လူအပေါင်းတို့သည် မိုးချုန်းသံများနှင့်တံပိုးမှုတ်သံကိုကြား၍ လျှပ်စီးများနှင့်မီးခိုးထွက်နေသောတောင်ကို တွေ့မြင်ကြသောအခါ လူတို့သည် ကြောက်ရွံ့တုန်လှုပ်၍ အဝေး၌ရပ်လျက်နေကြ၏။
ဟေဗြဲ 12:18 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် တို့ထိစမ်းသပ်နိုင်သောတောင်တည်းဟူသော မီးတောက်လောင်ခြင်း၊ မှုန်မှိုင်းခြင်း၊ မှောင်မည်းခြင်း၊ မိုးသက်မုန်တိုင်း၊ Common Language Bible ဣသရေလအမျိုးသားတို့ကဲ့သို့သင်တို့ သည်လက်နှင့်စမ်းသပ်နိုင်သောသိနာတောင် သို့ရောက်ရှိနေကြသည်မဟုတ်။ ထိုတောင် သည်မီးတောက်မီးလျှံထ၍မဲမှောင်ညိုမှိုင်း ကာမုန်တိုင်းကျလျက် တံပိုးခရာမှုတ်သံ နှင့်ဗျာဒိတ်တော်အသံထွက်ပေါ်လာသည့် တောင်ဖြစ်၏။ ဣသရေလအမျိုးသားတို့သည် ဗျာဒိတ်တော်အသံကိုနောက်တစ်ဖန်မကြား ရစေရန်မောရှေအားတောင်းပန်ကြ၏။- Garrad Bible သင် တို့ သည် စမ်း သပ် နိုင် သော တောင်၊ မီး တောက် ခြင်း၊ မှောင် ခြင်း၊ မိုက် ခြင်း၊ မုန် တိုင်း ကျ ခြင်း၊ တံ ပိုး မှုတ် ခြင်း တောင်၊ Judson Bible ထိုမှတစ်ပါး၊ သင်တို့သည် လက်နှင့်တွေ့နိုင်သော တောင်သို့လည်းကောင်း၊ လောင်သောမီးသို့လည်းကောင်း၊ မည်းသောတိမ်တိုက်၊ မှောင်မိုက်၊ မိုးသက်မုန်တိုင်းသို့ လည်းကောင်း၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိတွေ့စမ်းသပ်နိုင်သော သိနတောင်သို့ သင်တို့ ရောက်ကြသည်မဟုတ်။ ထိုတောင်သည် မီးတောက်လောင်လျက် အုံ့မှိုင်းနေပြီး မှောင်မိုက်ကာ မိုးသက်မုန်တိုင်းကျ၍ |
လူအပေါင်းတို့သည် မိုးချုန်းသံများနှင့်တံပိုးမှုတ်သံကိုကြား၍ လျှပ်စီးများနှင့်မီးခိုးထွက်နေသောတောင်ကို တွေ့မြင်ကြသောအခါ လူတို့သည် ကြောက်ရွံ့တုန်လှုပ်၍ အဝေး၌ရပ်လျက်နေကြ၏။
ထာဝရဘုရား၏ဘုန်းအသရေတော်သည် အစ္စရေးအမျိုးသားတို့မျက်မှောက်တွင် တောင်ထိပ်ပေါ်၌လောင်ကျွမ်းနေသောမီးကဲ့သို့ ထင်ရှား၏။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ပညတ်တရားလက်အောက်၌မရှိဘဲ ကျေးဇူးတော်လက်အောက်၌ရှိကြသည်ဖြစ်၍ အပြစ်တရားသည် သင်တို့ကို အစိုးတရပြုလိမ့်မည်မဟုတ်။
သင်တို့သည် ကြောက်ရွံ့ခြင်းသို့ တစ်ဖန်ရောက်စေသော ကျွန်၏ဝိညာဉ်ကိုခံယူရရှိကြသည်မဟုတ်ဘဲ သားသမီးအရာကိုပေးသောဝိညာဉ်တော်ကို ခံယူရရှိကြ၏။ ထိုဝိညာဉ်တော်အားဖြင့် “အဗ္ဗ၊ အဖ”ဟု ငါတို့ခေါ်ကြ၏။
ကျောက်ပြားပေါ်ရေးထွင်း၍ အက္ခရာတင်ထားသော သေခြင်းနှင့်ဆိုင်သည့် အမှုပင်လျှင် ဘုန်းအသရေဖြင့်ရောက်လာ၍ မောရှေ၏မျက်နှာမှထွက်သော မှေးမှိန်သွားသည့်ဘုန်းအသရေကြောင့် အစ္စရေးအမျိုးသားတို့သည် သူ၏မျက်နှာကို စေ့စေ့မကြည့်နိုင်ခဲ့ကြသည်ဆိုလျှင်
အကြောင်းမူကား အပြစ်ကိုထင်ရှားစေသည့်အမှု၌ ဘုန်းအသရေရှိလျှင် ဖြောင့်မတ်ခြင်းနှင့်ဆိုင်သောအမှုသည် သာ၍ကြီးမားသောဘုန်းအသရေနှင့် ပြည့်စုံပေလိမ့်မည်။
သင်တို့လည်း ချဉ်းကပ်လာ၍ တောင်ခြေရင်း၌ ရပ်နေကြ၏။ ထိုအခါ တောင်ပေါ်၌ မိုးကောင်းကင်အလယ်တိုင်အောင် မီးတောက်လောင်ပြီး မှောင်မည်းသောမိုးတိမ်နှင့်အမှောင်ထုဖုံးလေ၏။
ထိုအချိန်၌ သင်တို့သည် မီးကိုကြောက်၍ တောင်ပေါ်သို့မတက်ဝံ့ကြသောကြောင့် ငါသည် ထာဝရဘုရားနှင့်သင်တို့ကြား၌ ရပ်လျက် ထာဝရဘုရား၏စကားတော်ကို သင်တို့အား ပြန်ပြောပြခဲ့၏။ မိန့်တော်မူသောစကားမှာ
အကြောင်းမူကား ဘုရားသခင်သည် ငါတို့အား ကြောက်တတ်သောဝိညာဉ်ကို ပေးတော်မူသည်မဟုတ်ဘဲ တန်ခိုး၊ ချစ်ခြင်းမေတ္တာ၊ မိမိကိုယ်ကိုချုပ်တည်းခြင်းတို့နှင့်ဆိုင်သောဝိညာဉ်ကို ပေးတော်မူ၏။