ထိုအခါ ထိုအရပ်ဒေသမှ ခါနာန်အမျိုးသမီးတစ်ဦးသည် ထွက်လာ၍ “သခင်ဘုရား၊ ဒါဝိဒ်၏သားတော်၊ ကျွန်မကိုသနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးပူး၍ ပြင်းထန်စွာခံစားနေရပါ၏”ဟု အော်ဟစ်လျှောက်ထားလေ၏။
ရှင်မာကု 7:25 - မြန်မာ့စံမီသမ္မာကျမ်း ညစ်ညူးသောနတ်ပူးနေသည့် သမီးငယ်တစ်ယောက်၏မိခင်သည် ကိုယ်တော်၏အကြောင်းကိုကြားလျှင် ချက်ချင်းလာ၍ ခြေတော်ရင်း၌ပျပ်ဝပ်လျက် Common Language Bible ညစ်ညမ်းသောနတ်ပူးဝင်နေသောသူငယ်မတစ် ဦး၏မိခင်သည် ကိုယ်တော်ရောက်ရှိသည့်သတင်း ကိုကြားလျှင်ချက်ချင်းလာ၍ခြေတော်ရင်းတွင် ပျပ်ဝပ်၏။- Garrad Bible ထို ခ ဏ ချင်း တွင် နတ် ဆိုး ပူး သူ သ မီး ငယ် ရှိ သော ရှု ရိ ဖိ နိတ် အ မျိုး သာ သ နာ ပ မိန်း မ တစ် ယောက် သည် ကိုယ် တော့် အ ကြောင်း ကို ကြား၍ ခြေ တော် ရင်း တွင် လာ ရောက် ပျပ် ဝပ် လျက် သ မီး ငယ် မှ နတ် ကို နှင် ထုတ် တော် မူ ပါ မည့် အ ကြောင်း တောင်း လျှောက် ရာ၊ Judson Bible အကြောင်းမူကား၊ ညစ်ညူးသောနတ်စွဲသော မိန်းမငယ်၏ အမိသည် သတင်းတော်ကို ကြားသဖြင့်၊ လာ၍ခြေတော်ရင်း၌ ပျပ်ဝပ်လျက်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း နတ်ဆိုးပူးသော မိန်းကလေးတစ်ဦး၏ မိခင်ဖြစ်သူသည် သတင်းတော်ကို ကြားသဖြင့် ချက်ချင်းလာ၍ ကိုယ်တော်၏ ခြေတော်ရင်းတွင် ပျပ်ဝပ်လေ၏။ မြန်မာ အကြောင်းမူကား၊ ညစ်ညူးသောနတ်စွဲသော မိန်းမငယ်၏ အမိသည် သတင်းတော်ကို ကြားသဖြင့်၊ လာ၍ခြေတော်ရင်း၌ ပျပ်ဝပ်လျက်၊- |
ထိုအခါ ထိုအရပ်ဒေသမှ ခါနာန်အမျိုးသမီးတစ်ဦးသည် ထွက်လာ၍ “သခင်ဘုရား၊ ဒါဝိဒ်၏သားတော်၊ ကျွန်မကိုသနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးပူး၍ ပြင်းထန်စွာခံစားနေရပါ၏”ဟု အော်ဟစ်လျှောက်ထားလေ၏။
အနာကြီးရောဂါသည်တစ်ဦးသည် အထံတော်သို့လာ၍ ဒူးထောက်လျက် “ကိုယ်တော်အလိုရှိလျှင် အကျွန်ုပ်ကို စင်ကြယ်စေနိုင်ပါသည်”ဟု တောင်းပန်လျှောက်ထားလေ၏။
ထိုအခါ ထိုအမျိုးသမီးသည် မိမိ၌မည်သို့ဖြစ်ခဲ့သည်ကိုသိသဖြင့် ကြောက်ရွံ့တုန်လှုပ်လျက် ရှေ့တော်သို့လာ၍ ပျပ်ဝပ်ကာ ဟုတ်မှန်သည့်အတိုင်း အကုန်အစင်လျှောက်ထားလေ၏။
ထို့နောက် ကိုယ်တော်သည် ထိုအရပ်မှထ၍ တိုင်ရာမြို့နှင့်ဆိုင်သောအရပ်ဒေသသို့ ကြွတော်မူပြီးလျှင် အိမ်တစ်အိမ်သို့ဝင်တော်မူ၏။ မည်သူမျှမသိစေရန် အလိုတော်ရှိသော်လည်း ပုန်းရှောင်၍မနေနိုင်ပေ။
နတ်ဆိုးကို မိမိသမီးထဲမှ နှင်ထုတ်ပေးပါရန် ကိုယ်တော်အား တောင်းပန်လေ၏။ ထိုအမျိုးသမီးသည် ဆီးရီးယားဖိုနီးရှားနယ်သူ၊ ဂရိလူမျိုးဖြစ်၏။
ကိုယ်တော်၏ခြေတော်ရင်း၌ပျပ်ဝပ်၍ ကိုယ်တော်ကိုကျေးဇူးတင်၏။ ထိုသူသည် ရှမာရိနယ်သားဖြစ်၏။