ယေရှုကလည်း“သတို့သား၏ဆွေမျိုးမိတ်သင်္ဂဟများသည် သတို့သားနှင့်အတူရှိနေသရွေ့ ဝမ်းနည်းကြေကွဲနိုင်ကြမည်လော။ သို့သော် သတို့သားကို သူတို့ထံမှ ခေါ်ဆောင်သွားမည့်နေ့ရက်များ ရောက်လာလိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။
လုကာ 17:22 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် တပည့်တော်တို့အား“သင်တို့သည် လူ့သား၏နေ့ရက်များထဲမှ တစ်ရက်ကိုပင် အလွန်တွေ့မြင်လိုသော်လည်း မတွေ့မြင်ရသည့်နေ့ရက်များ ရောက်လာလိမ့်မည်။ Common Language Bible ကိုယ်တော်ကတပည့်တော်တို့အား ``သင်တို့တွေ့ မြင်လိုသောလူသား၏နေ့တစ်ရက်ရောက်ပေအံ့။ သို့ရာတွင်သင်တို့တွေ့မြင်ရလိမ့်မည်မဟုတ်။- Garrad Bible တ ပည့် တော် တို့ အား လည်း ကိုယ် တော် က လူ့ သား၏ နေ့ တစ် နေ့ နှင့် သင် တို့ ကြုံ ကြိုက် လို သော နေ့ ရက် ကာ လ ရောက် တော့ မည်။ သို့ ရာ တွင် ကြုံ ကြိုက် ကြ ရ ကြ မည် မ ဟုတ်။ Judson Bible တစ်ဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် လူသား၏နေ့ရက်တစ်ရက်ကိုမျှ တွေ့မြင်လို၍၊ မတွေ့မမြင်ရသော အချိန်ကာလ ရောက်လိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် တပည့်တော်တို့အား “သင်တို့မြင်တွေ့လိုသည့် လူသား၏နေ့ရက်များထဲမှ တစ်ရက်သည် ရောက်လာလိမ့်မည်။ သို့ရာတွင် ထိုနေ့ရက်ကို သင်တို့ မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။ မြန်မာ တစ်ဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် လူသား၏နေ့ရက်တစ်ရက်ကိုမျှ တွေ့မြင်လို၍၊ မတွေ့မမြင်ရသော အချိန်ကာလ ရောက်လိမ့်မည်။- |
ယေရှုကလည်း“သတို့သား၏ဆွေမျိုးမိတ်သင်္ဂဟများသည် သတို့သားနှင့်အတူရှိနေသရွေ့ ဝမ်းနည်းကြေကွဲနိုင်ကြမည်လော။ သို့သော် သတို့သားကို သူတို့ထံမှ ခေါ်ဆောင်သွားမည့်နေ့ရက်များ ရောက်လာလိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။
သို့သော် သတို့သားကို သူတို့ထံမှခေါ်ဆောင်သွားမည့် နေ့ရက်များရောက်လာလိမ့်မည်။ ထိုနေ့ရက်ရောက်လာသည့်အခါ၌ သူတို့သည် အစာရှောင်ကြလိမ့်မည်။
ကြည့်ရှုလော့။ သင်တို့၏အိမ်သည် သင်တို့ထံ၌ စွန့်ပစ်ထားခြင်းခံရလိမ့်မည်။ သင်တို့အား ငါဆိုသည်ကား ‘ထာဝရဘုရား၏နာမတော်၌ ကြွလာတော်မူသောအရှင်သည် မင်္ဂလာရှိစေသတည်း’ဟု သင်တို့ပြောသည့်အချိန်မရောက်မီတိုင်အောင် သင်တို့သည် ငါ့ကိုလုံးဝမြင်ရလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။
သို့သော် သတို့သားကို သူတို့ထံမှခေါ်ဆောင်သွားမည့်နေ့ရက်များရောက်လာလိမ့်မည်။ ထိုနေ့ရက်များရောက်လာသည့်အခါ၌ သူတို့သည် အစာရှောင်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ယေရှုကလည်း“အလင်းသည် သင်တို့တွင် နောက်ထပ် ခဏရှိဦးမည်။ သင်တို့အား မှောင်မိုက်မလွှမ်းမိုးစေရန် အလင်းရှိခိုက် သွားလာကြလော့။ မှောင်မိုက်၌သွားလာသောသူသည် မိမိမည်သည့်အရပ်သို့သွားသည်ကိုမသိ။
ချစ်သားတို့၊ ငါသည် သင်တို့နှင့်အတူ ခဏတာမျှသာ နေရတော့မည်။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ သို့ရာတွင် ‘ငါသွားရာအရပ်သို့ သင်တို့မလာနိုင်ကြ’ဟု ဂျူးလူမျိုးတို့အား ငါပြောသကဲ့သို့ ယခု သင်တို့ကိုလည်း ငါပြော၏။