ဒုစရိုက်ပြုသောသူတို့၏အစွယ်ကို ချိုးပြီး သူ့သွားမှ သားကောင်ကို ကယ်နုတ်ပေးခဲ့၏။
သုတ္တံကျမ်း။ 24:11 - မြန်မာ့စံမီသမ္မာကျမ်း သေရာသို့ခေါ်ဆောင်သွားခြင်းခံရသောသူတို့နှင့် ကွပ်မျက်ရာသို့ဒယိမ်းဒယိုင်သွားနေသောသူတို့ကို ကယ်နုတ်လော့။ အကယ်၍ ထိုသို့မပြုဘဲ Common Language Bible သင်္ချိုင်းသို့ထုတ်၍ အသေခံလုသောသူတို့ကို သင်သည် နှုတ်အံ့သောငှါ၊ အားမထုတ်ဘဲနေလျက်၊ Garrad Bible သတ် ရန် ထား သူ တို့ ကို လွတ် မြောက် စေ၍၊ ကွပ် မျက် အံ့ ဆဲ ဆဲ တွင် သွေး ပျက် သူ တို့ ကို ကယ် နုတ် လော့။ Judson Bible သင်္ချိုင်းသို့ထုတ်၍ အသေခံလုသောသူတို့ကို သင်သည် နုတ်အံ့သောငှာ၊ အားမထုတ်ဘဲနေလျက်၊ |
ဒုစရိုက်ပြုသောသူတို့၏အစွယ်ကို ချိုးပြီး သူ့သွားမှ သားကောင်ကို ကယ်နုတ်ပေးခဲ့၏။
ဆင်းရဲသောသူနှင့် နွမ်းပါးသောသူကို ဆိုးယုတ်သောသူတို့၏လက်မှ ကယ်နုတ်၍ လွတ်မြောက်စေကြလော့။”
အကျွန်ုပ်သည် ငယ်ရွယ်စဉ်မှစ၍ အဖိနှိပ်ခံရလျက် သေလုနီးပါးဖြစ်ရပါ၏။ ကိုယ်တော်နှင့်ဆိုင်သော ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာများနှင့်ကြုံရ၍ စိတ်ပျက်အားငယ်ရပါ၏။
သို့သော် ပေါလုက “သင့်ကိုယ်သင် အန္တရာယ်မပြုနှင့်။ ငါတို့အားလုံး ဤနေရာ၌ရှိကြသည်”ဟု ကျယ်လောင်သောအသံဖြင့် အော်ဟစ်လေ၏။
ထိုအခါ လူအပေါင်းတို့သည် ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံသုဿင်ကို ဖမ်းဆီး၍ တရားခွင်ရှေ့၌ ရိုက်နှက်ကြ၏။ သို့ရာတွင် ဂါလျုန်သည် ထိုအမှုများကို ဂရုမစိုက်ဘဲနေ၏။
သဘောထားကွဲလွဲမှုပြင်းထန်လာ၍ သူတို့သည် ပေါလုအား အပိုင်းပိုင်းဆွဲဖြတ်ကြမည်ကို တပ်မှူးကြီးသည် စိုးရိမ်သဖြင့် စစ်သားများအား ဆင်းသွား၍ ပေါလုကို သူတို့ထံမှ အတင်းခေါ်ဆောင်လာပြီး စခန်းထဲသို့ခေါ်သွားရန် အမိန့်ပေးလေ၏။