ရှေခင်၏စိတ်နှလုံးသည် ယာကုပ်၏သမီးဒိနကိုစွဲလမ်း၏။ သူသည် ထိုမိန်းကလေးကိုချစ်၏။ ကြင်နာစွာစကားပြော၏။
ဟောရှေ 2:16 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရားက “ထိုနေ့တွင် သင်သည် ငါ့ကို ‘သခင်’ဟု မခေါ်တော့ဘဲ ‘ခင်ပွန်း’ဟု ခေါ်လိမ့်မည်။ Common Language Bible ထိုအခါသူသည်ငါ့အားဗာလဟုမခေါ် တော့ဘဲခင်ပွန်းဟုတစ်ဖန်ခေါ်လိမ့်မည်။- Garrad Bible ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ဗာ လ များ ဟူ၍ မ မြွက် မ ဆို၊ မ မှတ် မ သား ရ သည့် တိုင် အောင်၊ ၎င်း အ မည် များ ကို ငါ ပယ် မည် နှင့် အ ညီ၊ ထို ကာ လ ၌ ငါ့ ကို ကာ မ ပိုင် ဟု ဆက် လက် မ ခေါ် ရ ဘဲ၊ ခင် ပွန်း ဟု သ မုတ် ရ လိမ့် မည်။ Judson Bible ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ သင်သည်ငါ့ကို သခင်ဟူ၍ မခေါ်ရ၊ ခင်ပွန်းဟူ၍ ခေါ်ရမည်။ |
ရှေခင်၏စိတ်နှလုံးသည် ယာကုပ်၏သမီးဒိနကိုစွဲလမ်း၏။ သူသည် ထိုမိန်းကလေးကိုချစ်၏။ ကြင်နာစွာစကားပြော၏။
“စစ်ပွဲ ပြီးဆုံးပြီ။ ထာဝရဘုရား၏လက်တော်မှ မိမိအပြစ်အတွက် နှစ်ဆခံယူပြီးပြီဖြစ်၍ အပြစ်လည်း ခွင့်လွှတ်ခြင်းခံရပြီ”ဟု ဂျေရုဆလင်မြို့အား ကြေညာပြီး နှစ်သိမ့်ပေးလော့။
အကြောင်းမူကား သင့်ကိုဖန်ဆင်းတော်မူသောအရှင်သည် သင်၏ခင်ပွန်းဖြစ်၏။ နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။ သင့်ကိုရွေးနုတ်တော်မူသောအရှင်သည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ဖြစ်၏။ မြေကြီးတစ်ပြင်လုံး၏ဘုရားဟု ခေါ်ဝေါ်ခြင်းခံရ၏။
အို လမ်းလွဲသောသားသမီးတို့၊ ပြန်လာကြလော့”ဟု မိန့်တော်မူ၏။ ထာဝရဘုရားက “ငါသည် သင်တို့၏ခင်ပွန်းဖြစ်၏။ သင်တို့ကို မြို့တစ်မြို့လျှင်တစ်ယောက်၊ မျိုးနွယ်စုတစ်စုလျှင်နှစ်ယောက် ရွေးယူ၍ ဇိအုန်မြို့သို့ပို့ဆောင်မည်။
သင်တို့ကို လူမျိုးတကာတို့နေရာ တောကန္တာရသို့ ခေါ်ဆောင်သွားပြီး ထိုနေရာတွင် သင်တို့ကို မျက်နှာချင်းဆိုင် စီရင်မည်။
သူသည် သူ့ချစ်သူတို့နောက်သို့လိုက်သော်လည်း မီမည်မဟုတ်။ သူတို့ကိုရှာသော်လည်း တွေ့မည်မဟုတ်။ ထိုအခါ သူက ‘ယခင်ယောက်ျားထံ ပြန်သွားမည်၊ သူသည် အခြားသူတို့ထက် ပိုကောင်း၏’ဟု ဆိုလိမ့်မည်။
သတို့သမီးကိုရသောသူသည် သတို့သားဖြစ်၏။ သတို့သား၏အသံကို ရပ်လျက်နားထောင်နေသော သတို့သား၏မိတ်ဆွေမူကား သတို့သား၏အသံကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်၏။ သို့ဖြစ်၍ ငါသည်လည်း ထိုဝမ်းမြောက်ခြင်းနှင့် ပြည့်ဝလျက်ရှိ၏။
ဤသို့ဆိုရခြင်းမှာ ငါသည် ဘုရားသခင်၏သဝန်တိုစိတ်မျိုးဖြင့် သင်တို့ကို သဝန်တို၏။ အကြောင်းမူကား ငါသည် သင်တို့ကို ဖြူစင်သန့်ရှင်းသောအပျိုကညာအဖြစ် ခရစ်တော်အားဆက်သလျက် ထိုတစ်ဦးတည်းသောခင်ပွန်းနှင့်စေ့စပ်ကြောင်းလမ်းထားပြီဖြစ်၏။
ငါတို့သည် ဝမ်းမြောက်ရွှင်မြူးလျက် ကိုယ်တော်၏ဘုန်းတော်ကိုချီးမွမ်းကြကုန်စို့။ အဘယ်ကြောင့်ဆိုသော် သိုးသငယ်တော်၏မင်္ဂလာဆောင်ပွဲအချိန်ကျရောက်လာ၍ သူ၏သတို့သမီးသည် မိမိကိုယ်ကိုပြင်ဆင်လေပြီ။
သူ့ခင်ပွန်းကလည်း သူ့ကိုချော့မော့ပြီး ပြန်ခေါ်လာရန် မိမိငယ်သားနှင့်အတူ မြည်းနှစ်ကောင်နှင့် ခရီးထွက်လာခဲ့၏။ မယားငယ်သည် ခင်ပွန်းသည်ကို ဖခင်အိမ်သို့ခေါ်သွား၍ ဖခင်ကမြင်သောအခါ ဝမ်းသာအားရကြိုဆို၏။
ရုသကလည်း “အကျွန်ုပ်၏သခင်၊ အကျွန်ုပ်သည် သခင့်ရှေ့တွင် မျက်နှာရပါစေ။ အကျွန်ုပ်သည် သခင်၏ကျွန်မတစ်ဦးမဟုတ်သော်လည်း သခင်သည် အကျွန်ုပ်အား ကြင်နာစွာစကားဆို၍နှစ်သိမ့်ပါပြီ”ဟု ပြန်ပြော၏။