အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရော​မ 1:27 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထိုနည်းတူ ယောက်ျား​တို့​သည်​လည်း မိန်းမ​နှင့်​သဘာဝ​နှင့်​လျော်ညီ​သော​ဆက်ဆံ​မှု​ကို​စွန့်​၍ သူ​တို့​အချင်းချင်း​ရာဂ​မီး​တောက်လောင်​စေ​လျက် ရှက်ဖွယ်​ကောင်း​သော​အမှု​ကို ယောက်ျား​အချင်းချင်း​ပြု​ကြ​သဖြင့် သူ​တို့​၏​မှားယွင်း​ခြင်း​နှင့်​ထိုက်သင့်​သော​အပြစ်ဒဏ်​ကို သူ​တို့​ကိုယ်တိုင်​ခံရ​ကြ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​နည်း​တူ​စွာ​ယောကျာ်း​တို့​သည်​လည်း မိန်း​မ များ​နှင့်​ဋ္ဌမ္မ​တာ​ထုံး​စံ​အ​တိုင်း​ဆက်​ဆံ​မှု​ကို မ​ပြု​ဘဲ ယောကျာ်း​အ​ချင်း​ချင်း​ရာ​ဂ​မီး​တောက် လောင်​လျက်​ရှိ​ကြ​၏။ ယောကျာ်း​တို့​သည်​အ​ချင်း ချင်း​အား​ရှက်​ကြောက်​ဖွယ်​သော​အ​မှု​တို့​ကို​ပြု ကြ​သ​ဖြင့် မိ​မိ​တို့​ဆိုး​ညစ်​သော​အ​ကျင့် အ​တွက်​ထိုက်​သင့်​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ ကြ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ယောက်ျား ဖြစ် သူ တို့ သည် ဓ မ္ဓ တာ အ တိုင်း မိန်း မ နှင့် ဆက် ဆံ သော ထုံး စံ ကို စွန့် ပြီး လျှင် တစ် ယောက် ကို တစ် ယောက် ရာ ဂ မီး တောက် လျက် အ ဗြ ဟ္မ မှု ကို ယောက်ျား ချင်း ပြု သ ဖြင့် မိုက် မှား သည် နှင့် အ မျှ အ ကျိုး ဆက် ကို ကိုယ် တိုင် ခံ ရ ကြ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​အ​တူ၊ ယောက်ျား​တို့​သည်​လည်း မိန်း​မ​နှင့် ဆက်​ဆံ​ခြင်း ပ​က​တိ​ထုံး​စံ​ကို​စွန့်၍ အ​ချင်း​ချင်း ကိ​လေ​သာ​စိတ်​ပူ​လောင်​သ​ဖြင့်၊ ရှက်​ကြောက်​ဖွယ်​သော​အ​မှု​ကို ယောက်ျား​ချင်း​ပြု​လျက်၊ မိ​မိ​တို့ မှား​ယွင်း​ခြင်း​နှင့်​အ​လျောက် မိ​မိ​တို့​အ​ပြစ်​ဒဏ်​ကို ခံ​ရ​ကြ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထို​နည်းတူ အမျိုးသားများ​သည်လည်း အမျိုးသမီးများ​နှင့် ဆက်ဆံခြင်း​သဘာဝ​ကို စွန့်​၍ မိမိတို့​အချင်းချင်း​အကြား​တွင် တဏှာမီး​တောက်လောင်ကြ၏။ ယောက်ျား​ချင်း ရှက်ရွံ့ဖွယ်ရာများ​ကို ပြု​သဖြင့် မိမိတို့​ကျူးလွန်သည့်​အလျောက် အပြစ်ဒဏ်​ကို ခံရကြ၏။

အခန်းကိုကြည့်ပါ။



ရော​မ 1:27
5 ပူးပေါင်းရင်းမြစ်များ  

မိန်းမ​နှင့် သင်​အိပ်​သကဲ့သို့ ယောက်ျား​နှင့် မ​အိပ်​ရ​။ ထို​အမှု​သည် စက်ဆုပ်ရွံရှာဖွယ်​အမှု​ဖြစ်​၏​။


တစ်စုံတစ်ယောက်​သည် မိန်းမ​နှင့် အိပ်​သကဲ့သို့ ယောက်ျားချင်း​နှင့်​အိပ်​လျှင် သူ​တို့​နှစ်ဦးစလုံး​သည် စက်ဆုပ်ရွံရှာဖွယ်​အမှု​ကို​ပြု​ကြ​သောကြောင့် မုချ​အသတ်​ခံရ​မည်​။ သူ​တို့​၏​သွေး​သည် သူ​တို့​အပေါ်​၌ ကျရောက်​မည်​။


သို့မဟုတ် မ​ဖြောင့်မတ်​သော​သူ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​ရ​မည်​မ​ဟုတ်​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။ အယူ​မ​လွဲ​ကြ​နှင့်။ တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ ရုပ်တု​ကိုးကွယ်​သူ​များ၊ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကျူးလွန်​သူ​များ၊ အမျိုးသား​ပြည့်တန်ဆာ​များ၊ လိင်တူ​ဆက်ဆံ​သူ​များ၊


ထိုကဲ့သို့ပင် သောဒုံ​မြို့၊ ဂေါမောရ​မြို့​နှင့် ၎င်း​တို့​၏​ပတ်ဝန်းကျင်​မြို့​များ​သည်​လည်း ထို​သူ​တို့​နည်းတူ တရားနှင့်မညီ​မေထုန်ပြု​ခြင်း​၌​ကျင်လည်​၍ သဘာဝ​နှင့်​ဆန့်ကျင်​သော သွေးသား​တပ်မက်​ခြင်း​အလို​သို့​လိုက်​ကြ​သဖြင့် ထာဝရ​မီး​နှင့်ဆိုင်သော အပြစ်ဒဏ်​ကို​ခံရ​လျက် သင်ခန်းစာ​ယူ​စရာ​ဖြစ်လာ​ကြ​၏။