အာရုန်အား “အိုးတစ်လုံးကိုယူလော့။ ထိုအထဲ၌ မန္နမုန့်တစ်ဩမဲအပြည့်ထည့်ပြီးလျှင် သင်တို့၏မျိုးဆက်အစဉ်အဆက်အတွက် ထိန်းသိမ်းရန် ထာဝရဘုရားရှေ့တော်၌ ထားလော့”ဟု ဆိုလေ၏။
၁ ရာ 17:54 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်သည်လည်း ထိုဖိလိတ္တိပြည်သား၏ဦးခေါင်းကို ယူပြီး ဂျေရုဆလင်မြို့သို့ ယူလာ၏။ ထိုသူ၏လက်နက်တို့ကိုမူ မိမိတဲ၌ထားလေ၏။ Common Language Bible ဒါဝိဒ်သည်ဂေါလျတ်၏ဦးခေါင်းကိုယူ၍ ယေရုရှလင်မြို့သို့သယ်ဆောင်သွား၏။ ဂေါ လျတ်၏လက်နက်များကိုမူမိမိ၏တပ် စခန်းတွင်သိမ်းဆည်းထား၏။ Garrad Bible ဒါ ဝိဒ် သည် ဖိ လိ တ္တိ သူ ရဲ၏ ခေါင်း ကို ယေ ရု ရှ လင် မြို့ သို့ ဆောင် သွား၍ သုံ့ ရ လက် နက် ကို ကား ကိုယ့် တဲ တွင် သိမ်း ထား လေ၏။ Judson Bible ဒါဝိဒ်သည် ဖိလိတ္တိလူ၏ ဦးခေါင်းကိုယူ၍ ယေရုရှလင်မြို့သို့ ဆောင်သွား၏။ သူ၏လက်နက်များကို မိမိတဲ၌ထား၏။ |
အာရုန်အား “အိုးတစ်လုံးကိုယူလော့။ ထိုအထဲ၌ မန္နမုန့်တစ်ဩမဲအပြည့်ထည့်ပြီးလျှင် သင်တို့၏မျိုးဆက်အစဉ်အဆက်အတွက် ထိန်းသိမ်းရန် ထာဝရဘုရားရှေ့တော်၌ ထားလော့”ဟု ဆိုလေ၏။
အစ္စရေးအမျိုးသားတို့သည် ဖိလိတ္တိလူမျိုးတို့ကို လိုက်လံတိုက်ခိုက်ရာမှပြန်လာပြီး သူတို့၏တပ်စခန်းတို့ကိုလည်း ဝင်ရောက်လုယက်ကြ၏။
ဖိလိတ္တိလူစွမ်းကောင်းကို တိုက်ခိုက်ရန် ထွက်သွားသောဒါဝိဒ်ကို ရှောလုမင်းကြီးကြည့်ပြီး စစ်သူကြီးအာဗနာအား “အာဗနာ၊ ဤလူငယ်သည် မည်သူ့သားနည်း”ဟု မေးလျှင် အာဗနာက “အရှင်မင်းကြီး အသက်ရှင်တော်မူသည်နှင့်အညီ အကျွန်ုပ်မသိပါ”ဟု လျှောက်၏။
ဒါဝိဒ်သည် ဖိလိတ္တိပြည်သားကိုသတ်ပြီး သူ၏လက်ထဲတွင် ထိုဖိလိတ္တိပြည်သား၏ဦးခေါင်းကို ကိုင်လျက် ပြန်လာစဉ် အာဗနာသည် သူ့ကိုခေါ်၍ ရှောလုမင်းကြီးရှေ့သို့ ခေါ်သွင်းလေ၏။
ယဇ်ပုရောဟိတ်က “ဧလာချိုင့်၌ သင်သုတ်သင်ပစ်ခဲ့သော ဖိလိတ္တိပြည်သား ဂေါလျတ်၏ဓားရှိပါ၏။ အဝတ်နှင့်ပတ်ပြီး ဧဖုဒ်နောက်တွင် သိမ်းထားပါ၏။ ဤဓားမှလွဲ၍ အခြားဓားမရှိပါ။ ယူလိုပါက ယူသွားပါ”ဟု ဆိုလျှင် ဒါဝိဒ်က “အကျွန်ုပ်ကို ပေးပါလော့။ ဤဓားထက်ကောင်းသောဓား မရှိပါ”ဟု ဆို၏။