သင်တို့အား ငါဆိုသည်ကား ငါ့ခမည်းတော်၏နိုင်ငံတော်၌ သင်တို့နှင့်အတူအသစ်ပြန်သောက်မည့် ထိုနေ့ရက်တိုင်အောင် ယခုမှစ၍ စပျစ်သီးမှဖြစ်သောဤအရည်ကို ငါလုံးဝသောက်မည်မဟုတ်”ဟု မိန့်တော်မူ၏။
ဧဖက် 2:6 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ခရစ်တော်ယေရှုအားဖြင့် ငါတို့ကို ကိုယ်တော်နှင့်အတူထမြောက်စေ၍ အထက်ကောင်းကင်အရပ်၌ ကိုယ်တော်နှင့်အတူထိုင်စေတော်မူ၏။ Common Language Bible ငါတို့သည်ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်သဖြင့်ဘုရားသခင်သည် ငါတို့အား ခရစ်တော်နှင့်အတူသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူ၍ ထိုအရှင်နှင့်အတူကောင်းကင် လောကတွင်စိုးစံခွင့်ကိုပေးတော်မူ၏။- Judson Bible ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက်စေ၍ ကောင်းကင်အရပ်၌ နေရာပေးတော်မူပြီ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သော ကျွန်ုပ်တို့ကို ကိုယ်တော်နှင့်အတူ ထမြောက်စေတော်မူပြီးလျှင် ကောင်းကင်အရပ်တွင် ကိုယ်တော်နှင့်အတူ ထိုင်စေတော်မူ၏။ |
သင်တို့အား ငါဆိုသည်ကား ငါ့ခမည်းတော်၏နိုင်ငံတော်၌ သင်တို့နှင့်အတူအသစ်ပြန်သောက်မည့် ထိုနေ့ရက်တိုင်အောင် ယခုမှစ၍ စပျစ်သီးမှဖြစ်သောဤအရည်ကို ငါလုံးဝသောက်မည်မဟုတ်”ဟု မိန့်တော်မူ၏။
သခင်ပြန်လာသောအခါ သတိနှင့်စောင့်နေကြသည်ကို သခင်တွေ့ရသောအစေအပါးတို့သည် မင်္ဂလာရှိကြ၏။ သင်တို့အား ငါအမှန်ဆိုသည်ကား သခင်သည် မိမိခါးကိုစည်းလျက် သူတို့ကိုထိုင်စေပြီးလျှင် အနားသို့လာ၍ သူတို့ကိုလုပ်ကျွေးပြုစုလိမ့်မည်။
မည်သူမဆို ငါ၏အမှုကိုဆောင်ရွက်မည်ဆိုလျှင် ထိုသူသည် ငါ့နောက်သို့လိုက်ရမည်။ ထိုအခါ ငါရှိရာအရပ်၌ ငါ၏အမှုဆောင်လည်းရှိလိမ့်မည်။ မည်သူမဆို ငါ၏အမှုကိုဆောင်ရွက်မည်ဆိုလျှင် ထိုသူကို ခမည်းတော်သည် ချီးမြှောက်တော်မူလိမ့်မည်။
ထိုသို့သွား၍ သင်တို့အတွက်နေရာပြင်ဆင်ပြီးလျှင် ငါရှိရာအရပ်၌ သင်တို့လည်းရှိစေရန် တစ်ဖန်ပြန်လာ၍ သင်တို့ကို ငါ့ထံသို့ ခေါ်ယူသိမ်းဆည်းမည်။
ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေရှု၏တမန်တော်ဖြစ်သော ငါပေါလုသည် ခရစ်တော်ယေရှု၌သစ္စာရှိသည့် ဧဖက်မြို့တွင်နေကြသောသန့်ရှင်းသူများထံသို့ စာရေးလိုက်ပါ၏။
အထက်ကောင်းကင်အရပ်တွင်ရှိသော ဝိညာဉ်ရေးဆိုင်ရာကောင်းချီးမင်္ဂလာအပေါင်းတို့ဖြင့် ငါတို့ကို ခရစ်တော်၌ ကောင်းချီးပေးတော်မူသည့် ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်ဖြစ်တော်မူသော ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။
အကြောင်းမူကား ငါတို့သည် ကောင်းသောအမှုများကိုပြုရန် ခရစ်တော်ယေရှု၌ဖန်ဆင်းခြင်းခံရသော ဘုရားသခင်၏လက်ရာတော်ဖြစ်ကြ၏။ ထိုကောင်းသောအမှုများ၌ ငါတို့အသက်ရှင်လျှောက်လှမ်းကြရန် ဘုရားသခင်သည် ထိုအမှုများကို ကြိုတင်ပြင်ဆင်ထားတော်မူ၏။
သို့သော် တစ်ချိန်က ဝေးကွာလျက်ရှိခဲ့သောသင်တို့သည် ယခုအခါ ခရစ်တော်ယေရှု၌ ခရစ်တော်၏သွေးတော်အားဖြင့် အနီးသို့ရောက်ရကြပြီ။
ကိုယ်တော်သည် အသင်းတော်တည်းဟူသော ကိုယ်ခန္ဓာတော်၏ဦးခေါင်းဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့၌ အထွတ်အထိပ်ဖြစ်မည့်အကြောင်း အစအဦးဖြစ်တော်မူပြီး သေသောသူတို့ထဲမှ အဦးဆုံးဖွားမြင်လာသူဖြစ်တော်မူ၏။