“ငါ့နှုတ်ထွက်စကားသည် မီးကဲ့သို့လည်းကောင်း၊ ကျောက်ကိုထုခွဲသောတူကဲ့သို့လည်းကောင်း ဖြစ်သည်မဟုတ်လော”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ရှင်မာကု 1:22 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ လူတို့သည် ကိုယ်တော်၏သွန်သင်ချက်ကို အံ့သြချီးမွမ်းကြ၏။ အကြောင်းမူကား ကိုယ်တော်သည် ကျမ်းပြုဆရာများကဲ့သို့မဟုတ်ဘဲ အခွင့်အာဏာရှိသောသူကဲ့သို့ သူတို့ကိုသွန်သင်တော်မူ၏။ Common Language Bible ကိုယ်တော်သည်ကျမ်းတတ်ဆရာတို့သွန်သင်သကဲ့သို့ မဟုတ်ဘဲ အာဏာရှိသူကဲ့သို့သွန်သင်တော်မူ၏။ သို့ ဖြစ်၍လူတို့သည်ကိုယ်တော်၏သွန်သင်ပုံကိုအံ့သြ ကြ၏။ Garrad Bible ဒေ သ နာ ပေး တော် မူ ရာ၊ ကျမ်း တတ် ဆ ရာ များ ကဲ့ သို့ မ ဟုတ်၊ အာ ဏာ ပိုင် ရှင် အ ဖြစ် ပေး တော် မူ သော ကြောင့် ဒေ သ နာ တော် ကို အံ့ သြ ကြ ၏။ Judson Bible ပရိသတ်တို့သည်လည်း ဆုံးမဩဝါဒပေးတော်မူခြင်းကို အလွန်အံ့ဩကြ၏။ အကြောင်းမူကား၊ ကျမ်းပြုဆရာနည်းတူ မဟုတ်၊ အစိုးရသောသူနည်းတူ ဆုံးမဩဝါဒ ပေးတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ပရိသတ်တို့သည် ကိုယ်တော်၏ ဟောပြောသွန်သင်ချက်များကို အံ့သြကြ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ကျမ်းတတ်ဆရာများကဲ့သို့မဟုတ်ဘဲ အခွင့်အာဏာဖြင့် ဟောပြောသွန်သင်တော်မူသောကြောင့် ဖြစ်၏။ မြန်မာ ပရိသတ်တို့သည်လည်း ဆုံးမဩဝါဒပေးတော်မူခြင်းကို အလွန်အံ့ဩကြ၏။ အကြောင်းမူကား၊ ကျမ်းပြုဆရာနည်းတူ မဟုတ်၊ အစိုးရသောသူနည်းတူ ဆုံးမဩဝါဒ ပေးတော်မူ၏။- |
“ငါ့နှုတ်ထွက်စကားသည် မီးကဲ့သို့လည်းကောင်း၊ ကျောက်ကိုထုခွဲသောတူကဲ့သို့လည်းကောင်း ဖြစ်သည်မဟုတ်လော”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထို့နောက် ကိုယ်တော်သည် မိမိ၏နေရင်းမြို့သို့ကြွ၍ ဝတ်ပြုစည်းဝေးကျောင်း၌ လူတို့ကိုသွန်သင်တော်မူ၏။ ထိုအခါ လူတို့သည် အံ့အားသင့်လျက် “ဤသူသည် ဤဉာဏ်ပညာနှင့်တန်ခိုးများကို အဘယ်ကရသနည်း။
ထိုအချိန်၌ပင် သူတို့၏ဝတ်ပြုစည်းဝေးကျောင်းတွင် ညစ်ညူးသောနတ်ပူးနေသူတစ်ဦးရှိ၏။
ယေရှု၏စကားကိုကြားရသောသူအပေါင်းတို့သည် သူ၏ဉာဏ်စွမ်းနှင့် ဖြေကြားချက်များကို အံ့ဩငေးမောနေကြ၏။
အကြောင်းမူကား သင်တို့ကို ဆန့်ကျင်သောသူတစ်စုံတစ်ဦးမျှ မငြင်းခုံမဟန့်တားနိုင်သော နှုတ်အစွမ်းနှင့်ဉာဏ်ပညာတို့ကို သင်တို့အား ငါပေးမည်။
ကိုယ်တော်၏စကားတော်သည် အခွင့်အာဏာရှိသောကြောင့် လူတို့သည် ကိုယ်တော်၏သွန်သင်ချက်ကို အံ့ဩချီးမွမ်းကြ၏။
အစောင့်တပ်သားတို့က “ထိုသူကဲ့သို့ မည်သူမျှမဟောပြောခဲ့ဖူးပါ”ဟု ပြန်လျှောက်ကြ၏။
သို့သော် ဝိညာဉ်တော်နှင့်ဉာဏ်ပညာတို့ဖြင့် သတေဖန်ပြောဆိုသောအရာကို သူတို့သည် အတိုက်အခံပြောဆို၍မရနိုင်ကြချေ။
ငါတို့သည် ကွယ်ဝှက်ထားသည့် ရှက်ဖွယ်ရာများကိုစွန့်ပယ်၍ ပရိယာယ်၌ကျင်လည်ခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မလိမ့်တပတ်လုပ်ခြင်းတို့မရှိဘဲ သမ္မာတရားကို အတိအလင်းဖော်ပြခြင်းအားဖြင့် ဘုရားသခင်၏ရှေ့တော်၌ လူအပေါင်းတို့၏အသိစိတ်တွင် မိမိတို့ကိုယ်ကိုထင်ရှားစေကြ၏။