“သင်သည် ဒါဝိဒ်မင်းကြီးထံသို့သွားပြီး ‘သင့်အား ရွေးချယ်စရာသုံးခုကို ပေးထားပြီ။ ထိုသုံးခုထဲမှ တစ်ခုကို ရွေးလော့။ သင်ရွေးသည့်အချက်အတိုင်း သင့်ကို ပြုမည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူ၏”ဟု ဆင့်ဆိုလော့။
၁ ရာချုပ် 21:11 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဂဒ်သည် ဒါဝိဒ်မင်းကြီးထံသွားပြီး “ထာဝရဘုရား ဤသို့မိန့်တော်မူပြီ။ သင်ရွေးချယ်လော့။ Common Language Bible ဂဒ်သည်ဒါဝိဒ်ထံသို့သွား၍ ထာဝရဘုရား မိန့်တော်မူသည်အတိုင်းတင်ပြပြီးလျှင်၊- Garrad Bible ဂဒ် သည် ဒါ ဝိဒ် မင်း ထံ ဝင် ပြီး လျှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ Judson Bible ဂဒ်သည် ဒါဝိဒ်ထံသို့သွား၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ |
“သင်သည် ဒါဝိဒ်မင်းကြီးထံသို့သွားပြီး ‘သင့်အား ရွေးချယ်စရာသုံးခုကို ပေးထားပြီ။ ထိုသုံးခုထဲမှ တစ်ခုကို ရွေးလော့။ သင်ရွေးသည့်အချက်အတိုင်း သင့်ကို ပြုမည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူ၏”ဟု ဆင့်ဆိုလော့။
ငတ်မွတ်ခေါင်းပါးခြင်းဘေး သုံးနှစ်ဖြစ်စေရမည်လော။ သို့မဟုတ် ရန်သူ၏ဓားသည် အရှင်မင်းကြီးကိုလိုက်မီသဖြင့် ရန်သူ့ရှေ့၌ သုံးလပတ်လုံး ဓားဘေးနှင့်ရင်ဆိုင်မည်လော။ သို့မဟုတ် ထာဝရဘုရား၏ဓားတော်သည်ဤပြည်၌ ကပ်ရောဂါဘေးသက်ရောက်စေ၍ ထာဝရဘုရား၏ကောင်းကင်တမန်သည် အစ္စရေးပြည်အနှံ့ သုံးရက်ပတ်လုံးဖျက်ဆီးသောဘေး ဖြစ်စေရမည်လော။ အကျွန်ုပ်ကို စေလွှတ်သောအရှင်အား မည်သည့်အဖြေပြန်ပေးရမည်ကို ယခု စဉ်းစားဆုံးဖြတ်ပါလော့”ဟု လျှောက်တင်လေ၏။
အကြံဉာဏ်ကိုနားထောင်၍ ဆုံးမပဲ့ပြင်ခြင်းကိုလက်ခံလော့။ သို့ပြုလျှင် နောက်ဆုံး၌ သင်သည် ဉာဏ်ပညာကိုရရှိလိမ့်မည်။