၂ ရာချုပ် 32:28 - မြန်မာ့စံမီသမ္မာကျမ်း ကောက်ပဲသီးနှံများ၊ စပျစ်ဝိုင်အသစ်များနှင့် ဆီများအတွက် သိုလှောင်ရုံများ၊ ကျွဲနွားတိရစ္ဆာန်အပေါင်းတို့အတွက် တင်းကုပ်များ၊ သိုးများအတွက် သိုးခြံများကို တည်ဆောက်၏။ Common Language Bible စပါး၊ စပျစ်ရည်နှင့်သံလွင်ဆီအတွက်ကုန် လှောင်ရုံများ၊ မိမိ၏ကျွဲနွားများအတွက် တင်းကုပ်များ၊ သိုးများအတွက်ခြံများ ကိုလည်းတည်ဆောက်တော်မူ၏။- Garrad Bible ဆန်၊ စ ပျစ် ရည်၊ ဆီ သို ထား ရန် တိုက် များ ကို လည်း ကောင်း၊ တိ ရ စ္ဆာန် အ မျိုး မျိုး ထား ရန် တင်း ကုပ် နှင့် သိုး ခြံ များ ကို လည်း ကောင်း၊ စီ မံ လေ ၏။ Judson Bible စပါးကျီများ၊ ဆီ၊ စပျစ်ရည်သိုထားရာ တိုက်များ၊ တိရစ္ဆာန်မျိုး တင်းကုပ်များ၊ သိုးခြံများကိုလည်း လုပ်လေ၏။ |
ယခု ငါ့အစေအပါးဒါဝိဒ်အား ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ငါသည် သင့်ကို သိုးထိန်းကျောင်းရာစားကျက်မြေမှ ခေါ်ယူပြီး ငါ့လူမျိုးတော်အစ္စရေးကို အုပ်ချုပ်သူမင်းအဖြစ် ခန့်ထားပြီ။
ရှောလမုန်မင်းကြီးပိုင်သောရထားဆွဲမြင်းများထားရန် မြင်းဇောင်း လေးသောင်းနှင့် မြင်းစီးသူရဲ တစ်သောင်းနှစ်ထောင်ရှိ၏။
မြေနိမ့်ဒေသနှင့် လွင်ပြင်တို့တွင် သူပိုင်ဆိုင်သောတိရစ္ဆာန်များစွာရှိသောကြောင့် တောထဲ၌ မျှော်စင်များကိုဆောက်လုပ်၏။ ရေတွင်းများစွာကိုလည်း တူး၏။ လယ်ယာစိုက်ပျိုးရေးကို ဝါသနာပါသောကြောင့် တောင်ကုန်းများ၊ သီးနှံဖြစ်ထွန်းသောမြေယာများတွင် လယ်သမားများ၊ စပျစ်ခြံလုပ်သားများကို ထားရှိ၏။
ဟေဇကိမင်းကြီးသည် ဓနဥစ္စာပေါများကြွယ်ဝ၍ ဘုန်းအသရေထွန်းတောက်လေ၏။ ရွှေ၊ ငွေ၊ အဖိုးတန်ကျောက်မျက်ရတနာများနှင့် အမွှေးနံ့သာများ၊ ဒိုင်းလွှားများနှင့် အဖိုးတန်အသုံးအဆောင်အမျိုးမျိုးတို့အတွက် သိုလှောင်ရုံများကို ဆောက်လုပ်၏။
မိမိအဖို့ မြို့များကိုလည်း တည်ဆောက်၏။ ဘုရားသခင်သည် သူ့အား အလွန်ချမ်းသာကြွယ်ဝစေသဖြင့် သူ၌ သိုးနွားတိရစ္ဆာန် အမြောက်အမြားရှိ၏။