ဤသည်ကား စင်ကြယ်သည်၊ မစင်ကြယ်သည်ကိုကြေညာနိုင်ရန် သိုးမွေးအဝတ်၊ ချည်ချောအဝတ်၊ တိုင်ချည်၊ ဖောက်ချည်၊ သားရေအသုံးအဆောင်တစ်ခုခုစသည်တို့၌စွဲသည့် မှိုစွဲနာနှင့်ဆိုင်သောပညတ်တရားဖြစ်၏”ဟု မိန့်တော်မူ၏။
ဝတ်ပြု 14:1 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရားက မောရှေအား Common Language Bible ထာဝရဘုရားကကိုယ်ရေပြားရောဂါ ပျောက်ကင်းသူအားဘာသာရေးထုံးနည်း အရ သန့်စင်စေခြင်းဆိုင်ရာအောက်ဖော်ပြ ပါပညတ်များကိုမောရှေအားချမှတ်ပေး တော်မူ၏။ ထိုသူအားသန့်စင်သူအဖြစ် ကြေညာမည့်နေ့၌ယဇ်ပုရောဟိတ်ထံသို့ ခေါ်ဆောင်ခဲ့ရမည်။- Garrad Bible တစ် ဖန် မော ရှေ အား ထာ ဝ ရ ဘု ရား က၊ နူ နာ စွဲ သူ ကို သန့် စေ ခြင်း ပြု သော နေ့ ဆိုင် ရာ တ ရား ဟူ မူ ကား၊ Judson Bible တစ်ဖန် မောရှေအားထာဝရဘုရားက၊ |
ဤသည်ကား စင်ကြယ်သည်၊ မစင်ကြယ်သည်ကိုကြေညာနိုင်ရန် သိုးမွေးအဝတ်၊ ချည်ချောအဝတ်၊ တိုင်ချည်၊ ဖောက်ချည်၊ သားရေအသုံးအဆောင်တစ်ခုခုစသည်တို့၌စွဲသည့် မှိုစွဲနာနှင့်ဆိုင်သောပညတ်တရားဖြစ်၏”ဟု မိန့်တော်မူ၏။
“အနာကြီးရောဂါစွဲခဲ့သောသူအား သန့်စင်စေခြင်းနေ့နှင့်ဆိုင်သောပညတ်တရားကား ဤသို့ဖြစ်၏။ သူ့ကို ယဇ်ပုရောဟိတ်ထံ ခေါ်လာရမည်။
အာရုန်၏သားစဉ်မြေးဆက်တို့ထဲမှ တစ်စုံတစ်ယောက်သည် အနာကြီးရောဂါစွဲလျှင်၊ သို့မဟုတ် အရိအရွဲထွက်လျှင် ထိုသူသည် မစင်ကြယ်မချင်း သန့်ရှင်းသောပူဇော်သက္ကာကို စားခွင့်မရှိ။ အသေကောင်ကြောင့် မစင်မကြယ်ဖြစ်သွားသောအရာ တစ်စုံတစ်ခုကို ထိမိသောသူဖြစ်စေ၊ သုက်ရည်ထွက်သောသူဖြစ်စေ၊
ကိုယ်တော်သည် သူတို့ကိုမြင်လျှင်“သင်တို့သည် ယဇ်ပုရောဟိတ်များထံသို့သွား၍ မိမိတို့ကိုယ်ကို ပြကြလော့”ဟု မိန့်တော်မူ၏။ သူတို့သည်သွားနေစဉ်အတွင်းမှာပင် စင်ကြယ်ခြင်းသို့ရောက်ကြ၏။