တပည့်တော်တို့ကလည်း “ငါတို့မုန့်မယူဆောင်ခဲ့သောကြောင့်ဖြစ်သည်”ဟု အချင်းချင်းအချေအတင်ပြောဆိုကြ၏။
ရှင်မာကု 9:34 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမှာ မည်သူသည် အကြီးမြတ်ဆုံးဖြစ်သနည်းဟု လမ်း၌ အချင်းချင်းအချေအတင်ပြောဆိုခဲ့ကြသောကြောင့်ဖြစ်၏။ Common Language Bible သူတို့သည်ဆိတ်ဆိတ်နေကြ၏။ အဘယ်ကြောင့် ဆိုသော်မိမိတို့အနက် အဘယ်သူသည်အကြီး မြတ်ဆုံးဖြစ်သည်ကိုလမ်းတွင်ဆွေးနွေးငြင်းခုံ ခဲ့ကြသောကြောင့်ဖြစ်၏။- Garrad Bible မည် သူ အ ကြီး အ မြတ် ဆုံး ဖြစ် သည် ကို ခ ရီး အ ကြား အ ချင်း ချင်း ဆွေး နွေး မိ သ ဖြင့် ဆိတ် ဆိတ် နေ ကြ ၏။ Judson Bible သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမူကား၊ အဘယ်သူသည် သာ၍ ကြီးမြတ်အံ့နည်းဟု လမ်း၌ အချင်းချင်း ငြင်းခုံကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် တပည့်တော်တို့သည် တိတ်ဆိတ်နေကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့က မိမိတို့အနက် မည်သူသည် အကြီးမြတ်ဆုံးဖြစ်သနည်းဟု လမ်းတွင် ငြင်းခုံဆွေးနွေးနေခဲ့သောကြောင့်ဖြစ်၏။ မြန်မာ သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမူကား၊ အဘယ်သူသည် သာ၍ ကြီးမြတ်အံ့နည်းဟု လမ်း၌ အချင်းချင်း ငြင်းခုံကြ၏။- |
တပည့်တော်တို့ကလည်း “ငါတို့မုန့်မယူဆောင်ခဲ့သောကြောင့်ဖြစ်သည်”ဟု အချင်းချင်းအချေအတင်ပြောဆိုကြ၏။
ဆားသည်ကောင်း၏။ သို့သော် ဆားသည် အငန်ဓာတ်ကင်းမဲ့သွားလျှင် ၎င်းကို မည်သည့်အရာဖြင့် အရသာပြန်ရှိစေမည်နည်း။ သင်တို့သည် မိမိကိုယ်တိုင်၌ ဆားရှိစေ၍ အချင်းချင်းသင့်မြတ်စွာနေကြလော့”ဟု မိန့်တော်မူ၏။
ညီအစ်ကိုချင်းချစ်သောမေတ္တာအားဖြင့် အချင်းချင်းချစ်ခင်ကြင်နာကြ၍ ရိုသေသမှုပြုခြင်း၌ သူတစ်ပါးသည် မိမိထက်သာလွန်သည်ဟု မှတ်ယူကြလော့။
သင်တို့အားခွဲဝေပေးအပ်ထားသောသူတို့အပေါ် စိုးမိုးခြယ်လှယ်ခြင်းမပြုဘဲ သိုးစုအတွက် စံနမူနာဖြစ်ကြလော့။
ငါသည် အသင်းတော်ထံသို့ စာအနည်းငယ်ရေးခဲ့သော်လည်း သူတို့တွင် ခေါင်းဆောင်ဖြစ်လိုသော ဒယောတရပ်သည် ငါတို့ကိုလက်မခံ။