အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရှင်မာကု 1:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထိုအခါ ကိုယ်တော်​သည် တော​ကန္တာရ​၌ ရက်​ပေါင်း​လေးဆယ်​နေ​လျက် စာတန်​၏​ဖြားယောင်း​သွေးဆောင်​ခြင်း​ကို​ခံ​တော်မူ​၏။ သားရဲ​တိရစ္ဆာန်​များ​နှင့်အတူ​ရှိ​တော်မူ​၍ ကောင်းကင်တမန်​များ​သည် ကိုယ်တော်​ကို​ပြုစု​ကြ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

တော​ကန္တာ​ရ​တွင်​စာ​တန်​သည်​ကိုယ်​တော်​အား အ​ရက် လေး​ဆယ်​ပတ်​လုံး​စုံ​စမ်း​သွေး​ဆောင်​လေ​သည်။ ထို အ​ရပ်​တွင်​တော​တိ​ရစ္ဆာန်​များ​လည်း​ရှိ​၏။ သို့​ရာ တွင်​ကောင်း​ကင်​တ​မန်​တို့​သည်​လာ​၍ ကိုယ်​တော် ကို​လုပ်​ကျွေး​ကြ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

စာ တန့် စုံ စမ်း ခြင်း ကို ခံ၍ ရက် ပေါင်း လေး ဆယ် အ တွင်း တော တိ ရ စ္ဆာန် တို့ နှင့် အ တူ ရှိ နေ တော် မူ ရာ စေ တ မန် တော် တို့ လုပ် ကျွေး သ မှု ပြု ကြ၏။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ရက်​လေး​ဆယ်​ပတ်​လုံး ထို​တော၌​နေ၍ စာ​တန်၏ စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို ခံ​တော်​မူ၏။ သား​ရဲ​တို့​နှင့်​အ​တူ ရှိ​တော်​မူ၏။ ကောင်း​ကင်​တ​မန်​တို့​သည်​လည်း လုပ်​ကျွေး​ကြ၏။

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထို​တောကန္တာရ​တွင် ရက်ပေါင်း​လေးဆယ်​နေ​၍ မာရ်နတ်​၏ ဖြားယောင်း​သွေးဆောင်ခြင်း​ကို ခံတော်မူ၏။ ယေရှု​သည် သားရဲ​တိရစ္ဆာန်များ​နှင့်အတူ ရှိတော်မူ​၍ ကောင်းကင်တမန်များ​ကလည်း ယေရှု​ကို လုပ်ကျွေးပြုစုကြ၏။

အခန်းကိုကြည့်ပါ။

မြန်မာ

အ​ရက်​လေး​ဆယ်​ပတ်​လုံး ထို​တော၌​နေ၍ စာ​တန်၏ စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို ခံ​တော်​မူ၏။ သား​ရဲ​တို့​နှင့်​အ​တူ ရှိ​တော်​မူ၏။ ကောင်း​ကင်​တ​မန်​တို့​သည်​လည်း လုပ်​ကျွေး​ကြ၏။

အခန်းကိုကြည့်ပါ။



ရှင်မာကု 1:13
13 ပူးပေါင်းရင်းမြစ်များ  

မောရှေ​သည် တိမ်တိုက်​ထဲသို့​ဝင်​၍ တောင်​ပေါ်သို့​တက်သွား​ပြီးလျှင် ထို​တောင်​ပေါ်၌ ရက်​ပေါင်း​လေးဆယ်​နေ​လေ​၏​။


မောရှေ​သည် အစာ​ကို​မ​စား​၊ ရေ​ကို​လည်း​မ​သောက်​ဘဲ ထို​အရပ်​၌ ထာဝရဘုရား​နှင့်အတူ နေ့​ပေါင်း​လေးဆယ်​၊ ည​ပေါင်း​လေးဆယ်​နေ​လျက် ကျောက်ပြား​များ​အပေါ်​၌ ပညတ်တော်​ဆယ်​ပါး​တည်းဟူသော ပဋိညာဉ်​ပါ​အချက်​များ​ကို ရေးသား​လေ​၏​။


