ယောသပ်သည် မိမိစားပွဲမှအစားအစာများကို ညီအစ်ကိုတို့ထံသို့ပေးလိုက်၏။ ဗင်္ယာမိန်ရသောအစားအစာသည် အစ်ကိုအသီးသီးတို့ထက် ငါးဆများ၏။ သူတို့သည် ယောသပ်နှင့်အတူ စားသောက်ပျော်ပါးကြ၏။
ရုသ 3:7 - မြန်မာ့စံမီသမ္မာကျမ်း ဗောဇသည် စားသောက်ပြီးလျှင် စိတ်အလိုပြည့်စုံသွားပြီဖြစ်၍ ကောက်လှိုင်းပုံအစွန်တွင် သွားအိပ်လေ၏။ ရုသလည်း ဗောဇအနီးသို့ တိတ်တဆိတ်ချဉ်းကပ်လာ၍ သူ၏ခြေ၌ဖုံးထားသောအဝတ်ကိုလှစ်၍ လှဲအိပ်လေ၏။ Common Language Bible ဗောဇသည်စားသောက်၍ပြီးသောအခါစိတ် ရွှင်ပြလျက် စပါးပုံရှိရာသို့သွား၍အိပ် လေသည်။ ရုသသည်သူ၏ထံသို့တိတ်တ ဆိတ်ချဉ်းကပ်၍ စောင်ကိုမပြီးလျှင်သူ၏ ခြေရင်းတွင်လဲလျောင်းလိုက်၏။- Garrad Bible ဗော ဇ သည် စား သောက် သ ဖြင့် စိတ် ရွှင် လန်း လျက် စ ပါး ပုံ ခြေ ရင်း တွင် သွား ရောက် အိပ် နေ ရာ၊ တိတ် တ ဆိတ် ရု သ ချဉ်း ကပ် ပြီး သော် ခြေ ရင်း မှ စောင် ကို ဖွင့်၍ ဝင် အိပ် လေ ၏။ Judson Bible ဗောဇသည်စားသောက်၍ ရွှင်လန်းလျက်၊ စပါးပုံအနားသို့သွား၍ အိပ်သောအခါ၊ ရုသသည် တိတ်ဆိတ်စွာချဉ်းကပ်၍ သူ့ခြေ၌ဖုံးသောအဝတ်ကို ဖွင့်ပြီးလျှင် အိပ်လေ၏။ |
ယောသပ်သည် မိမိစားပွဲမှအစားအစာများကို ညီအစ်ကိုတို့ထံသို့ပေးလိုက်၏။ ဗင်္ယာမိန်ရသောအစားအစာသည် အစ်ကိုအသီးသီးတို့ထက် ငါးဆများ၏။ သူတို့သည် ယောသပ်နှင့်အတူ စားသောက်ပျော်ပါးကြ၏။
ထိုအခါ အဗရှလုံက သူ့ငယ်သားတို့အား “သင်တို့ စောင့်ကြည့်ပါ။ စပျစ်ဝိုင်ကြောင့် အာမနုန် စိတ်မြူးလာသောအခါ ငါက ‘အာမနုန်ကို သတ်လိုက်ပါ’ဟု ဆိုလျှင် သူ့ကိုသတ်လိုက်ပါ။ ငါအမိန့်ပေးသည်မဟုတ်လော။ သင်တို့မကြောက်ကြနှင့်။ အားယူပြီး သတ္တိရှိကြပါ”ဟု မှာထား၏။
ထိုအခါ မိဖုရားယေဇဗေလက “မင်းကြီးသည် ယခု အစ္စရေးဘုရင်ဖြစ်သည်မဟုတ်လော။ ထ၍ အစာကိုစားတော်မူပါ။ စိတ်ကိုရွှင်လန်းအောင် ထားပါ။ ယေဇရေလမြို့သားနာဗုတ်၏စပျစ်ခြံကို မင်းကြီးအား အကျွန်ုပ်ကိုယ်တိုင် ဆက်သပါမည်”ဟု လျှောက်ဆိုလေ၏။
ခုနစ်ရက်မြောက်သောနေ့တွင် အာရွှေရုမင်းကြီးသည် စပျစ်ဝိုင်အရှိန်ကြောင့် စိတ်မြူးလာပြီး မိမိရှေ့တော်၌ခစားသော မိန်းမစိုးခုနစ်ဦးဖြစ်ကြသည့် မဟုမန်၊ ဗိဇသ၊ ဟာဗောန၊ ဗိဂသ၊ အဗာဂသ၊ ဇေသာနှင့် ကာကက် တို့ကိုခေါ်၍
လူ၏စိတ်နှလုံးကိုဝမ်းမြောက်စေသော စပျစ်ဝိုင်ကိုလည်းကောင်း၊ မျက်နှာကိုဝင်းပြောင်စေသောဆီကိုလည်းကောင်း၊ လူ၏စိတ်နှလုံးကိုလန်းဆန်းစေသော အစားအစာကိုလည်းကောင်း ဖြစ်ပေါ်စေတော်မူ၏။
