ဘေဘီလုံဘုရင်သည် အီဂျစ်မြစ်မှယူဖရေးတီးမြစ်တိုင်အောင် အီဂျစ်ဘုရင်ပိုင်နက်အားလုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်သောကြောင့် အီဂျစ်ဘုရင်သည် မိမိပြည်မှ စစ်ချီထွက်၍မရတော့ချေ။
ယေရမိ 37:5 - မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်တွင်ပင် ဖာရောမင်းကြီး၏စစ်တပ်ကြီး အီဂျစ်ပြည်မှချီတက်လာကြောင်း ဂျေရုဆလင်မြို့ကို ဝိုင်းထားလျက်ရှိသော ခါလဒဲစစ်သည်တို့ သတင်းကြားသောအခါ ဂျေရုဆလင်မြို့မှ တပ်ဆုတ်သွားကြ၏။ Common Language Bible ဤအတောအတွင်း၌ဖာရောဘုရင်၏တပ် မတော်သည်အီဂျစ်ပြည်မှချီတက်၍လာ၏။ ယင်းသို့ချီတက်လာကြောင်းကိုကြားသိ ကြသောအခါ ယေရုရှလင်မြို့ကိုတိုက်ခိုက် လျက်နေသည့်ဗာဗုလုန်အမျိုးသားတို့သည် ဆုတ်ခွာသွားကြလေသည်။ Judson Bible ယေရုရှလင်မြို့ကိုဝိုင်းသော ခါလဒဲလူတို့သည်၊ အဲဂုတ္တုပြည်မှ ဖာရောဘုရင်၏ ဗိုလ်ခြေများစစ်ချီ၍ လာကြောင်းကိုကြားလျှင်၊ ထိုမြို့မှ ထွက်သွားကြပြီ။ |
ဘေဘီလုံဘုရင်သည် အီဂျစ်မြစ်မှယူဖရေးတီးမြစ်တိုင်အောင် အီဂျစ်ဘုရင်ပိုင်နက်အားလုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်သောကြောင့် အီဂျစ်ဘုရင်သည် မိမိပြည်မှ စစ်ချီထွက်၍မရတော့ချေ။
ယုဒဘုရင်ဇေဒကိမင်းကြီးနှင့် သူ၏မှူးမတ်များအား သူတို့အသက်ကိုရန်ရှာသော သူတို့၏ရန်သူဖြစ်သည့် ဆုတ်ခွာသွားသောဘေဘီလုံဘုရင်၏စစ်သည်တို့လက်သို့ ငါအပ်လိုက်မည်။
ခါလဒဲတပ်သည် ဖာရောမင်းကြီး၏စစ်တပ်ကြီးကို ကြောက်သဖြင့် ဂျေရုဆလင်မြို့မှ တပ်ဆုတ်သွား၏။
“အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ငါ့ကိုမေးလျှောက်ရန် သင့်ကိုစေလွှတ်လိုက်သော ယုဒဘုရင်အား ပြန်ပြောလော့။ သင့်ကိုစစ်ကူလာသော ဖာရောမင်းကြီး၏စစ်တပ်သည် မိမိနေရင်းအီဂျစ်ပြည်သို့ လှည့်ပြန်သွားလိမ့်မည်။
ထိုအခါ ယုဒဘုရင်သည် ဘေဘီလုံဘုရင်ကို ပုန်ကန်ရန် အီဂျစ်ပြည်သို့ တမန်ကိုစေလွှတ်၍ မြင်းနှင့်စစ်သည်အမြောက်အမြားကို စစ်ကူတောင်း၏။ သူ့အကြံ အထမြောက်မည်လော။ ဤသို့ပြုခြင်းဖြင့် သူသည် ဘေးလွတ်မည်လော။ ပဋိညာဉ်ကို ချိုးဖောက်ပြီးမှ သူသည် ဘေးလွတ်မည်လော’ဟု ဆင့်ဆိုလော့။
ဘေဘီလုံဘုရင်သည် လူအမြောက်အမြားကိုသတ်ဖြတ်ရန် မြေကတုတ်များ၊ ရဲတိုက်များကို တည်ဆောက်ထားသောအခါ ဖာရောမင်းကြီးသည် စစ်အင်အား၊ လူအင်အား အမြောက်အမြားဖြင့် သူ့ကိုစစ်ကူတိုက်မည်မဟုတ်။