သူတို့သည် မယားများ၊ သားသမီးများ များပြားစွာရှိသဖြင့် သူတို့၏ဆွေစဉ်မျိုးဆက်အလိုက်၊ သူတို့ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် စစ်တိုက်နိုင်သောစစ်သည်ပေါင်း သုံးသောင်းခြောက်ထောင် ရှိ၏။
၁ ရာချုပ် 7:5 - မြန်မာ့စံမီသမ္မာကျမ်း သူတို့၏ညီအစ်ကိုသားချင်းဖြစ်သော ဣသခါမျိုးနွယ်စုအားလုံးတို့သည် စစ်သူရဲများ ဖြစ်ကြပြီး စာရင်းအရ စစ်သူရဲပေါင်းရှစ်သောင်းခုနစ်ထောင် ရှိ၏။ Common Language Bible အစိုးရမှတ်တမ်းများအရဣသခါ၏သား ချင်းစုထဲမှအိမ်ထောင်စုရှိသမျှတို့တွင် စစ် မှုထမ်းရန်အရည်အချင်းရှိသူလူပေါင်း ရှစ်သောင်းခုနစ်ထောင်ရှိ၏။ Garrad Bible သူ တို့ ဆွေ မျိုး သား ချင်း၊ ဣ သ ခါ့ အ ဆက် အ နွယ် အ ပေါင်း တို့ အ တွင်း စစ် ခေါင်း မာ သူ ရှစ် သောင်း ခု နစ် ထောင် တို့ သည် ဘိုး စဉ် ဘေး ဆက် စာ ရင်း ဝင် ကြ သ နည်း။ Judson Bible သူတို့ညီအစ်ကို ဣသခါ အဆွေအမျိုးအပေါင်းတို့သည် ခွန်အားကြီးသော သူရဲဖြစ်၍၊ သားစဉ်မြေးဆက် စာရင်းဝင်သည်အတိုင်း၊ ရှစ်သောင်းခုနစ်ထောင်ရှိကြ၏။ |
သူတို့သည် မယားများ၊ သားသမီးများ များပြားစွာရှိသဖြင့် သူတို့၏ဆွေစဉ်မျိုးဆက်အလိုက်၊ သူတို့ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် စစ်တိုက်နိုင်သောစစ်သည်ပေါင်း သုံးသောင်းခြောက်ထောင် ရှိ၏။