ဒါဝိဒ်မင်းကြီးသည် ဘုရားသခင်မိန့်တော်မူသည့်အတိုင်း ပြု၍ ဖိလိတ္တိတပ်ကို ဂိဗောင်မြို့မှ ဂေဇာမြို့တိုင်အောင် တိုက်ခိုက်ချေမှုန်းလေ၏။
၁ ရာချုပ် 14:17 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ဒါဝိဒ်မင်းကြီး၏ဂုဏ်သတင်းသည် တိုင်းပြည်အရပ်ရပ်သို့ ပျံ့နှံ့သွားပြီး လူမျိုးတကာတို့သည် သူ့ကို ကြောက်ရွံ့ရိုသေလာအောင် ထာဝရဘုရား ပြုတော်မူလေ၏။ Common Language Bible ဒါဝိဒ်မင်း၏ဂုဏ်သတင်းသည်အရပ်တကာ သို့ပြန့်နှံ့၍သွား၏။ မင်းကြီးအားလူမျိုး တကာတို့ကြောက်လန့်လာကြစေရန် ထာဝရ ဘုရားသည်စီရင်တော်မူသတည်း။ Garrad Bible ဒါ ဝိဒ် မင်း ကျော် စော ကိ တ္တိ သည် အ တိုင်း တိုင်း အ ပြည် ပြည် သို့ ရောက် သည် နှင့် အ ညီ ထာ ဝ ရ ဘု ရား သည် ထို မင်း အား လူ အ မျိုး မျိုး တို့ ထိတ် လန့် စေ တော် မူ၏။ Judson Bible ဒါဝိဒ်သတင်းသည် အတိုင်းတိုင်း အပြည်ပြည်တို့၌ နှံ့ပြား၍၊ ခပ်သိမ်းသော လူမျိုးတို့သည် သူ့ကိုကြောက်ရွံ့စေခြင်းငှာ ထာဝရဘုရား စီရင်တော်မူ၏။ |
ဒါဝိဒ်မင်းကြီးသည် ဘုရားသခင်မိန့်တော်မူသည့်အတိုင်း ပြု၍ ဖိလိတ္တိတပ်ကို ဂိဗောင်မြို့မှ ဂေဇာမြို့တိုင်အောင် တိုက်ခိုက်ချေမှုန်းလေ၏။
သင်သွားလေရာရာ၌ သင်နှင့်အတူ ငါပါရှိပြီး သင့်ရန်သူအပေါင်းတို့ကို သင့်ရှေ့မှ ငါဖယ်ရှားပေးခဲ့ပြီ။ ကမ္ဘာပေါ်တွင် နာမည်ကြီးကျော်ကြားသူကဲ့သို့ သင့်ကိုနာမည်ကြီးကျော်ကြားစေမည်။
အမ္မုန်လူမျိုးတို့သည် ဩဇိမင်းကြီးအား အခွန်ဆက်သပေးရ၏။ ဩဇိမင်းကြီးသည် အလွန်အင်အားကြီးမားလာပြီး အီဂျစ်ပြည်နယ်စပ်ထိတိုင်အောင် နာမည်ကျော်ကြားလေ၏။
သူတို့သည် အကျွန်ုပ်အကြောင်းကိုကြားရသည်နှင့် အကျွန်ုပ်စကားကိုနာခံကြပါ၏။ တိုင်းတစ်ပါးသားတို့သည် အကျွန်ုပ်ကို ခယဝပ်တွားကြပါ၏။
သင်တို့ရှေ့၌ မည်သူမျှခံရပ်နိုင်မည်မဟုတ်။ သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း သင်တို့အား ထိတ်လန့်ကြောက်ရွံ့သောသဘောကို သင်တို့နင်းသမျှသောမြေ၌ ကျရောက်စေတော်မူမည်။
မိုးကောင်းကင်တစ်ခွင်အောက်ရှိ လူမျိုးတို့သည် သင်တို့သတင်းကိုကြား၍ သင်တို့ရှေ့၌တုန်လှုပ်ချောက်ချားမည့်အကြောင်း သင်တို့ကိုထိတ်လန့်ကြောက်ရွံ့သောသဘောကို ယနေ့ သူတို့အပေါ်သို့ ငါစတင်ကျရောက်စေမည်’ဟု မိန့်တော်မူ၏။
ဤသို့ဖြင့် ထာဝရဘုရားသည် ယောရှုနှင့်အတူပါရှိတော်မူသဖြင့် သူ၏ဂုဏ်သတင်းသည် မြေတစ်ပြင်လုံးသို့ ပျံ့နှံ့လေ၏။
သူတို့ကလည်း ယောရှုအား “အရှင်တို့ရှေ့မှောက်တွင် ဤပြည်သားတို့ကို သုတ်သင်ပယ်ရှင်းပြီး ပြည်တစ်ပြည်လုံးကို အရှင်တို့အားပေးမည်ဟု အရှင်တို့၏ဘုရားသခင်ထာဝရဘုရားက မိမိအစေအပါးမောရှေအား မိန့်တော်မူခဲ့သည်ကို အရှင့်အစေအပါးတို့ ကောင်းစွာသိထားပြီ။ အကျွန်ုပ်တို့လည်း အသတ်ခံရမည်ကို ကြောက်လွန်းသဖြင့် ဤသို့ပြုခြင်းဖြစ်ပါ၏။