ထိုမြို့ကိုပြန်လည်တည်ဆောက်၍ မြို့ရိုးများကိုလက်စသတ်လျှင် သူတို့သည် အခွန်အကောက်၊ ဆက်ကြေးတို့ကိုပေးဆောင်တော့မည်မဟုတ်ဘဲ ဘုရင့်ဘဏ္ဍာတော်ထိခိုက်မည်ကို အရှင်မင်းကြီးသိမှတ်တော်မူပါ။
ဧဇရ 4:22 - မြန်မာ့စံမီသမ္မာကျမ်း ဤအမှုကို အထူးဂရုပြုလော့။ မပေါ့ဆကြနှင့်။ အဘယ်ကြောင့် ရှင်ဘုရင်၏အကျိုးယုတ်လျော့အောင် ထပ်ပြုကြမည်နည်း”ဟု ပါရှိ၏။ Common Language Bible ငါ၏အကျိုးကိုထပ်မံ၍မထိမခိုက်စေရန်ယင်းအမိန့်ကိုချက်ချင်းထုတ်ပြန်ကြရမည်'' ဟူ၍တည်း။ Garrad Bible သင် တို့ လည်း၊ အ ကျိုး တော် မ ယုတ် စိမ့် သော ငှာ၊ ဤ အ မှု အ ရေး နှင့် စပ် လျဉ်း ၍ လုံ့ လ ထုတ် ကြ လော့ ဟု ပြန်ကြား လိုက် ၏။ Judson Bible နိုင်ငံတော်အကျိုး မပျက်စီးစေခြင်းငှာ သတိပြု၍ ဤအမှုကို စေ့စေ့ကြည့်ရှုကြလော့ဟု မိန့်တော်မူ၏။ |
ထိုမြို့ကိုပြန်လည်တည်ဆောက်၍ မြို့ရိုးများကိုလက်စသတ်လျှင် သူတို့သည် အခွန်အကောက်၊ ဆက်ကြေးတို့ကိုပေးဆောင်တော့မည်မဟုတ်ဘဲ ဘုရင့်ဘဏ္ဍာတော်ထိခိုက်မည်ကို အရှင်မင်းကြီးသိမှတ်တော်မူပါ။
ထို့ကြောင့် ယခု ဤတည်ဆောက်ခြင်းအမှုကို ရပ်တန့်ဖို့ အမိန့်စာထုတ်ပြန်လော့။ ငါ့အမိန့်တော် မရမချင်း ဤမြို့ကို ပြန်လည်တည်ဆောက်ခြင်း မပြုရ။
အာတဇေရဇ်မင်းကြီးထံမှ ပြန်စာကို ရေဟုံ၊ စာရေးတော်ကြီးရှိမရှဲနှင့် သူတို့အပေါင်းပါရှေ့၌ ဖတ်ပြီးလျှင် ဂျူးလူမျိုးတို့ရှိရာဂျေရုဆလင်မြို့သို့ ချက်ချင်းသွား၍ အင်အားသုံးပြီး ဆောက်လုပ်ရေးအမှုကို အတင်းအကျပ်ရပ်ဆိုင်းစေ၏။
ထိုသူတို့အထက်တွင် ဒံယေလအပါအဝင် အုပ်ချုပ်ရေးမှူးသုံးဦးကို ခန့်ထား၏။ ဘုရင်၏အကျိုးမယုတ်စေရန် အမှုကိစ္စတို့ကို အုပ်ချုပ်ရေးအရာရှိတို့က အုပ်ချုပ်ရေးမှူးသုံးဦးထံ အစီရင်ခံတင်ပြရ၏။
ဒံယေလတွင် ထူးကဲသောဝိညာဉ်ရှိ၍ အခြားအုပ်ချုပ်ရေးမှူး၊ အုပ်ချုပ်ရေးအရာရှိတို့ထက် ထူးချွန်ထက်မြက်သောကြောင့် ရှင်ဘုရင်သည် သူ့အား နိုင်ငံတော်တစ်ခုလုံးကို အုပ်ချုပ်စေမည်ဟု အကြံရှိ၏။