ထိုသူမျိုးကြဲစဉ်တွင် အချို့သောမျိုးစေ့တို့သည် လမ်းဘေးတွင်ကျသဖြင့် ငှက်တို့သည်လာ၍ ၎င်းတို့ကို ကောက်စားကြ၏။
လုကာ 18:35 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ဂျေရိခေါမြို့အနီးသို့ရောက်လာစဉ်တွင် မျက်မမြင်တစ်ဦးသည် လမ်းဘေး၌ထိုင်လျက် တောင်းစားနေ၏။ Common Language Bible သခင်ယေရှုသည်ယေရိခေါမြို့အနီးသို့ ရောက်တော်မူသောအခါ မျက်မမြင်တစ်ဦး သည်လမ်းနားမှာထိုင်၍တောင်းစားလျက်နေ၏။- Garrad Bible ယေ ရိ ခေါ မြို့ အ နီး ရောက် တော် မူ သော် လမ်း နံ ဘေး တွင် ထိုင် နေ သော မျက် မ မြင် သူ တောင်း စား တစ် ယောက် သည်၊ Judson Bible ယေရိခေါမြို့အနီး၌ ရှိတော်မူစဉ်တွင်၊ လူကန်းတစ်ယောက်သည် လမ်းနားမှာထိုင်၍ တောင်းစားလေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ဂျေရိခေါမြို့အနီးသို့ ရောက်တော်မူစဉ် မျက်မမြင်တစ်ဦးသည် လမ်းဘေး၌ ထိုင်၍ တောင်းရမ်းလျက်နေ၏။ မြန်မာ ယေရိခေါမြို့အနီး၌ ရှိတော်မူစဉ်တွင်၊ လူကန်းတစ်ယောက်သည် လမ်းနားမှာထိုင်၍ တောင်းစားလေ၏။- |
ထိုသူမျိုးကြဲစဉ်တွင် အချို့သောမျိုးစေ့တို့သည် လမ်းဘေးတွင်ကျသဖြင့် ငှက်တို့သည်လာ၍ ၎င်းတို့ကို ကောက်စားကြ၏။
သူသည် လူထုပရိသတ်ဖြတ်သွားသည်ကိုကြား၍ မည်သည့်အရာဖြစ်နေသည်ကို မေးမြန်းလေ၏။
ထို့နောက် ကိုယ်တော်သည် ဂျေရိခေါမြို့သို့ဝင်၍ ထိုမြို့ကိုဖြတ်သွားတော်မူ၏။
ထိုအခါ အိမ်နီးချင်းများနှင့် ယခင်က သူသည် သူတောင်းစားဖြစ်ခဲ့ကြောင်းကို သိမြင်သောသူတို့က “ဤသူသည် ထိုင်လျက်တောင်းစားနေခဲ့သူမဟုတ်လော”ဟု ဆိုကြ၏။
ထိုစဉ် လူတို့သည် အမိဝမ်းတွင်းကပင် ခြေမသန်စွမ်းသူတစ်ဦးကို ထမ်းလာကြ၏။ သူသည် ဗိမာန်တော်ထဲသို့ဝင်သောသူတို့ထံမှ ပေးကမ်းစွန့်ကြဲခြင်းကိုတောင်းခံရန်အတွက် လူတို့သည် သူ့ကို တင့်တယ်ဟုခေါ်သော ဗိမာန်တော်တံခါးအနီးတွင် နေ့တိုင်းချထားလေ့ရှိကြ၏။
ဆင်းရဲသားကို မြေမှုန့်ထဲမှ ဆွဲထူ၍ နွမ်းပါးသူကို ပြာပုံထဲမှချီမတော်မူပြီး မင်းသားတို့နှင့်အတူထိုင်စေတော်မူ၏။ ဘုန်းကြီးသောပလ္လင်ကို အမွေဆက်ခံစေတော်မူ၏။ အကြောင်းမူကား ထာဝရဘုရားသည် ကမ္ဘာမြေကြီး၏အုတ်မြစ်ကို ပိုင်တော်မူ၍ ကမ္ဘာလောကကို ထိုအုတ်မြစ်ပေါ်တွင် ချထားတော်မူ၏။