အကြောင်းမူကား အပြင်လူတို့ကိုစီရင်ခြင်းသည် ငါနှင့်မည်သို့ဆိုင်သနည်း။ အတွင်းလူတို့ကို သင်တို့စီရင်ရမည်မဟုတ်လော။
၁ ကော 5:3 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ကိုယ်ခန္ဓာအားဖြင့်သင်တို့နှင့်ကွဲကွာနေသော်လည်း စိတ်ဝိညာဉ်အားဖြင့်မူကား သင်တို့နှင့်အတူရှိ၍ ထိုနေရာ၌ အတူရှိနေသကဲ့သို့ ထိုအမှုကိုပြုသောသူအား စီရင်ခဲ့လေပြီ။ Common Language Bible ငါသည်သင်တို့ထံသို့ကိုယ်တိုင်မရောက်သော် လည်းစိတ်ရောက်လျက်ရှိ၏။ ငါကိုယ်တိုင်ပင် သင်တို့ထံသို့ရောက်နေဘိသကဲ့သို့ ထိုဆိုး ယုတ်သောအမှုကိုပြုသူအားငါတို့အရှင် ယေရှု၏နာမ၌ ယခုပင်ငါတရားစီရင် ပြီ။ သင်တို့စုဝေးကြစဉ်ငါကိုယ်တိုင်ပင် သင်တို့ထံတွင်စိတ်ရောက်ရှိနေမည်။ ငါတို့ ၏အရှင်ယေရှု၏တန်ခိုးတော်အားဖြင့် သင်တို့နှင့်အတူရှိမည်။- Garrad Bible ကိုယ် ခ န္ဓာ ဝေး ကွာ လျက် စိတ် ဝိ ညာဉ် ရောက် ရှိ သော ငါ မူ ကား ကိုယ် တိုင် ရောက် ဘိ သ ကဲ့ သို့ ထို သို့ ပြု သော သူ့ ကို စီ ရင် သည် မှာ၊ Judson Bible ထိုကြောင့် ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့် ကွာလျက်ရှိသော်လည်း၊ ဝိညာဉ်အားဖြင့် မကွာ၊ ကိုယ်တိုင် သင်တို့နှင့်အတူရှိသကဲ့သို့ ထိုသို့ကျင့်သောသူကို ယခုပင်ငါစီရင်ပြီ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် လူကိုယ်တိုင် သင်တို့နှင့်အတူ မရှိသော်လည်း စိတ်ဝိညာဉ်သည် သင်တို့နှင့်အတူရှိ၏။ ကျွန်ုပ်သည် သင်တို့နှင့်အတူ ရှိနေသကဲ့သို့ ထိုဆိုးသောအမှုကို ပြုသူကို သခင်ယေရှုနာမအားဖြင့် စီရင်ပြီ။ သို့ဖြစ်၍ သင်တို့ စည်းဝေးကြသောအခါ ကျွန်ုပ်၏စိတ်ဝိညာဉ်သည် သင်တို့နှင့်အတူရှိနေမည်ဖြစ်ပြီး ကျွန်ုပ်တို့၏သခင် ယေရှု၏ တန်ခိုးတော်သည်လည်း သင်တို့နှင့်အတူ ရှိလိမ့်မည်။ |
အကြောင်းမူကား အပြင်လူတို့ကိုစီရင်ခြင်းသည် ငါနှင့်မည်သို့ဆိုင်သနည်း။ အတွင်းလူတို့ကို သင်တို့စီရင်ရမည်မဟုတ်လော။
သင်တို့နှင့် လူချင်းတွေ့သောအခါ နှိမ့်ချ၍ ကွဲကွာနေစဉ် သင်တို့အပေါ် ရဲဝံ့ပြတ်သားစွာပြုမူတတ်သော ငါပေါလုသည် ခရစ်တော်၏နူးညံ့သိမ်မွေ့ခြင်းနှင့်ညင်သာခြင်းတို့ဖြင့် သင်တို့အား မေတ္တာရပ်ခံပါ၏။
ငါတို့သည် အဝေး၌ရှိနေစဉ် စာ၌ရေးလိုက်သည့်စကားအတိုင်း ကိုယ်တိုင်ရောက်လာသောအခါ၌လည်း ပြုမည်ဖြစ်ကြောင်း ထိုသူသိမှတ်ပါစေ။
ယခင် အပြစ်ကျူးလွန်ခဲ့သူများနှင့် အခြားသောသူအပေါင်းတို့အား ဒုတိယအကြိမ်ရောက်ခဲ့စဉ်က ငါသတိပေးခဲ့သည့်အတိုင်း ယခု သင်တို့နှင့်ကွဲကွာနေစဉ် ငါသတိပေးသည်ကား ငါသည် နောက်တစ်ဖန်ရောက်လာလျှင် ညှာတာလိမ့်မည်မဟုတ်။
အကြောင်းမူကား ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့်ကွဲကွာနေသော်လည်း စိတ်ဝိညာဉ်အားဖြင့်မူကား သင်တို့နှင့်အတူရှိ၍ သင်တို့၏အစီအစဉ်တကျရှိခြင်းနှင့် ခရစ်တော်အပေါ် သင်တို့၏ယုံကြည်ခြင်းခိုင်မာမှုတို့ကိုတွေ့သဖြင့် ဝမ်းမြောက်၏။
ညီအစ်ကိုတို့၊ ငါတို့သည် စိတ်နှလုံးအားဖြင့်မဟုတ်ဘဲ လူချင်း သင်တို့နှင့် ခေတ္တခဏခွဲခွာနေရသော်လည်း သင်တို့၏မျက်နှာကိုပြန်တွေ့နိုင်ရန် အလွန်တောင့်တ၍ အထူးကြိုးစားကြ၏။