ထို့ကြောင့် ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ်မင်းယောယဒကိုခေါ်၍ “သက်သေခံချက်တဲတော်အဖို့ ထာဝရဘုရား၏အစေအပါးမောရှေမှာကြားထားသော အစ္စရေးလူထုတို့ပေးဆောင်ရမည့်အခွန်ငွေကို ယုဒပြည်သူဂျေရုဆလင်မြို့သားတို့ထံမှကောက်ခံရန် လေဝိအမျိုးသားတို့ကို အဘယ်ကြောင့် သင် မမှာထားသနည်း”ဟု မေး၏။
သို့ဖြစ်၍သူသည်ထိုသူအပေါင်းတို့၏ ခေါင်းဆောင်ယောယဒကိုခေါ်ပြီးလျှင်``ထာ ဝရဘုရားကိန်းဝပ်တော်မူရာတဲတော် အတွက် ပြည်သူတို့ပေးဆောင်ရန်ထာဝရ ဘုရား၏အစေခံမောရှေပြဋ္ဌာန်းသည့် အလှူငွေကို လေဝိအနွယ်ဝင်တို့အား အဘယ်ကြောင့်ယုဒပြည်နှင့်ယေရုရှလင် မြို့မှမကောက်ခံစေပါသနည်း'' ဟုမေး တော်မူ၏။
တစ်ဖန် ရှင်ဘုရင်သည် ယဇ်ပုရောဟိတ်အကြီးယောယဒကိုခေါ်၍၊ သက်သေခံတော်မူချက် တဲတော်အဖို့၊ ထာဝရဘုရား၏ကျွန်မောရှေနှင့် စည်းဝေးရာ ဣသရေလ ပရိသတ်ပြုသည်နည်းတူ၊ လေဝိသားတို့သည် ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်တို့မှ ငွေကိုခံယူ၍ ဆောင်ခဲ့မည်အကြောင်း၊ အဘယ်ကြောင့် မမှာထားဘဲနေသနည်းဟု မေးတော်မူ၏။
ယွာဘကလည်း ရှင်ဘုရင်အား “အရှင်မင်းကြီး၏ဘုရားသခင်ထာဝရဘုရားသည် လူတို့ကို သူတို့ရှိသည်ထက် အဆတစ်ရာ တိုးပွားစေသည်ကို အရှင်မင်းကြီး ကိုယ်တိုင်မြင်တွေ့ရပါစေသော။ အဘယ်ကြောင့် အရှင်မင်းကြီး ဤအမှုကို ပြုလိုပါသနည်း”ဟု လျှောက်တင်၏။
တောကန္တာရတွင် ဘုရားသခင်၏အစေအပါးမောရှေက အစ္စရေးလူမျိုးတို့အား မိန့်မှာခဲ့သည့်အတိုင်း ယုဒပြည်သူဂျေရုဆလင်မြို့သားတို့သည် ထာဝရဘုရားအထံတော်သို့ အခွန်ငွေကိုယူဆောင်လာကြရန် ကြေညာလိုက်၏။
လေဝိအမျိုးတို့ကို သက်သေခံချက်ထားရာကိန်းဝပ်တော်မူရာတဲတော်၊ ထိုတဲတော်၏တန်ဆာပလာရှိသမျှ၊ ထိုတဲတော်နှင့်ဆိုင်သမျှတို့ကို ထိန်းသိမ်းဖို့ ခန့်အပ်လော့။ သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်နှင့် ထိုတဲတော်၏ တန်ဆာပလာရှိသမျှတို့ကို သယ်ဆောင်ရမည်။ ကိန်းဝပ်တော်မူရာတဲတော်၏အမှုကိုဆောင်ရွက်၍ ထိုတဲတော်၏ပတ်ပတ်လည်၌ စခန်းချရမည်။
သက်သေခံချက်တဲတော်ရှေ့၌ သင်နှင့်သင်၏သားတို့ အမှုတော်ဆောင်ရွက်ရာတွင် သင်တို့နှင့်ပူးပေါင်း၍ အမှုတော်ဆောင်ရွက်ရန် သင့်ဘိုးဘေး၏မျိုးနွယ်ဖြစ်သည့် သင်၏အမျိုးသားချင်းလေဝိအမျိုးအနွယ်တို့ကို သင်နှင့်အတူခေါ်ဆောင်လော့။
ငါတို့၏ဘိုးဘေးများအတွက် တောကန္တာရတွင် သက်သေခံတဲတော်ရှိ၏။ ၎င်းသည် မောရှေအား သူမြင်ရသည့်ပုံစံနှင့်အညီပြုလုပ်ရန် မြွက်ဆိုတော်မူသောအရှင်က မှာကြားသည့်အတိုင်း ပြုလုပ်ထားသောတဲတော်ဖြစ်၏။