် တစ်ယောက်ယောက်ခပ်ပေးလျှင် ကောင်းပေမည်”ဟု တောင့်တ၍ ဆိုမိလျှင်
အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်၏ကယ်တင်ခြင်းကိုတောင့်တလျက် အားအင်ကုန်ခန်းပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို မျှော်လင့်ကိုးစားပါ၏။
အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားဖြစ်တော်မူ၏။ အကျွန်ုပ်သည် ကိုယ်တော်ကိုကြိုးစား၍ရှာပါ၏။ ရေမရှိ၊ ခြောက်သွေ့ကွဲအက်သောမြေ၌ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကိုဆာငတ်ပါ၏။ အကျွန်ုပ်၏သွေးသားသည်လည်း ကိုယ်တော်ကိုတမ်းတပါ၏။
ဆင်းရဲနွမ်းပါးသောသူတို့သည် ရေကိုရှာကြ၏။ ရေမရှိသောကြောင့် သူတို့သည် ရေငတ်၍ အာခေါင်ခြောက်ကပ်သောအခါ ငါထာဝရဘုရားသည် သူတို့ကိုထူးမည်။ အစ္စရေးလူမျိုး၏ဘုရားသခင် ငါသည် သူတို့ကို စွန့်ပစ်မည်မဟုတ်။
အကြောင်းမူကား ငါသည် ရေငတ်နေသောပြည်အပေါ် ရေကိုသွန်းလောင်းမည်။ ခြောက်သွေ့သောမြေပေါ်တွင် စမ်းရေစီးစေမည်။ သင်၏သားစဉ်မြေးဆက်အပေါ် ငါ့ဝိညာဉ်ကို သွန်းလောင်းမည်။ သင်၏သားမြေးတို့အပေါ် ငါ့ကောင်းချီးမင်္ဂလာကို သွန်းလောင်းမည်။
ယေရှုကလည်း“ဘုရားသခင်၏ကောင်းချီးလက်ဆောင်ကိုလည်းကောင်း၊ ငါသောက်ဖို့ရေပေးပါဟု ပြောဆိုနေသူမှာ မည်သူဖြစ်သည်ကိုလည်းကောင်း သင်သိခဲ့လျှင် သင်ကသာ သူ့ကိုတောင်း၍ သူသည် သင့်အား အသက်ရေကိုပေးခဲ့လိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
ငါပေးမည့်ရေကိုသောက်သောသူမူကား ကာလအစဉ်အဆက် မည်သည့်အခါမျှ ရေငတ်မည်မဟုတ်။ ထိုထက်မက ငါပေးမည့်ရေသည် ထိုသူ၌ ထာဝရအသက်တိုင်အောင် ရေပန်းထွက်ရာ စမ်းရေပေါက်ဖြစ်လိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
ထိုပွဲတော်၏ကြီးမြတ်သောနေ့ဖြစ်သည့် နောက်ဆုံးနေ့၌ ယေရှုသည်ရပ်လျက်“မည်သူမဆို ရေငတ်လျှင် ငါ့ထံသို့လာ၍ သောက်လော့။