ကိုယ်တော်သည် မိမိလူမျိုးတော်၏ဒုစရိုက်ကို ခွင့်လွှတ်၍ သူတို့၏အပြစ်ရှိသမျှတို့ကို ဖုံးအုပ်တော်မူပြီ။(စေလာ)
ရောမ 4:7 - မြန်မာ့စံမီသမ္မာကျမ်း “တရားမဲ့သောအမှုများကို ခွင့်လွှတ်ခြင်းခံရသောသူ၊ အပြစ်များကို ဖုံးအုပ်ခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ Common Language Bible ``အပြစ်ပြေလွတ်ခွင့်နှင့်အပြစ်ဒုစရိုက်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကိုရသောသူသည် မင်္ဂလာရှိ၏။ Garrad Bible ဒု စ ရိုက် ဖြေ လွှတ် ခြင်း၊ အ ပြစ် ဖုံး အုပ် ခြင်း ခံ ရ သူ တို့ သည် မင်္ဂ လာ ရှိ၏။ Judson Bible အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ ရောက်သောသူတို့သည် မင်္ဂလာရှိကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း “ဒုစရိုက်မှုမှ ခွင့်လွှတ်ခြင်းအခွင့်နှင့် အပြစ်များမှ လွတ်ငြိမ်းခွင့်ရသောသူတို့သည် မင်္ဂလာရှိကြ၏။ |
ကိုယ်တော်သည် မိမိလူမျိုးတော်၏ဒုစရိုက်ကို ခွင့်လွှတ်၍ သူတို့၏အပြစ်ရှိသမျှတို့ကို ဖုံးအုပ်တော်မူပြီ။(စေလာ)
ထိုအခါ လူတို့သည် အိပ်ရာပေါ်၌လဲလျောင်းနေသည့် လေဖြတ်သောသူတစ်ဦးကို အထံတော်သို့သယ်ဆောင်လာကြ၏။ ယေရှုသည် ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်လျှင် လေဖြတ်သောသူအား“ငါ့သား၊ မစိုးရိမ်နှင့်။ သင်၏အပြစ်များခွင့်လွှတ်ခြင်းခံရပြီ”ဟု မိန့်တော်မူ၏။
ထို့အတူ ဒါဝိဒ်သည်လည်း ဘုရားသခင်က အကျင့်ကိုမထောက်ဘဲ ဖြောင့်မတ်သည်ဟုသတ်မှတ်တော်မူသောသူ၏မင်္ဂလာကို ပြောဆိုရာတွင်