ထာဝရဘုရား၏လက်တော်မှ အမျက်တော်ဖလားကိုသောက်သော အသင်ဂျေရုဆလင်မြို့၊ နိုးလော့။ နိုးလော့။ ထလော့။ ဒယီးဒယိုင်ဖြစ်စေသောဖလားထဲမှအနည်အဖတ်ကို သင်အကုန်အစင်သောက်ပြီ။
ယေဇကျေလ 23:33 - မြန်မာ့စံမီသမ္မာကျမ်း ‘သင့်အစ်မရှမာရိသောက်သော ထိတ်လန့်စရာခွက်၊ အထီးကျန်စေသောခွက်ကို သင်သည် သောက်ပြီး မူးယစ်ကြေကွဲရလိမ့်မည်။ Common Language Bible ယင်းသည်သင့်အားစိတ်ဆင်းရဲအောင်ပြု၍ မူးယစ်စေလိမ့်မည်။ ကြောက်လန့်မှုနှင့်ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေတတ်သည့်ဖလား၊ သင့်အစ်မရှမာရိ၏ဖလားဖြစ်သည်။ Garrad Bible အစ် မ ရှ မာ ရိ ဖ လား တည်း ဟူ သော အံ့ အား သင့် ခြင်း၊ ဆိတ် ညံ ခြင်း ဖ လား မှ၊ ယစ် မူး ပူ ဆွေး ခြင်း ကို အ ပြည့် သောက် လျက်၊ Judson Bible သင့်အစ်မရှမာရိ သောက်သောခွက်၊ မှိုင်တွေစေသောခွက်ကို သောက်၍၊ ယစ်မူးခြင်း၊ ညှိုးငယ်ခြင်းနှင့် ဝရလိမ့်မည်။ |
ထာဝရဘုရား၏လက်တော်မှ အမျက်တော်ဖလားကိုသောက်သော အသင်ဂျေရုဆလင်မြို့၊ နိုးလော့။ နိုးလော့။ ထလော့။ ဒယီးဒယိုင်ဖြစ်စေသောဖလားထဲမှအနည်အဖတ်ကို သင်အကုန်အစင်သောက်ပြီ။
သင်၏အရှင်သခင်၊ မိမိလူမျိုးတော်ကိုကာကွယ်သော သင်၏ဘုရားသခင်ထာဝရဘုရားက “ကြည့်ရှုလော့။ ဒယီးဒယိုင်ဖြစ်စေသောဖလား၊ ငါ့အမျက်တော်ဖလားထဲမှ အနည်အဖတ်ကို သင့်လက်မှ ငါသိမ်းယူပြီ။ သင်သည် ထိုဖလားကို နောက်တစ်ဖန်မသောက်ရ။
ထို့နောက် ထိုသူတို့အား “အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့ထံ ငါစေလွှတ်သောဓားကြောင့် သောက်၍ မူးကြ၊ အန်ကြ၊ လဲကြ။ သင်တို့ ပြန်ထနိုင်မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု သင်ဆင့်ဆိုရမည်။
သင်သည် သင့်အစ်မလိုက်သောလမ်းအတိုင်း လိုက်သဖြင့် သူ၏ခွက်ဖလားကို သင့်လက်သို့ ငါအပ်မည်’ဟု မိန့်တော်မူ၏။
သင်သည် ဂုဏ်သရေအစား အရှက်ကွဲခြင်းနှင့် ကြုံရလိမ့်မည်။ ထာဝရဘုရား၏လက်ယာလက်တော်ရှိဖလားတော်သည် သင့်ထံသို့လှည့်လာပြီဖြစ်၍ ထိုဖလားတော်ကို သောက်ပြီး အရေဖျားမလှီးထားသောသင့်အရှက် ပေါ်လိမ့်မည်။ သင့်ဂုဏ်သရေသည် အရှက်ကွဲခြင်းနှင့် ဖုံးလွှမ်းသွားလိမ့်မည်။