အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယော​ရှု 11:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထာဝရဘုရား​သည် ရန်သူ​တို့​ကို အစ္စရေး​စစ်သည်​တို့​လက်​သို့ အပ်​တော်မူ​သဖြင့် အစ္စရေး​စစ်သည်​တို့​သည် ဆီဒုန်​မြို့​ကြီး​၊ မိသရဖောသမိမ်​မြို့​၊ အရှေ့ဘက်​အရပ်​ရှိ မိဇပါ​ချိုင့်ဝှမ်း​တိုင်အောင် လိုက်လံ​တိုက်ခိုက်​လေ​၏​။ အသက်ရှင်​ကျန်ရစ်​သူ​တစ်ယောက်မျှ​မ​ရှိ​သည့်​တိုင်အောင် လုပ်ကြံ​လေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ရန်​သူ​များ​ကို​အ​နိုင်​ရ​စေ တော်​မူ​၏။ သူ​တို့​သည်​မြောက်​ဘက်​ဇိ​ဒုန် မြို့​နှင့်​မိ​သ​ရ​ဖော​သ​မိမ်​မြို့​များ​သို့ တိုင်​အောင်​လည်း​ကောင်း၊ အ​ရှေ့​ဘက်​မိ​ဇ​ပါ ချိုင့်​ဝှမ်း​သို့​တိုင်​အောင်​လည်း​ကောင်း ရန်​သူ များ​ကို​လိုက်​လံ​တိုက်​ခိုက်​၍​တစ်​ယောက် မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ကြ​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ဣ သ ရေ လ လက် တွင်း သို့ ထာ ဝ ရ ဘု ရား အပ် နှင်း တော် မူ သ ဖြင့် ဇိ ဒုန် မြို့ ကြီး သို့လည်း ကောင်း၊ မိ သ ရ ဖေါ သ မိမ် မြို့ သို့လည်း ကောင်း၊ အ ရှေ့ မျက် နှာ မိ ဇ ပါ ချိုင့် သို့လည်း ကောင်း၊ အ ဖြာ ဖြာ လိုက် လံ လျက် တစ် ယောက် မ ကျန်၊ လုပ် ကြံ ကြ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လက်၌ အပ်​တော်​မူ​သ​ဖြင့်၊ သူ​တို့​ကို​လုပ်​ကြံ၍ ဇိ​ဒုန်​ရ​ဗ္ဗာ​မြို့၊ မိ​သ​ရ​ဖော​သ​မိမ်​မြို့ အ​ရှေ့​မျက်​နှာ မိ​ဇ​ပါ​ချိုင့်​တိုင်​အောင်​လိုက်၍ တစ်​ယောက်​ကို​မျှ မ​ကျန်​ကြွင်း​စေ​ခြင်း​ငှာ လုပ်​ကြံ​ကြ၏။

အခန်းကိုကြည့်ပါ။



ယော​ရှု 11:8
13 ပူးပေါင်းရင်းမြစ်များ  

ခါနာန်​မှ မွေးဖွား​လာ​သူ​များ​မှာ သားဦး ဆီဒုန်​၊ ထို့နောက် ဟေသ​၊


ဇာဗုလုန်​သည် ပင်လယ်​ကမ်းခြေ​၌​နေထိုင်​၍ သူ​သည် သင်္ဘောဆိပ်​ဖြစ်​လိမ့်မည်​။ သူ​၏​နယ်​သည် ဆီဒုန်​မြို့​တိုင်အောင်​ရောက်​လိမ့်မည်​။


ထိုမှ ဂိလဒ်​ပြည်​၊ တက်တိမ်ဟော​ရှိ​ပြည်​တို့​သို့ သွား​ပြီး ဒန်ယန်​ပြည်​နှင့် ဆီဒုန်​ပြည်​ဘက်​သို့ ပတ်သွား​ကြ​၏​။


အို ဆီဒုန်​မြို့​၊ ရှက်ကြောက်​လော့​။ ပင်လယ်​က ပြော​လေ​ပြီ​။ ပင်လယ်​ခံတပ်​မြို့​က “​ငါ​သည် ဝမ်း​မ​နာ​ခဲ့​၊ သား​မ​ဖွား​ခဲ့​။ လူပျို အပျို​တို့​ကို​လည်း မ​ကျွေးမွေး​၊ မ​ပြုစု​ခဲ့​”​ဟု ဆို​လေ​ပြီ​။