ပျော်ရွှင်ရန် စားသောက်ပွဲကိုကျင်းပတတ်ကြ၏။ စပျစ်ဝိုင်သည် အသက်တာကိုဝမ်းမြောက်စေတတ်၏။ ငွေသည် ခပ်သိမ်းသောအမှုကိုဖြေရှင်းပေးတတ်၏။
လူသည် စားလျက်၊ သောက်လျက်၊ မိမိ၏ကြိုးပမ်းအားထုတ်မှုအပေါ် စိတ်ကျေနပ်အားရလျက်နေခြင်းမှတစ်ပါး သူ့အတွက်အခြားကောင်းသောအရာမရှိ။ ထိုအရာသည်လည်း ဘုရားသခင်၏လက်တော်မှလာသည်ကို ငါတွေ့မြင်၏။
သို့ဖြစ်၍ ပျော်ရွှင်မှုကိုငါထောမနာပြု၏။ အဘယ်ကြောင့်ဆိုသော် နေအောက်တွင် စားလျက်၊ သောက်လျက်၊ ဝမ်းမြောက်လျက်နေခြင်းထက် လူ့အတွက်ကောင်းသည့်အရာမရှိ။ ဤသည်ကား နေအောက်တွင် လူကိုဘုရားသခင်ပေးတော်မူသော အသက်တာ၏နေ့ရက်ကာလများ၌ လူ၏ကြိုးပမ်းအားထုတ်မှုထဲတွင် သူနှင့်အတူလိုက်ပါလာသောအရာဖြစ်၏။
သွားလော့။ သင်၏အစားအစာကို ဝမ်းမြောက်စွာစားလော့။ သင်၏စပျစ်ဝိုင်ကိုလည်း ကြည်ရွှင်သောစိတ်နှလုံးဖြင့် သောက်လော့။ အကြောင်းမူကား ဘုရားသခင်သည် သင်ပြုလုပ်သောအမှုများကို နှစ်သက်တော်မူပြီ။
ထို့ကြောင့် သင်တို့သည် စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ၊ မည်သည့်အမှုကိုပြုသည်ဖြစ်စေ ခပ်သိမ်းသောအမှုတို့ကို ဘုရားသခင်၏ဘုန်းတော်အတွက် ပြုကြလော့။
အပျော်ကြူးခြင်းကိုဖြစ်စေသည့် စပျစ်ဝိုင်ယစ်မူးခြင်းမရှိဘဲ ဝိညာဉ်တော်နှင့်ပြည့်ဝကြလော့။
သူတို့သည် ပျော်မြူးကြလျက် “ရှံဆုန်ကို ခေါ်ထုတ်၍ ငါတို့အား ဖျော်ဖြေပြစေပါ”ဟု ဆိုကြ၏။ ဤသို့ဖြင့် သူတို့သည် ရှံဆုန်ကို အကျဉ်းထောင်မှခေါ်ထုတ်လာ၍ တိုင်များကြားတွင်ထားကာ သူတို့ကို ဖျော်ဖြေပြစေ၏။
ထိုသို့ ကောင်းမွန်စွာစားသောက်နေကြစဉ် ဆိုးညစ်သောမြို့သားတို့သည် အိမ်ကိုဝိုင်းထား၍ တံခါးထုရိုက်လျက် “သင့်အိမ်သို့ရောက်လာသောယောက်ျားနှင့် ဆက်ဆံလို၍ သူ့ကိုထုတ်ပေးပါ”ဟု အိမ်ရှင်အဖိုးအိုအား ဆို၏။
သူတို့နှစ်ယောက်သည် ထိုင်၍ အတူတကွစားသောက်ကြ၏။ ထို့နောက် မယားငယ်၏ဖခင်က “တစ်ညလောက်တော့အိပ်ပါဦး။ စိတ်အပန်းဖြေပါဦး”ဟု ဆိုပြန်၏။
တစ်ဖန် ထိုသူသည် မိမိမယားငယ်နှင့်တကွ ငယ်သားပါလျက် ပြန်သွားမည်ပြုသောအခါ ယောက္ခမက “ယခု ညနေစောင်းပြီ၊ မိုးချုပ်တော့မည်။ ယခုညလည်း အိပ်ပါဦး။ အေးအေးဆေးဆေးနားပါဦး။ မနက်ရောက်မှ စောစောထ၍ သင့်အိမ်သို့ ပြန်ပါ”ဟု ဆို၏။
ညသန်းခေါင်အချိန်တွင် ဗောဇသည် နိုး၍လှည့်ကြည့်လိုက်ရာ ခြေရင်း၌ အမျိုးသမီးတစ်ယောက် အိပ်နေသည်ကို တွေ့သဖြင့် ထိတ်လန့်သွား၏။