ဟေဇကိမင်းကြီးသည် ထိုစကားကိုကြားလျှင် မိမိအဝတ်ကိုဆုတ်ဖြဲ၍ လျှော်တေအဝတ်ကိုဝတ်ပြီး ထာဝရဘုရား၏အိမ်တော်သို့ သွားလေ၏။
ဟေရှာယ 37:37 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အဆီးရီးယားဘုရင်သနာခရိပ်မင်းကြီးသည် တပ်စခန်းသိမ်း၍လှည့်ပြန်သွားပြီး နိနေဝေမြို့၌ စံမြန်းလေ၏။ Common Language Bible ထိုအခါအာရှုရိဧကရာဇ်မင်းသည်တပ် ခေါက်၍နိနေဝေမြို့သို့ပြန်တော်မူ၏။- Garrad Bible အာ ရှု ရိ ဘု ရင် သ နာ ခ ရိပ် မင်း ဆုတ် ခွာ ပြန် သွား၍ နိ န ဝေ မြို့၌ စံ နေ စဉ်၊ Judson Bible အာရှုရိရှင်ဘုရင် သနာခရိပ်သည်လည်း၊ ထိုအရပ်မှထွက်၍ ပြန်သွားပြီးလျှင်၊ နိနေဝေမြို့၌ နေလေ၏။ |
ဟေဇကိမင်းကြီးသည် ထိုစကားကိုကြားလျှင် မိမိအဝတ်ကိုဆုတ်ဖြဲ၍ လျှော်တေအဝတ်ကိုဝတ်ပြီး ထာဝရဘုရား၏အိမ်တော်သို့ သွားလေ၏။
ဤသို့ ဟေဇကိမင်းကြီးသည် ဤအမှုတို့ကို သစ္စာရှိစွာဆောင်ရွက်ပြီးသည့်နောက်တွင် အဆီးရီးယားဘုရင်သနာခရိပ်မင်းကြီးသည် စစ်ချီလာ၏။ ထိုမင်းသည် ယုဒပြည်ထဲသို့ ဝင်ရောက်၍ ခံတပ်မြို့များကို ဝိုင်းထားပြီး ထိုးဖောက်တိုက်ခိုက်ရန် အကြံရှိ၏။
“အဆီးရီးယားသည် လူ့ဓားမဟုတ်သောဓားဖြင့် ကျဆုံးလိမ့်မည်။ လူ့ဓားမဟုတ်သောဓားသည် သူ့ကိုဝါးမျိုမည်။ သူသည် ဓားဘေးမှထွက်ပြေးရမည်။ သူ၏လူပျိုတို့သည် အခိုင်းအစေဖြစ်ကြရမည်။
သူ၏ကျောက်သည် ကြောက်လန့်၍ ပျောက်ကွယ်သွားလိမ့်မည်။ သူ၏အကြီးအကဲတို့သည် အချက်ပြအလံကြောင့် စိတ်ပျက်ကြလိမ့်မည်”ဟု ဇိအုန်တောင်ပေါ်တွင်မီး၊ ဂျေရုဆလင်မြို့တွင် မီးဖိုတည်တော်မူသော ထာဝရဘုရားမိန့်တော်မူ၏။
နားမလည်နိုင်အောင် ထူးဆန်းသောဘာသာစကားပြောဆိုသော၊ နားမလည်နိုင်အောင် မပီမသစကားပြောဆိုသော ရိုင်းစိုင်းသည့်လူမျိုးကို သင်တွေ့ရတော့မည်မဟုတ်။
သင်သည် ငါ့ကိုအမျက်ထွက်သောကြောင့်၊ သင်စော်ကားပြောဆိုသောစကားကို ငါကြားရသောကြောင့် ငါသည် သင့်ကို နဖားကြိုးတပ်မည်၊ ဇက်ကြိုးတပ်မည်။ သင်လာသောလမ်းဖြင့် သင့်ကိုပြန်စေမည် ဟူ၍မိန့်ဆိုပြီ’ဟု မိန့်တော်မူ၏။
ကြည့်ရှုလော့။ ငါသည် သူ၌အခြားသောစိတ်သဘောကိုသွင်းပေးမည်။ သူသည် သတင်းတစ်ခုကြား၍ မိမိပြည်သို့ ပြန်သွားလိမ့်မည်။ ထို့နောက် သူ့ပြည်၌ သူ့ကို ဓားဖြင့်ကျဆုံးစေမည်’ဟူ၍ မိန့်တော်မူသည်”ဟု သူတို့အား ဆင့်ဆို၏။
“ထလော့။ နိနေဝေမြို့ကြီးသို့ သွားလော့။ သူတို့ပြုသောမကောင်းမှုများသည် ငါ့ရှေ့မှောက်တွင် ထင်ရှားလှပြီဖြစ်၍ သူတို့ကို ဆန့်ကျင်ဟောပြောလော့”ဟု မိန့်ဆို၏။
ထိုအခါ ယောနသည် ထ၍ ထာဝရဘုရား၏အမိန့်တော်အတိုင်း နိနေဝေမြို့သို့ သွားလေ၏။ နိနေဝေမြို့သည် အလွန်ကြီးသောမြို့ဖြစ်၍ သုံးရက်ခရီးအကျယ်အဝန်းရှိ၏။
ငါသည် တိရစ္ဆာန်အများအပြားကို မဆိုထားနှင့်၊ မိမိလက်ဝဲလက်ယာကိုပင် ခွဲခြားမသိနိုင်သောလူတစ်သိန်းနှစ်သောင်းကျော်ရှိသောနိနေဝေမြို့ကြီးကို နှမြောသင့်သည်မဟုတ်လော”ဟု မိန့်တော်မူ၏။
သူတို့သည် အဆီးရီးယားပြည်ကို ဓားဖြင့်စောင့်ကြပ်လိမ့်မည်။ နိမ်ရောဒပြည်အဝင်ဝတို့၌လည်း စောင့်ကြပ်လိမ့်မည်။ အဆီးရီးယားလူမျိုးတို့သည် ငါတို့ပြည်သို့လာ၍ ငါတို့နယ်နိမိတ်ထဲသို့ ကျူးကျော်ဝင်ရောက်သောအခါ သူတို့သည် ငါတို့ကို အဆီးရီးယားလူမျိုးတို့လက်မှ ကယ်တင်လိမ့်မည်။
နိနေဝေမြို့နှင့်ဆိုင်သောဗျာဒိတ်တော်၊ ဧလကောရှရွာသားနာဟုံခံရသောဗျာဒိတ်နိမိတ်ဆိုင်ရာမှတ်တမ်းကား ဤသို့တည်း။
ကိုယ်တော်သည် မြောက်ဘက်အရပ်သို့ လက်ကိုဆန့်၍ အဆီးရီးယားပြည်ကို ဖျက်ဆီးမည်။ နိနေဝေမြို့ကိုလည်း လူသူကင်းမဲ့ရာ၊ ခြောက်သွေ့သောကန္တာရကဲ့သို့ ဖြစ်စေမည်။
တရားစီရင်တော်မူသည့်အခါ နိနေဝေမြို့သားတို့သည် ဤမျိုးဆက်နှင့်အတူထမြောက်လျက် ဤမျိုးဆက်၏အပြစ်ကို ထင်ရှားစေကြလိမ့်မည်။ အကြောင်းမူကား သူတို့သည် ယောန၏ဟောပြောချက်ကြောင့် နောင်တရကြ၏။ ကြည့်ရှုလော့။ ဤအရပ်၌ ယောနထက် ကြီးမြတ်သောသူရှိ၏။