ပရောဖက်ကလည်း ရှင်ဘုရင်အား “ ‘သတ်ပစ်ရမည့်သူကို သင်လွှတ်ပေးလိုက်သောကြောင့် သူ့အသက်အစား သင့်အသက်၊ သူ့အမှုထမ်းများအစား သင့်အမှုထမ်းများကို ပေးလျော်ရမည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆို၏။
ဝတ်ပြု 27:29 - မြန်မာ့စံမီသမ္မာကျမ်း ဆက်ကပ်ထားသောအရာရှိသမျှတို့တွင် လူဖြစ်လျှင်ပင် ရွေးနုတ်ခွင့်မရှိ။ သူသည် မုချအသတ်ခံရမည်။ Common Language Bible ယင်းကဲ့သို့ထာဝရဘုရားအား ပူဇော် ဆက်သထားသောလူကိုပင်ပြန်၍မရွေး ယူရ။ သူ့ကိုအဆုံးစီရင်ရမည်။ Garrad Bible မြေ လှန် ရာ အပ် လိုက် ပြီး လူ တစ် စုံ တစ် ယောက် ကို မျှ မ ရွေး ရ။ မု ချ သေ ဒဏ် ခံ စေ။ Judson Bible လူကိုပင် ကျိန်ဆို၍ပူဇော်လျှင်၊ နောက်တစ်ဖန်မရွေးရ၊ သတ်ရမည်။ |
ပရောဖက်ကလည်း ရှင်ဘုရင်အား “ ‘သတ်ပစ်ရမည့်သူကို သင်လွှတ်ပေးလိုက်သောကြောင့် သူ့အသက်အစား သင့်အသက်၊ သူ့အမှုထမ်းများအစား သင့်အမှုထမ်းများကို ပေးလျော်ရမည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆို၏။
တစ်စုံတစ်ယောက်သည် မိမိပိုင်ဆိုင်သမျှတို့တွင် လူကိုဖြစ်စေ၊ တိရစ္ဆာန်ကိုဖြစ်စေ၊ လယ်ယာကိုဖြစ်စေ ထာဝရဘုရားအား ဆက်ကပ်ထားသောအရာရှိသမျှတို့ကို ရောင်းခွင့်မရှိ။ ရွေးနုတ်ခွင့်လည်းမရှိ။ ဆက်ကပ်ထားသောအရာရှိသမျှတို့သည် ထာဝရဘုရားအဖို့ အလွန်သန့်ရှင်းသောအရာများဖြစ်၏။
မြေမှထွက်သော ကောက်ပဲသီးနှံ၊ သစ်သီးဝလံတို့၏ဆယ်ဖို့တစ်ဖို့အားလုံးကို ထာဝရဘုရားပိုင်၏။ ထာဝရဘုရားအဖို့ သန့်ရှင်း၏။
ယခု သွား၍ အာမလက်လူမျိုးတို့ကို တိုက်ခိုက်လော့။ သူတို့ပိုင်ဆိုင်သောအရာအားလုံးကို ဖျက်ဆီးပစ်လော့။ မနှမြောနှင့်။ ယောက်ျား၊ မိန်းမ၊ ကလေးမှစ၍ နို့စို့ကလေးသူငယ်များအပါအဝင် နွား၊ သိုး၊ ကုလားအုတ်၊ မြည်းတို့ကို သတ်ဖြတ်လော့’ဟူ၍ မိန့်တော်မူပြီ”ဟု ဆို၏။
အာမလက်ဘုရင်အာဂတ်မင်းကြီးကို အရှင်ဖမ်းပြီး သူ၏လူအပေါင်းတို့ကို ဓားဖြင့် သတ်ဖြတ်ပစ်လေ၏။