သူတို့သည် မိမိတို့ပြုသမျှသောအမှုတို့ကို လူတို့မြင်စေရန်သာပြုကြ၏။ အကြောင်းမူကား သူတို့သည် မိမိတို့၏ကျမ်းလက်ဖွဲ့အဆောင်များကိုကြီးစွာလုပ်၍ ဝတ်ရုံပန်းဖွားများကို ရှည်လျားစွာထားကြ၏။
ရှင်မာကု 2:18 - မြန်မာ့စံမီသမ္မာကျမ်း ယောဟန်၏တပည့်များနှင့် ဖာရိရှဲတို့သည် အစာရှောင်လျက်နေကြ၏။ လူတို့သည် ကိုယ်တော်ထံသို့လာ၍ “ယောဟန်၏တပည့်များနှင့် ဖာရိရှဲတို့၏တပည့်များသည် အစာရှောင်နေကြသော်လည်း ကိုယ်တော်၏တပည့်များသည် အဘယ်ကြောင့် အစာမရှောင်ကြသနည်း”ဟု မေးလျှောက်ကြ၏။ Common Language Bible တစ်နေ့၌ယောဟန်၏တပည့်များနှင့်ဖာရိရှဲတို့ သည်အစာရှောင်လျက်နေကြ၏။ လူအချို့တို့သည် ကိုယ်တော့်ထံလာ၍ ``ယောဟန်၏တပည့်များနှင့် ဖာရိရှဲတို့သည်အစာရှောင်ကြပါသည်။ အရှင် ၏တပည့်များမူကားအဘယ်ကြောင့်အစာ မရှောင်ကြပါသနည်း'' ဟုမေးလျှောက်ကြ၏။ Garrad Bible ယော ဟန်၏ တ ပည့် တို့ နှင့် ဖာ ရိ ရှဲ တို့ အ စာ ရှောင် နေ ကြ သည် ဖြစ်၍ ယော ဟန့် တ ပည့် တို့ နှင့် ဖာ ရိ ရှဲ တ ပည့် တို့ သည် အ စာ ရှောင် လျက် ကိုယ် တော်၏ တ ပည့် တို့ မူ ကား အ ဘယ် ကြောင့် အ စာ မ ရှောင် ကြ ပါ သ နည်း ဟု ချဉ်း ကပ် မေး လျှောက် ကြ သော်၊ Judson Bible အစာရှောင်တတ်သော ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည် လာ၍၊ ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် အစာမရှောင်ဘဲ နေကြပါသနည်းဟု လျှောက်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်နေ့သောအခါ နှစ်ခြင်းဆရာယောဟန်၏ တပည့်များနှင့် ဖာရိရှဲတို့သည် အစာရှောင်နေကြ၏။ ထိုစဉ် လူတချို့သည် ကိုယ်တော်ထံသို့လာ၍ “ယောဟန်၏တပည့်များနှင့် ဖာရိရှဲတို့၏တပည့်များသည် အစာရှောင်သကဲ့သို့ ကိုယ်တော်၏တပည့်များမှာ အဘယ်ကြောင့် အစာမရှောင်ဘဲနေကြသနည်း” ဟု မေးလျှောက်ကြ၏။ မြန်မာ အစာရှောင်တတ်သော ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည် လာ၍၊ ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် အစာမရှောင်ဘဲ နေကြပါသနည်းဟု လျှောက်ကြ၏။- |
သူတို့သည် မိမိတို့ပြုသမျှသောအမှုတို့ကို လူတို့မြင်စေရန်သာပြုကြ၏။ အကြောင်းမူကား သူတို့သည် မိမိတို့၏ကျမ်းလက်ဖွဲ့အဆောင်များကိုကြီးစွာလုပ်၍ ဝတ်ရုံပန်းဖွားများကို ရှည်လျားစွာထားကြ၏။
သင်တို့သည် အစာရှောင်ကြသောအခါ သူတော်ကောင်းယောင်ဆောင်သောသူတို့ကဲ့သို့ မျက်နှာညှိုးငယ်ခြင်းမရှိစေကြနှင့်။ အကြောင်းမူကား သူတို့သည် မိမိတို့အစာရှောင်နေကြောင်း လူတို့ရှေ့၌ထင်ရှားစေရန် မျက်နှာရှုံ့မဲ့ထားတတ်ကြ၏။ သင်တို့အား ငါအမှန်ဆိုမည်။ သူတို့သည် မိမိတို့၏အကျိုးကျေးဇူးကိုရကြလေပြီ။
ယေရှုကလည်း“သတို့သား၏ဆွေမျိုးမိတ်သင်္ဂဟများသည် သတို့သားနှင့်အတူရှိနေစဉ် အစာရှောင်နိုင်ကြမည်လော။ သူတို့သည် သတို့သားနှင့်အတူရှိနေသရွေ့ အစာမရှောင်နိုင်ကြပေ။
အကျွန်ုပ်သည် တစ်ပတ်လျှင် နှစ်ကြိမ်အစာရှောင်ပြီး ရရှိသမျှအားလုံး၏ဆယ်ဖို့တစ်ဖို့ကိုလှူပါ၏’ဟု ဆုတောင်းလေ၏။
အကြောင်းမှာ သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုမသိဘဲ မိမိ၏ဖြောင့်မတ်ခြင်းကိုတည်စေရန် ရှာကြံလျက် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မနာခံသောကြောင့်ဖြစ်၏။