လူမျိုးတကာတို့သည်ကြား၍ ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။ ဖိလိတ္တိပြည်သားတို့သည် ဝေဒနာကိုမချိမဆံ့ ခံစားရလိမ့်မည်။
ယေဇကျေလ 27:28 - မြန်မာ့စံမီသမ္မာကျမ်း မာလိန်မှူးတို့အော်ဟစ်သံကြောင့် သင်ကျင်လည်ကျက်စားခဲ့သောနယ်မြေများ တုန်လှုပ်လေပြီ။ Common Language Bible ရေနစ်သေဆုံးကြသည့်သင်္ဘောသားတို့ ဟစ်အော်သံသည်ကမ်းခြေတွင်ပဲ့တင်ထပ် ၍သွား၏။ Garrad Bible ပဲ့ နင်း တို့ အော် ဟစ် သံ ကြောင့်၊ Judson Bible သင်၏လမ်းပြမာလိန်တို့အော်ဟစ်သံကြောင့်၊ ပတ်ဝန်းကျင်အရပ်တို့သည် လှုပ်ရှားကြလိမ့်မည်။ |
လူမျိုးတကာတို့သည်ကြား၍ ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။ ဖိလိတ္တိပြည်သားတို့သည် ဝေဒနာကိုမချိမဆံ့ ခံစားရလိမ့်မည်။
“ဘေဘီလုံမြို့ သိမ်းပိုက်ခံရပြီ”ဟူသောအော်ဟစ်သံကြောင့် မြေကြီးတုန်ခါသွားလိမ့်မည်။ သူတို့အော်ဟစ်သောအသံကို လူမျိုးတကာတို့ ကြားရလိမ့်မည်။
များပြားလှသောမြင်းများကြောင့် ဖုန်များတထောင်းထောင်းထ၍ သင့်ကိုဖုံးလွှမ်းလိမ့်မည်။ မြို့တံခါးမှတစ်ဆင့် ပြိုပျက်သွားသောမြို့ထဲသို့ပြေးဝင်လာသော မြင်းစီးသူရဲများ၊ စစ်ရထားများ၏ဘီးသံများကြောင့် မြို့ရိုးများပင် တုန်ခါသွားရလိမ့်မည်။
သင်ကျိုးပဲ့သွားသောနေ့တွင်ပင် သင်၏စည်းစိမ်များ၊ ကုန်စည်စလယ်များ၊ သင်္ဘောသားများ၊ မာလိန်မှူးများ၊ အပျက်အစီးပြုပြင်ဖာထေးပေးသူများ၊ ဖောက်သည်များ၊ စစ်သူရဲများနှင့်တကွ သင်၌ရှိသောလူအပေါင်းတို့သည် သမုဒ္ဒရာအောက်သို့ နစ်မြုပ်သွားကြလေပြီ။
ကမ်းရိုးတန်းသားအပေါင်းတို့သည် သင့်ကိုအံ့အားသင့်လျက် သူတို့၏ဘုရင်တို့သည်လည်း ကြောက်လန့်အားကြီး၍ မျက်နှာဖြူဖပ်ဖြူရော်ဖြစ်လေပြီ။
တွင်းထဲကျသွားသူတို့နှင့်အတူ သူ့ကိုမရဏာနိုင်ငံထဲသို့ ကျသွားစေသောအခါ သူကျသွားသောအသံကြောင့် လူမျိုးတကာတို့လည်း တုန်လှုပ်ကြ၏။ ထိုအခါ ဧဒင်ဥယျာဉ်မှ အပင်များ၊ လက်ဘနွန်တောင်မှ အကောင်းတကာ့အကောင်းဆုံးအပင်များ၊ ရေဝသောအပင်များလည်း မြေကြီးအောက်အရပ်၌ စိတ်သက်သာရာရလိမ့်မည်။
ထိုမြေထဲမှ အလျားအတောင်ငါးရာ၊ အနံအတောင်ငါးရာ စတုရန်းပုံမြေကွက်သည် သန့်ရှင်းရာဌာနအဖို့ ဖြစ်ရမည်။ ထိုမြေကွက်၏ပတ်ပတ်လည်တွင် အတောင်ငါးဆယ်မြေကွက်လပ် ထားရှိရမည်။
သူ့စစ်သူရဲတို့၏ဒိုင်းလွှားများကို အနီရောင်ချယ်ထားကြ၏။ စစ်သည်တို့သည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားကြ၏။ စစ်ခင်းကျင်းသောနေ့၌ စစ်ရထားတို့သည် သတ္တုရောင်တောက်ပြောင်လျက်၊ လက်နက်များကိုလည်း ဝှေ့ယမ်းလျက်ရှိ၏။
အကြောင်းမူကား ဤမျှလောက်များပြားသောစည်းစိမ်သည် တိုတောင်းသောအချိန်တစ်ခုအတွင်း လုံးလုံးဖျက်ဆီးခြင်းခံရပါသည်တကား’ဟု ဆိုကြလိမ့်မည်။ ရေယာဉ်မှူးအားလုံး၊ အရပ်ရပ်သို့ရွက်လွှင့်တတ်သောသူအပေါင်းတို့နှင့် သင်္ဘောသားများ၊ ပင်လယ်ထဲ၌အလုပ်လုပ်နေသူရှိသမျှတို့သည်လည်း အဝေးမှရပ်လျက်