သူတို့သည် ဂျေရုဆလင်မြို့၏ဘုရားသခင်ကို လူ့လက်ဖြင့်လုပ်သောအရာများဖြစ်သည့် မြေကြီးပေါ်ရှိလူမျိုးတို့၏ဘုရားများနှင့်တူသည်ဟု ကဲ့ရဲ့ပြောဆိုကြ၏။
ဧဇရ 7:19 - မြန်မာ့စံမီသမ္မာကျမ်း သင်၌အပ်ထားသော သင်၏ဘုရားသခင်အိမ်တော်ဝတ်ပြုခြင်းဆိုင်ရာအသုံးအဆောင်များကိုလည်း ဂျေရုဆလင်မြို့ရှိ ဘုရားသခင်ထံ ပြန်လည်ဆက်သလော့။ Common Language Bible ဗိမာန်တော်ဝတ်ပြုကိုးကွယ်မှုတွင်အသုံး ပြုရန် သင့်အားပေးအပ်လိုက်သည့်အသုံး အဆောင်တို့ကို ယေရုရှလင်မြို့တွင်စံတော် မူသောထာဝရဘုရားအားဆက်သလော့။- Garrad Bible သင့် လက် သို့ ပေး အပ် သော၊ ဘု ရား သ ခင့် ဗိ မာန် တော် ဆိုင် ရာ အ သုံး အ ဆောင် များ ကို၊ ယေ ရု ရှ လင် မြို့ ဘု ရား သ ခင့် ထံ ဆက် သွင်း လော့။ Judson Bible သင်၏ဘုရား အိမ်တော်ဝတ်ပြုစရာဖို့ သင်၌အပ်ပေးသော တန်ဆာများကိုလည်း၊ ယေရုရှလင်မြို့၏ ဘုရားသခင့်ရှေ့တော်တွင် သိုထားလော့။ |
သူတို့သည် ဂျေရုဆလင်မြို့၏ဘုရားသခင်ကို လူ့လက်ဖြင့်လုပ်သောအရာများဖြစ်သည့် မြေကြီးပေါ်ရှိလူမျိုးတို့၏ဘုရားများနှင့်တူသည်ဟု ကဲ့ရဲ့ပြောဆိုကြ၏။
ကျန်ရှိမည့်ရွှေငွေတို့ကို သင်နှင့်သင့်ညီအစ်ကိုတို့ ကောင်းမည်ဟုထင်သည့်အတိုင်း သင်တို့၏ဘုရားသခင်အလိုတော်နှင့်အညီ အသုံးပြုနိုင်၏။
သင်၏ဘုရားသခင်အိမ်တော်အဖို့ အခြားလိုအပ်သည်များကို ပေးရမည်ဆိုလျှင် ဘုရင့်ဘဏ္ဍာတိုက်မှ ထုတ်ယူပေးလော့။
‘ထိုအသုံးအဆောင်တို့ကို ဘေဘီလုံမြို့သို့ ယူဆောင်သွားကြလိမ့်မည်။ ငါအကြည့်အရှုကြွလာမည့်နေ့အထိ ထိုမြို့တွင် ထားကြလိမ့်မည်။ ထို့နောက်မှ ထိုအသုံးအဆောင်တို့ကို ပြန်ယူဆောင်လာ၍ ဤနေရာ၌ထားမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆို၏။
“ထိုကာလ၌ သူတို့သည် ဂျေရုဆလင်မြို့ကို ‘ထာဝရဘုရား၏ပလ္လင်’ဟု ခေါ်ဆိုကြလိမ့်မည်။ လူမျိုးအပေါင်းတို့သည် ထာဝရဘုရား၏နာမတော်အတွက် ဂျေရုဆလင်မြို့၌ စုဝေးကြလိမ့်မည်။ သူတို့သည် ဆိုးညစ်မာကျောသောစိတ်သဘောနောက်သို့ လိုက်ကြတော့မည်မဟုတ်။