ဟေဗြုန်မြို့ရှိ လယ်ယာများ၊ ရွာများကိုမူ ယေဖုန္နာ၏သားကာလက်အား ခွဲဝေပေး၏။
ယောရှု 21:6 - မြန်မာ့စံမီသမ္မာကျမ်း မဲချရာတွင် ဂေရရှုန်အမျိုးတို့သည် ဣသခါအမျိုးအနွယ်၏မျိုးနွယ်စု၊ အာရှာအမျိုးအနွယ်၊ နဿလိအမျိုးအနွယ်၊ ဗာရှန်ပြည်ရှိ မနာရှေအမျိုးအနွယ်တစ်ဝက်တို့ထံမှ မြို့တစ်ဆယ့်သုံးမြို့ကို ရရှိ၏။ Common Language Bible ဂေရရှုံသားချင်းစုတို့အတွက်မြို့တစ်ဆယ့် သုံးမြို့ကိုဣသခါနယ်မြေ၊ အာရှာနယ်မြေ၊ နဿလိနယ်မြေ၊ အရှေ့မနာရှေနယ်မြေထဲ မှသတ်မှတ်ပေးကြသည်။ Garrad Bible ဂေ ရ ရှုံ့ သား မြေး တို့ သည် ဣ သ ခါ၊ အာ ရှာ၊ နဿ လိ၊ ဗာ ရှန် ပြည် ရှိ မ နာ ရှေ့ အ နွယ် တစ် ဝက် နယ် များ တွင် မဲ ကျ သည့် အ တိုင်း ဆယ့် သုံး မြို့ ကို ရ ကြ ၏။ Judson Bible ဂေရရှုံသားတို့သည် စာရေးတံပြုသောအားဖြင့်၊ ဣသခါခရိုင်၊ အာရှာခရိုင်၊ နဿလိခရိုင်၊ ဗာရှန်ပြည်၌ မနာရှေခရိုင်ဝက်ထဲက၊ ဆယ်သုံးမြို့ကိုရကြ၏။ |
ဟေဗြုန်မြို့ရှိ လယ်ယာများ၊ ရွာများကိုမူ ယေဖုန္နာ၏သားကာလက်အား ခွဲဝေပေး၏။
ဂေရရှုံအမျိုး၏မျိုးနွယ်စုအလိုက် ဂေရရှုံသားမြေးတို့အဖို့ မဲချရာ ဣသခါအမျိုးအနွယ်၊ အာရှာအမျိုးအနွယ်၊ နဿလိအမျိုးအနွယ်၊ ဗာရှန်ပြည်ရှိမနာရှေအမျိုးအနွယ် တို့ထံမှ မြို့တစ်ဆယ့်သုံးမြို့ကို ရကြ၏။
မဲချရာတွင် ကျန်ကောဟတ်အမျိုးတို့သည် ဧဖရိမ်အမျိုးအနွယ်၏မျိုးနွယ်စု၊ ဒန်အမျိုးအနွယ်၊ မနာရှေအမျိုးအနွယ်တစ်ဝက်တို့ထံမှ မြို့ဆယ်မြို့ကို ရရှိ၏။
မေရာရိအမျိုးသည် မျိုးနွယ်စုအလိုက် ရုဗင်အမျိုးအနွယ်၊ ဂဒ်အမျိုးအနွယ်၊ ဇာဗုလုန်အမျိုးအနွယ်တို့ထံမှ မြို့တစ်ဆယ့်နှစ်မြို့ကို ရရှိ၏။