ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ယေရမိထံသို့ ရောက်လာ၍
ထိုအခါဣသရေလအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားကငါ့အား``ငါ့ ထံသို့စေလွှတ်လျှောက်ထားစေသူယုဒ ဘုရင်အား၊-
ထို အ ခါ ပ ရော ဖက် ယေ ရ မိ သို့ ရောက် လာ သော၊ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကား၊
ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ယေရမိသို့ရောက်၍၊
ကြည့်ရှုတော်မူပါ။ မြို့ကိုသိမ်းယူရန် မြေကတုတ်ကို တည်ဆောက်ကြပြီ။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ကြောင့် ဤမြို့သည် တိုက်ခိုက်လာသောခါလဒဲတပ်၏လက်သို့ ရောက်ရလိမ့်မည်။ ကြည့်ရှုတော်မူပါ။ မိန့်တော်မူသည့်အတိုင်း ဖြစ်လာသည်ကို ကိုယ်တော်မြင်တော်မူပါ၏။
ထိုသို့ ထောင်ထဲ၌ချုပ်နှောင်ထားခြင်းခံရသောယေရမိကို ယုဒဘုရင်ဇေဒကိမင်းကြီးက “သင်သည် အဘယ်ကြောင့် ထာဝရဘုရားက ‘ဤမြို့ကို ဘေဘီလုံဘုရင်၏လက်ထဲသို့ ငါအပ်မည်။ သူသည် ထိုမြို့ကို သိမ်းယူလိမ့်မည်။
ထိုအချိန်တွင်ပင် ဖာရောမင်းကြီး၏စစ်တပ်ကြီး အီဂျစ်ပြည်မှချီတက်လာကြောင်း ဂျေရုဆလင်မြို့ကို ဝိုင်းထားလျက်ရှိသော ခါလဒဲစစ်သည်တို့ သတင်းကြားသောအခါ ဂျေရုဆလင်မြို့မှ တပ်ဆုတ်သွားကြ၏။
“အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ငါ့ကိုမေးလျှောက်ရန် သင့်ကိုစေလွှတ်လိုက်သော ယုဒဘုရင်အား ပြန်ပြောလော့။ သင့်ကိုစစ်ကူလာသော ဖာရောမင်းကြီး၏စစ်တပ်သည် မိမိနေရင်းအီဂျစ်ပြည်သို့ လှည့်ပြန်သွားလိမ့်မည်။