ထို​မြို့​နှင့်​နယ်နိမိတ်​ထိစပ်​သော​ဟာမတ်​မြို့​အပေါ်​သို့​လည်း သက်ရောက်​၏​။ တိုင်ရာ​မြို့​နှင့် ဆီဒုန်​မြို့​တို့​သည် အလွန်​ဉာဏ်ပညာရှိ​သောကြောင့် ထို​မြို့​တို့​အပေါ်​သို့ သက်ရောက်​လေ​၏​။


သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​လူမျိုး​တို့​ကို သင်​တို့​လက်​သို့ အပ်​တော်မူ​သောအခါ သူ​တို့​ကို တိုက်ခိုက်​၍ အကုန်အစင်​ဖျက်ဆီး​ပစ်​ရ​မည်​။ သူ​တို့​နှင့် ပဋိညာဉ်​မ​ဖွဲ့​ရ​။ သူ​တို့​ကို မ​သနား​ရ​။


သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် လောင်ကျွမ်း​သော​မီး​ကဲ့သို့ သင်​၏​ရှေ့​မှ​ကူးသွား​မည်​ဖြစ်ကြောင်း ယနေ့ သင်​သိမြင်​ရ​မည်​။ ကိုယ်တော်​သည် ထို​သူ​တို့​ကို သုတ်သင်ပယ်ရှင်း​ပြီး သင့်​ရှေ့မှောက်​၌ ရှုံးနိမ့်​စေ​တော်မူ​မည်​ဖြစ်၍ သင့်​အား ထာဝရဘုရား မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း သင်​သည် သူ​တို့​ကို နှင်ထုတ်​၍ အလျင်အမြန်​ဖျက်ဆီး​နိုင်​လိမ့်မည်​။


ယောရှု​နှင့်​အစ္စရေး​အမျိုးသား​တို့​သည် ရန်သူ​အမြောက်အမြား​ကို တိုက်ခိုက်​သတ်ဖြတ်​ပြီး အပြီးတိုင်​ချေမှုန်း​ခဲ့​၏​။ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​သည် ခံတပ်​မြို့​သို့ ပြေးဝင်​ကြ​၏​။


အရှေ့​အနောက်​တစ်ခွင်​ရှိ ခါနာန်​လူမျိုး​များ​၊ တောင်ပေါ်ဒေသ​ရှိ အာမောရိ​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​၊ ဟေရမုန်​တောင်ခြေ မိဇပါ​ပြည်​ရှိ ဟိဝိ​လူမျိုး​များ စသည်​တို့​ထံသို့​လည်းကောင်း သတင်းပို့​လေ​၏​။


ထို့ကြောင့် ယောရှု​နှင့်​စစ်သူရဲ​အပေါင်း​တို့​သည် မေရုံ​အိုင်​သို့ ချီတက်​၍ ရန်သူ​တို့​ကို အလစ်​ဝင်တိုက်​လေ​၏​။


လက်ဘနွန်​ပြည်​မှစ၍ မိသရဖောသမိမ်​ပြည်​တိုင်အောင် တောင်ပေါ်ဒေသ​တွင်​နေထိုင်​သော​ဆီဒုန်​လူမျိုး​အပေါင်း​တို့​ကို အစ္စရေး​အမျိုးသား​တို့​ရှေ့​မှ ငါ​နှင်ထုတ်​မည်​။ ငါ​မိန့်မှာ​သည့်​အတိုင်း ဤ​ပြည်​ကို အစ္စရေး​လူမျိုး​တို့​အား အမွေမြေ​အဖြစ် သင်​ခွဲဝေ​ပေး​ရ​မည်​။


ဧဗြုန်​မြို့​၊ ရဟောဘ​မြို့​၊ ဟမ္မုန်​မြို့​၊ ကာန​မြို့​မှ ဆီဒုန်​မြို့​ကြီး​အထိ ဆက်သွား​၏​။


ထာဝရဘုရား​သည် သူ​တို့​၏​ဘိုးဘေး​တို့​အား ကျိန်ဆို​ခဲ့​သည့်​အတိုင်း သူ​တို့​နေလေရာရာ​၌ အေးအေးချမ်းချမ်း​နေထိုင်​ရ​သော​အခွင့်​ကို ပေး​တော်မူ​၏​။ သူ​တို့​ရှေ့​တွင် မည်သည့်​ရန်သူ​မျှ မ​ခံရပ်​နိုင်​။ ထာဝရဘုရား​သည် သူ​တို့​၏​ရန်သူ​ရှိသမျှ​ကို သူ​တို့​လက်​သို့​အပ်​တော်မူ​၏​။