ထို့နောက် တပည့်တော်တို့သည် ချဉ်းကပ်လာ၍ “ကိုယ်တော်သည် အဘယ်ကြောင့် သူတို့အား ပုံဥပမာများဖြင့် မြွက်ဆိုတော်မူသနည်း”ဟု မေးလျှောက်ကြ၏။
ရှင်မာကု 7:17 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် လူထုပရိသတ်ထံမှထွက်ခွာ၍ အိမ်ထဲသို့ဝင်တော်မူသောအခါ တပည့်တော်တို့သည် ထိုပုံဥပမာအကြောင်းကို ကိုယ်တော်အားမေးလျှောက်ကြ၏။ Common Language Bible ကိုယ်တော်သည်ပရိသတ်ရှိရာမှကြွ၍အိမ်ထဲ သို့ဝင်တော်မူသောအခါ တပည့်တော်တို့သည် ကိုယ်တော်မိန့်တော်မူခဲ့သည့်ပုံဥပမာ၏အနက် အဋ္ဌိပ္ပါယ်ကိုမေးမြန်းကြ၏။- Garrad Bible လူ ပ ရိ သတ် ရှိ ရာ မှ ထွက် ကြွ၍ အိမ် သို့ ဝင် ရောက် တော် မူ သော် ထို ဥ ပ မာ အ ကြောင်း တ ပည့် တော် တို့ မေး လျှောက် ကြ ရာ၊ Judson Bible လူအစုအဝေးရှိရာမှ ကြွ၍ အိမ်သို့ ဝင်တော်မူပြီးလျှင်၊ တပည့်တော်တို့သည် ထိုဥပမာကို မေးမြန်းကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်သည် လူထုပရိသတ်ထံမှ ထွက်ကြွ၍ အိမ်တစ်အိမ်သို့ ဝင်တော်မူလျှင် တပည့်တော်တို့က ထိုဆိုရိုးစကား၏ အဓိပ္ပာယ်ကို မေးလျှောက်ကြ၏။ မြန်မာ လူအစုအဝေးရှိရာမှ ကြွ၍ အိမ်သို့ ဝင်တော်မူပြီးလျှင်၊ တပည့်တော်တို့သည် ထိုဥပမာကို မေးမြန်းကြ၏။- |
ထို့နောက် တပည့်တော်တို့သည် ချဉ်းကပ်လာ၍ “ကိုယ်တော်သည် အဘယ်ကြောင့် သူတို့အား ပုံဥပမာများဖြင့် မြွက်ဆိုတော်မူသနည်း”ဟု မေးလျှောက်ကြ၏။
ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်တို့ကိုထားခဲ့၍ အိမ်ထဲသို့ဝင်တော်မူလျှင် တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လာ၍ “စိုက်ခင်းထဲမှ မြက်သီးပင်များပုံဥပမာကို အကျွန်ုပ်တို့အားရှင်းပြတော်မူပါ”ဟု လျှောက်ကြ၏။
ထိုအခါ ပေတရုက “ထိုပုံဥပမာကို အကျွန်ုပ်တို့အားရှင်းပြတော်မူပါ”ဟု လျှောက်လျှင်
ရက်အနည်းငယ်ကြာပြီးနောက် ကိုယ်တော်သည် ကပေရနောင်မြို့ထဲသို့ တစ်ဖန်ဝင်တော်မူ၏။ အိမ်၌ ကိုယ်တော်ရှိတော်မူသည်ကိုကြား၍
ထို့နောက် ကိုယ်တော်သည် အိမ်ထဲသို့ကြွတော်မူရာ လူထုပရိသတ်သည် တစ်ဖန်စုဝေးလာကြသဖြင့် သူတို့သည် အစာကိုပင်မသုံးဆောင်နိုင်ကြပေ။
ကိုယ်တော်တစ်ပါးတည်းရှိတော်မူသောအခါ ကိုယ်တော်၏နောက်လိုက်နောက်ပါတို့နှင့် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့သည် ထိုပုံဥပမာများအကြောင်းကို မေးလျှောက်ကြ၏။
ပုံဥပမာမပါဘဲ သူတို့အား ဟောပြောတော်မမူ။ သို့သော် မိမိတပည့်တော်တို့ကိုမူကား အကြောင်းအရာအားလုံးကို သီးသန့်ရှင်းပြတော်မူ၏။
ထိုအခါ ကိုယ်တော်က“သင်တို့သည်လည်း ဤမျှလောက် အသိတရားကင်းမဲ့လျက်နေကြသလော။ ပြင်ပမှ လူ့အထဲသို့ဝင်သမျှသောအရာသည် လူကိုမညစ်ညူးစေနိုင်ကြောင်း သင်တို့မသိကြသလော။
ထို့နောက် ကိုယ်တော်သည် အိမ်ထဲသို့ဝင်တော်မူလျှင် တပည့်တော်တို့က “အကျွန်ုပ်တို့သည် ထိုနတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်း”ဟု တိတ်တဆိတ်မေးလျှောက်ကြ၏။