ထိုနည်းတူ ငါသည်လည်း လူတို့ကယ်တင်ခြင်းခံရမည့်အကြောင်း ကိုယ်ကျိုးကိုမရှာဘဲ အများအကျိုးကိုရှေးရှုလျက် ခပ်သိမ်းသောအမှုတို့၌ လူအပေါင်းတို့ကိုနှစ်သက်စေရန် ကြိုးစားနေ၏။
၁ ကော 11:1 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ခရစ်တော်ကိုအတုယူသူဖြစ်သကဲ့သို့ သင်တို့သည်လည်း ငါ့ကိုအတုယူသူများဖြစ်ကြလော့။ Common Language Bible သို့ဖြစ်၍ငါသည်ခရစ်တော်ထံမှအတု ယူသကဲ့သို့ သင်တို့သည်ငါ့ထံမှအတု ယူကြလော့။ Garrad Bible ငါ သည် ခ ရစ် တော်၏ ပုံ စံ ကို လိုက် သည့် နည်း တူ ပင် သင် တို့ လည်း ငါ့ ပုံ စံ ကို လိုက် ကြ လော့။ Judson Bible ငါသည်ခရစ်တော်၏ နည်းတူကျင့်သကဲ့သို့ သင်တို့လည်း ငါ့နည်းတူ ကျင့်ကြလော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် ခရစ်တော်ကို အတုယူသကဲ့သို့ သင်တို့သည်လည်း ကျွန်ုပ်ကို အတုယူကြလော့။ |
ထိုနည်းတူ ငါသည်လည်း လူတို့ကယ်တင်ခြင်းခံရမည့်အကြောင်း ကိုယ်ကျိုးကိုမရှာဘဲ အများအကျိုးကိုရှေးရှုလျက် ခပ်သိမ်းသောအမှုတို့၌ လူအပေါင်းတို့ကိုနှစ်သက်စေရန် ကြိုးစားနေ၏။
သို့ဖြစ်၍ ငါ့ကိုအတုယူသူများဖြစ်ကြရန် သင်တို့ကို ငါတိုက်တွန်းနှိုးဆော်၏။
ညီအစ်ကိုတို့၊ ငါ့ကိုအတုယူသူများဖြစ်ကြလော့။ ငါတို့ထံမှရရှိသောစံနမူနာအတိုင်း အသက်ရှင်လျှောက်လှမ်းနေကြသောသူတို့ကိုလည်း ကြည့်ရှုမှတ်သားကြလော့။
သင်တို့သည်လည်း များစွာသောဆင်းရဲဒုက္ခထဲ၌ သန့်ရှင်းသောဝိညာဉ်တော်ထံမှရရှိသောဝမ်းမြောက်ခြင်းဖြင့် နှုတ်ကပတ်တော်ကိုလက်ခံ၍ ငါတို့နှင့်သခင်ဘုရားကို အတုယူသူများဖြစ်ကြ၏။
ထိုသို့ပြုခြင်းမှာ ငါတို့၌ အခွင့်မရှိသောကြောင့်မဟုတ်။ ငါတို့ကိုအတုယူနိုင်ရန် ငါတို့ကိုယ်တိုင် သင်တို့အား စံနမူနာပြလိုသောကြောင့်သာဖြစ်၏။
ဤသည်ကား သင်တို့သည် ပျင်းရိခြင်းမရှိဘဲ ယုံကြည်ခြင်းနှင့်စိတ်ရှည်ခြင်းတို့အားဖြင့် ကတိတော်ကိုအမွေဆက်ခံသောသူတို့အား အတုယူသူများဖြစ်ကြမည့်အကြောင်းတည်း။