ယခု​ပင် တစ်ဆယ့်နှစ်​တပ်​ထက်​များပြား​သော ကောင်းကင်တမန်​ကို ငါ့​ထံသို့​စေလွှတ်​တော်မူ​မည့်​အကြောင်း ခမည်းတော်​ထံသို့ ငါ​မ​တောင်း​နိုင်​ဟု သင်​ထင်​သလော။


ထို့နောက် ယေရှု​သည် မာရ်နတ်​၏​ဖြားယောင်း​သွေးဆောင်​ခြင်း​ကို​ခံ​ရန် ဝိညာဉ်​တော်​အားဖြင့် တော​ကန္တာရ​သို့​ပင့်ဆောင်​ခြင်း​ကို​ခံ​တော်မူ​၏။


ယေရှု​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် ဂျော်ဒန်​မြစ်​မှ ပြန်ကြွ​တော်မူ​၏။ ထို့နောက် ဝိညာဉ်​တော်​၏​ပင့်ဆောင်​ခြင်း​ကို​ခံ​တော်မူ​၍


အရက်​လေးဆယ်​ပြည့်​သောအခါ ထာဝရဘုရား​သည် ပဋိညာဉ်​ကျောက်ပြား​နှစ်​ချပ်​ကို ငါ့​အား ပေးအပ်​တော်မူ​ပြီး


ထာဝရဘုရား​အမျက်ထွက်​စေရန် မျက်မှောက်​တော်​၌ မကောင်းမှု​ကို​ပြု​ခြင်း​ဖြင့် သင်​တို့​ကျူးလွန်​သည့်​အပြစ်​ရှိသမျှ​တို့​ကြောင့် ငါ​သည် အစာ​မ​စား​၊ ရေ​လည်း​မ​သောက်​ဘဲ ယခင်​ကဲ့သို့ အရက်​လေးဆယ်​ပတ်လုံး ထာဝရဘုရား​ရှေ့မှောက်​၌​ပျပ်ဝပ်​လျက်​နေ​၏​။


ထာဝရဘုရား​သည် သင်​တို့​ကို​ဖျက်ဆီး​မည်​ဟု မိန့်​တော်မူ​သောကြောင့် ငါ​သည် ထာဝရဘုရား​ရှေ့​တော်​၌ အရက်​လေးဆယ်​ပတ်လုံး ပျပ်ဝပ်​လျက်​နေ​၏​။


ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​သည် အမှန်ပင်​ကြီးမြတ်​လှ​ပေ​၏။ ကိုယ်တော်​သည် သွေးသား​အားဖြင့်​ထင်ရှား​ပြီး ဝိညာဉ်​တော်​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​လျက် ကောင်းကင်​တမန်​တို့​၏​ရှုမြင်​ခြင်း၊ သတင်းတော်​ကို​လူမျိုးခြား​တို့​ကြား​၌ ဟောပြော​ခြင်း၊ ဤ​လောက​တွင် လက်ခံ​ယုံကြည်​ခြင်း​တို့​ကို​ခံရ​လျက် ဘုန်း​အသရေ​နှင့်တကွ အထက်သို့​ဆောင်ယူ​ခြင်း​ကို​ခံ​တော်မူ​၏။


အကြောင်းမူကား ငါ​တို့​၏​ယဇ်ပုရောဟိတ်​မင်း​သည် ငါ​တို့​၏​အားနည်း​ခြင်း​များ​ကို မ​ထောက်ထား​မ​ညှာတာ​နိုင်​သူ​မ​ဟုတ်။ ကိုယ်တော်​သည် ငါ​တို့​နည်းတူ စုံစမ်း​နှောင့်ယှက်​ခြင်း​အမျိုးမျိုး​ကို​ခံ​ခဲ့​ဖူး​သူ​ဖြစ်​တော်မူ​၏။ သို့သော် အပြစ်​နှင့်​ကင်းလွတ်​တော်မူ​၏။