ခြေလေးချောင်းဖြင့်သွားသောတိရစ္ဆာန်အားလုံးတို့ထဲမှ ဖဝါးဖြင့်သွားသောအကောင်ရှိသမျှတို့သည် သင်တို့အဖို့ မစင်ကြယ်။ ထိုအကောင်တို့၏အသေကောင်ကိုထိမိသောသူတိုင်း နေဝင်ချိန်အထိ မစင်ကြယ်။
သူကြီး 13:4 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သတိပြုလော့။ စပျစ်ဝိုင်ဖြစ်စေ၊ သေရည်သေရက်ဖြစ်စေ မသောက်နှင့်။ မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှ မစားနှင့်။ Common Language Bible သို့ဖြစ်၍စပျစ်ရည်ကိုသော်လည်းကောင်း၊ သေ ရည်သေရက်ကိုသော်လည်းကောင်း ဘယ်အခါ ၌မျှမသောက်နှင့်။ တားမြစ်ထားသည့်အစား အစာမှန်သမျှကိုလည်းရှောင်လော့။- Garrad Bible ထို သို့ သ န္ဓေ လွယ်၍ ဖွား မြင် ခွင့် ရ မည် ကို ထောက် သ ဖြင့်၊ စ ပျစ် ရည် မှ စ၍ သေ ရည် သေ ရက် နှင့် မ သန့် သော အ စာ ကို မျှ မ သုံး မိ စေ ရန် သ တိ ပြု ပါ လော့။ ထို သား သည် အ မိ ဝမ်း တွင်း မှ စ၍ ဘု ရား သ ခင့် မျက် မှောက် တော် တွင် ပ ရ ဗိုဇ် ဂိုဏ်း သား အ ဖြစ် နေ ရ လ တ္တံ့ သော ကြောင့် ဦး ဆံ ပယ် ရန် သင် တုန်း ထား မ တင် ရ။ သူ သည် ဖိ လိ တ္တိ လူ မျိုး လက် တွင်း မှ ဣ သ ရေ လ လူ မျိုး ကို ကယ် ဆယ် စ ပြု လိမ့် မည် ဟု မိန့် ဆို၏။ Judson Bible သို့ဖြစ်၍ သတိပြုလော့။ စပျစ်ရည်ကို မသောက်နှင့်။ သေရည်သေရက်ကို မသောက်နှင့်။ မစင်ကြယ်သောအစာကို မစားနှင့်။ |
ခြေလေးချောင်းဖြင့်သွားသောတိရစ္ဆာန်အားလုံးတို့ထဲမှ ဖဝါးဖြင့်သွားသောအကောင်ရှိသမျှတို့သည် သင်တို့အဖို့ မစင်ကြယ်။ ထိုအကောင်တို့၏အသေကောင်ကိုထိမိသောသူတိုင်း နေဝင်ချိန်အထိ မစင်ကြယ်။
စင်ကြယ်သောအရာနှင့် မစင်ကြယ်သောအရာ၊ စားခွင့်ရှိသောတိရစ္ဆာန်နှင့် စားခွင့်မရှိသောတိရစ္ဆာန်တို့ကို ခွဲခြားနိုင်ရန်ဖြစ်၏”ဟု မိန့်တော်မူ၏။
အကြောင်းမူကား သူသည် ထာဝရဘုရားရှေ့တော်၌ ကြီးမြတ်သောသူဖြစ်လာမည်။ စပျစ်ဝိုင်နှင့်သေရည်သေရက်တို့ကိုလည်းမသောက်၊ အမိဝမ်းတွင်း၌ရှိစဉ်ကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလိမ့်မည်။
သို့သော် ပေတရုက “မဖြစ်နိုင်ပါ သခင်ဘုရား၊ အကြောင်းမူကား အကျွန်ုပ်သည် ညစ်ညူးသောအရာနှင့်မစင်ကြယ်သောအရာ တစ်စုံတစ်ခုကိုမျှ မစားဖူးပါ”ဟု လျှောက်လေ၏။
ထာဝရဘုရား၏ကောင်းကင်တမန်ကလည်း မာနော်အား “ငါမှာထားသောစကားအားလုံးကို သင်၏မယား လိုက်နာရမည်။
သူသည် စပျစ်ပင်မှထွက်သောအရာဟူသမျှကို မစားရ။ စပျစ်ဝိုင်ဖြစ်စေ၊ သေရည်သေရက်ဖြစ်စေ မသောက်ရ။ မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှ မစားရ။ ငါမှာထားသမျှအတိုင်း လိုက်နာရမည်”ဟု ဆို၏။
သူက အကျွန်ုပ်အား ‘ကြည့်ရှုလော့။ သင်သည် ကိုယ်ဝန်ဆောင်၍သားယောက်ျားကို မွေးဖွားမည်။ ထို့ကြောင့် စပျစ်ဝိုင်ဖြစ်စေ၊ သေရည်သေရက်ဖြစ်စေ မသောက်နှင့်၊ မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှ မစားနှင့်။ သူသည် အမိဝမ်းထဲမှစ၍ သေဆုံးသည့်နေ့တိုင် ဘုရားသခင်အဖို့ နာဇရိလူဖြစ်မည်’ဟူ၍ မိန့်ဆိုသည်”ဟု ပြောပြလေ၏။