ကြွင်းကျန်သောမေရာရိသားမြေးများအဖို့ ဇာဗုလုန်အမျိုးအနွယ်ထံမှ ရိမ္မုန်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ တာဗော်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊
သူကြီး 20:45 - မြန်မာ့စံမီသမ္မာကျမ်း အချို့တို့သည် တောကန္တာရရှိ ရိမ္မုန်ကျောက်ဆောင်သို့ထွက်ပြေးကြသဖြင့် အစ္စရေးတပ်ကလိုက်လံသတ်ဖြတ်ရာ လမ်းတစ်လျှောက်တွင် လူအယောက်ငါးထောင်ကို သတ်ဖြတ်၏။ ဂိဒုံမြို့အထိ ဆက်လိုက်၍ လူနှစ်ထောင်ကို သတ်ဖြတ်လေ၏။ Common Language Bible အခြားသူတို့သည်လှည့်၍တောကန္တာရဘက်သို့ ပြေးပြီးလျှင်ရိမ္မုန်ကျောက်သို့ရောက်ကြ၏။ လမ်း များပေါ်၌ထိုသူတို့အနက်လူငါးထောင်မျှ ကျဆုံးရလေသည်။ ဣသရေလအမျိုးသား တို့သည်ကျန်ရှိသေးသူတို့အား ဂိဒုံမြို့တိုင် အောင်ဆက်လက်လိုက်လံတိုက်ခိုက်၍လူနှစ် ထောင်ကိုသတ်ဖြတ်လိုက်လေသည်။- Garrad Bible ကျန် သော သူ တို့ လှည့်၍ တော အ ရပ် ရှိ ရိ မ္မုန် ကျောက် တောင် သို့ ပြေး ကြ စဉ်၊ လိုက် လံ သူ တို့ သည် လူ ငါး ထောင် ကို လမ်း တွင် ကောက် သိမ်း၍ ဂိ ဒုံ မြို့ တိုင် လိုက် လံ လျက် လူ နှစ် ထောင် ကို လုပ် ကြံ ကြ သ ဖြင့် Judson Bible ကြွင်းသောသူတို့သည် လှည့်၍ တောအရပ် ရိမ္မုန်ကျောက်သို့ ပြေးကြစဉ်တွင်၊ လိုက်သောသူတို့သည် လူငါးထောင်တို့ကို လမ်းမှာဖမ်းမိကြ၏။ ဂိဒုံမြို့တိုင်အောင် အပြင်းလိုက်၍ လူနှစ်ထောင်တို့ကိုလည်း သတ်ကြ၏။ |
ကြွင်းကျန်သောမေရာရိသားမြေးများအဖို့ ဇာဗုလုန်အမျိုးအနွယ်ထံမှ ရိမ္မုန်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ တာဗော်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊
ဂေဗမြို့မှဂျေရုဆလင်မြို့တောင်ဘက် ရိမ္မုန်မြို့တိုင်အောင် မြေတစ်ပြင်လုံးသည် လွင်ပြင်ဖြစ်လိမ့်မည်။ ဂျေရုဆလင်မြို့ကား မြှင့်တင်ခြင်းကိုခံရ၍ ဗင်္ယာမိန်တံခါးမှ မြို့တံခါးဟောင်းနေရာမြို့ထောင့်တံခါးအထိလည်းကောင်း၊ ရှိဟာနနေလမျှော်စင်မှသည် တော်ဝင်စပျစ်သီးနယ်ရာကျင်းအထိလည်းကောင်း ယခင်နေရာ၌ တည်ရှိလိမ့်မည်။
လေဗောက်မြို့၊ ရှိလဟိမ်မြို့၊ အဣနမြို့၊ ရိမ္မုန်မြို့ စသည့်မြို့ပေါင်း နှစ်ဆယ့်ကိုးမြို့နှင့်ရွာများ ပါ၏။
ထိုအခါ ဗင်္ယာမိန်အမျိုးသားထဲမှ ရဲစွမ်းသတ္တိရှိသူတစ်သောင်းရှစ်ထောင်ကျဆုံးလေ၏။
ထိုနေ့တွင် ဗင်္ယာမိန်အမျိုးသား ဓားကိုင်စစ်သူရဲ စုစုပေါင်း နှစ်သောင်းငါးထောင် ကျဆုံး၏။
ထို့နောက် လူအစုအဝေးအပေါင်းတို့သည် ရိမ္မုန်ကျောက်ဆောင်တွင် နေသောဗင်္ယာမိန်အမျိုးသားတို့ထံ စစ်ပြေငြိမ်းပြီဖြစ်ကြောင်း အကြောင်းကြားလိုက်၏။